မြန်မာအမျိုးသမီးတို့၏ဘဝအခြေအနေအကြောင်း ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအား နိုင်ငံတကာမှ သိရှိစေရန်အတွက် သံရုံးများမှ ဖြန့်ဝေသွားမည်

မြန်မာအမျိုးသမီးတို့၏ဘဝအခြေအနေအကြောင်း ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအား နိုင်ငံတကာမှ သိရှိစေရန်အတွက် သံရုံးများမှ ဖြန့်ဝေသွားမည်
April 27, 2017 Asian Fame

2:01 pm
မြန်မာအမျိုးသမီးတို့၏ဘဝအခြေအနေအကြောင်း ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအား နိုင်ငံတကာမှ သိရှိစေရန်အတွက် သံရုံးများမှ ဖြန့်ဝေသွားမည်

အိမ်စည်
ရန်ကုန်၊ ဧပြီ ၂၁

စက်ရုံများတွင် အလုပ်လုပ်ကြ သည့် မြန်မာအမျိုးသမီးတို့၏ဘဝအခြေအနေအကြောင်း ရိုက်ကူး ထားသည့် ရုပ်သံမှတ်တမ်းနှင့် စာ တမ်းအား နိုင်ငံတကာမှ သိရှိစေ ရန်အတွက်သံရုံးများတစ်ဆင့် ဖြန့် ဝေသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ သိရသည်။

အဆိုပါ ရုပ်သံမှတ်တမ်းသည် အထည်ချုပ်စက်ရုံများမှ အမျိုးသမီးအလုပ်သမားများ၏ အခြေအနေများ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများအကြောင်း ထင်ဟပ် ပြသထားသော မှတ်တမ်းရုပ်သံ နှင့်စာတမ်းကို မြန်မာအမျိုးသမီး သမဂ္ဂက ရိုက်ကူးမှတ်တမ်းပြုထား ခြင်းဖြစ်ပြီး အဆိုပါမှတ်တမ်းနှင့် စာတမ်းတို့အား နိုင်ငံတကာသံရုံး များမှတစ်ဆင့် ပြည်ပနိုင်ငံများ အထိရောက်အောင် ဖြန့်ဝေသွား မည်ဖြစ်ကြောင်း မြန်မာအမျိုး သမီးသမဂ္ဂမှ သတင်းနှင့် မှတ်တမ်းတင်ဌာနတာဝန်ခံ နော်ဟဲ လေ့ဖောက ပြောသည်။

ယင်း ရုပ်သံမှတ်တမ်းတွင် မင်္ဂလာဒုံ၊ လှိုင်သာသာနှင့် ရွှေ ပြည်သာစက်မှုဇုန်တို့တွင် အလုပ် လုပ်ကိုင်ကြသည့် အလုပ်သမားသုံး ဦး၏ ဘဝ အခြေအနေများကို သွားရောက် ရိုက်ကူးထားခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ စက်ရုံများ တွင် အလုပ်လုပ်ကြရသည့် အမျိုးသမီးတို့ ဘဝအခြေအနေမှန်ကို ချပြနိုင်ရန်နှင့် အမျိုးသမီးများ အ ခက်အခဲကို သိရှိစေရန်ရည်ရွယ်သည်ဟု ၎င်းကပြောသည်။

”ရည်ရွယ်ချက်တော့ စက်ရုံ မှာလုပ်နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ပြန်ပြီးတော့ ချပြပေးတာရယ်၊ အမျိုးသမီးတွေ ကနေ သူတို့ရဲ့အခက်အခဲတွေကိုပြောထွက်လာနိုင်ဖို့ရယ်ပါ။ ဒီ အခွေကိုတော့ နိုင်ငံတကာ သံရုံး တွေကိုဖြန့်မယ်။ ပြီးရင်အစိုးရရုံး တွေကိုဖြန့်မယ်။ အမျိုးသမီးအဖွဲ့အစည်းတွေကိုဖြန့်မယ်။ စက်ရုံ တွေကိုလည်းပို့ပေးပါမယ်။ ဝန်ကြီး ဌာနကိုလည်း ပို့ပေးပါမယ်” ဟု ¤င်းကပြောသည်။

အဆိုပါ ရုပ်သံမှတ်တမ်းနှင့် စာတမ်း ပြုစုနိုင်ရေးအတွက် မြန် မာအမျိုးသမီးသမဂ္ဂကို ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ် ပြီး သမဂ္ဂ၏ အဓိကရည်ရွယ်မှာ အမျိုးသမီးများအနေဖြင့် နိုင်ငံ ရေးတွင် ပိုမိုပူးပေါင်း ပါဝင်စေ နိုင်ရန်၊ ကျား မ ခွဲခြားဆက်ဆံမှု များ ပပျောက်ရန်နှင့် နိုင်ငံတကာ တွင် အသိအမှတ်ပြု ခံရသည့် အမျိုးသမီးအခွင့်အရေးများကို မြန်မာ့ လူ့အသိုင်းအဝိုင်းများတွင် လည်း စိမ့်ဝင် ကျင့်သုံးနိုင်ရန်တို့ ဖြစ်သည်ဟု နော်ဟဲလေ့ဖောက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*