ကြားဖြတ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ အားလုံးနိုင်အောင် စီမံနေဟု ဦးခင်ရီ ဆို

ကြားဖြတ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ အားလုံးနိုင်အောင် စီမံနေဟု ဦးခင်ရီ ဆို
November 2, 2016 Asian Fame

5:55 am
ကြားဖြတ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ အားလုံးနိုင်အောင် စီမံနေဟု ဦးခင်ရီ ဆို
In Politics

ကြားဖြတ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ အားလုံးနိုင်အောင် စီမံနေဟု ဦးခင်ရီ ဆို

u-khin-yee

Photo – Kyaw Kyaw

PNews
ရန်ကုန်၊ နိုဝင်ဘာ၁

ကြားဖြတ်ရွေးကောက်ပွဲ အ တွက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် လောင်းများကို ဗဟိုက တိုက်ရိုက် ရွေးချယ်ပေးမည့် စနစ်အစား ပြည် သူယုံကြည်ကိုးစားသူကို ဝင် ရောက်ယှဉ်ပြိုင်စေမည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး နေရာ အားလုံးတွင်  နိုင်အောင် စီမံနေ ကြောင်း ပါတီ ပြောရေးဆိုခွင့်ရ ဦးခင်ရီက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရက ဖွဲ့စည်းပေးထား သည့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အသစ်က လာမည့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ တွင် ပြုလုပ်ပေးမည်ဟု ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် ၄င်းက အ ထက်ပါအတိုင်း ပြောကြားလိုက် ခြင်းဖြစ်သည်။

အတိုက်အခံ ပါတီအနေဖြင့် ရပ်တည်နေသည့် ပြည်ခိုင်ဖြိုးပါ တီက လစ်လပ်မဲဆန္ဒနယ်နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်အပြင်  ရွေးကောက်ပွဲအနိုင် ရရှိရေးအတွက် လိုအပ်ချက်များ ကိုပါ ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားသည်။

ဦးခင်ရီက ” ဖြစ်ချင်တာက တော့ အကုန်နိုင်ချင်တာပေါ့ဗျာ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ရည်မှန်း ချက်ကိုက အနိုင်ရရေးဆိုတော့ ကျွန်တော်တို့ အကုန်နိုင်အောင် စီမံနေတယ်။ အမြင့်ဆုံး ရည်မှန်း ချက်ပေါ့။ အနိမ့်ဆုံးရည်မှန်းချက် ကတော့ နေရာအများစု အနိုင် ရရှိအောင် ဆောင်ရွက်နေပါ တယ်” ဟု ပြောသည်။

လက်ရှိတွင် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အစည်းအဝေးပွဲများ ကို နေရာအချို့တွင် ပြုလုပ်နေပြီး ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်   လောင်းနေရာအတွက် ဆန္ဒမဲ စနစ်ဖြင့်  ပဏာမ ၃ ဦးကို ရွေး ချယ်ပြီးပြီဟု သိရသည်။

ပါတီပြောခွင့်ရ ဦးခင်ရီက     ”ကျွန်တော်တို့ ပါတီကိုယ်စား လှယ်လောင်းတွေ ရွေးချယ်တဲ့ အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်တဲ့ သတ်မှတ်အရည်အ ချင်း၊ နောက်ပြီးတော့ ရွေး ကောက်ပွဲကော်မရှင်က ထုတ် ပြန်တဲ့ ကိုယ် စားလှယ်တွေနဲ့ ပတ်သက်တဲ့ အရည်အချင်း၊ ဒါ တွေအပြင် ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်လောင်းတွေ အ တွက် သီးခြား သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့်တော့ ကိုယ်တိုင် ဆန္ဒပြုရမယ်တို့၊ အကျင့်စာရိတ္တ ကောင်းရမယ်တို့၊ တိုင်းရင်းသား နယ်မြေမှာ ဝင်ပြိုင်တဲ့သူတွေဆို ရင် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစု ဒါမှမဟုတ် အဲဒီလူမျိုးစု က လက်ခံတဲ့သူ ဖြ စ်ရမယ်တို့။ ဒေသခံတွေက၊  မဲဆန္ဒနယ်မြေ မှာရှိတဲ့ လူတွေက သူ့ရဲ့ အကျင့် စာရိတ္တအပေါ်၊ သူ့ရဲ့ ပညာအ ရည်အချင်းအပေါ်၊ သူ့ရဲ့ ကျော ထောက်နောက်ခံရော ယုံကြည် လေးစားမယ်ပေါ့။ ဒီလိုအ ချက်တွေ ထပ်ဖြည့်ထားပါတယ်”ဟု ပြောသည်။

 ၂ဝ၁၅ ရွေးကောက်ပွဲအနိုင် ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကမူ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိုယ်စားလှယ်   လောင်းစာရင်းကို တစ်စုံတစ်ရာ ထုတ်ဖော် မပြောကြားသေးသော် လည်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အစရှိသည့်    တိုင်းရင်းသား ပါတီကြီးတို့နှင့် အခြားသော တိုင်းရင်းသားပါတီ အချို့က တိုင်းရင်းသားနယ်မြေ များထဲက လစ်လပ်မဲဆန္ဒနယ်တို့ တွင် ဝင်ပြိုင်ရန် ပြင်ဆင်နေမှုတို့ ပြုလုပ်နေသည်ဟ သတင်းရရှိ သည်။

ယခု ကျင်းပသွားမည့် ကြား ဖြတ် ရွေးကောက်ပွဲ၏ နေရာ ထက်ဝက်ကျော်သည် ရှမ်းပြည် နယ်ထဲတွင် ဖြစ်သည်။ ပြည်ခိုင် ဖြိုးပါတီ သည် ပြီးခဲ့သည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ကာလ က ရှမ်းပြည်နယ်တွင် ကိုယ်စား လှယ် ၃၂ ဦးဖြင့် အများဆုံးအနိုင် ရခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ နောက် တွင် ရှမ်းအမျိုးသားများဒီမိုက ရေစီအဖွဲ့ချုပ်က ၂၄ ဦး၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦးသာ အနိုင်ရခဲ့သည်။ ကြား ဖြတ်အတွက် တစ်နိုင်ငံလုံး အ တိုင်းအတာနှင့် လစ်လပ်မဲဆန္ဒ နယ် ၃၄ နေရာ ရှိသော်လည်း ပြည်ထောင်စု   ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့ လွှတ်တော် ၉ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာနှင့် ပြည်နယ် လွှတ်တော် ၇ နေရာ စုစုပေါင်း ၁၉ နေရာ တို့တွင်သာ ရွေးကောက်ပွဲ ပြု လုပ်မည်ဟု ကြေညာထားသည်။

ယင်းအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲပြုလုပ် မည့် မြို့နယ်များ၏ မဲဆန္ဒရှင် စာရင်းအား   ပြည့်စုံမှန်ကန်စေ ရေးအတွက် တစ်အိမ်တက်ဆင်း စနစ်ဖြင့် မဲစာရင်း ကောက်ယူ ခြင်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ   နိုဝင်ဘာ ၃ဝ ရက် နေ့အထိ ပြုလုပ်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မဲစာရင်းအား အ ခြေခံ၍ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်းနှင့် ပယ်ဖျက်ခြင်းများ   ဆောင်ရွက်သွားမည် ဖြစ်ကာ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို  သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂ဝ၁၇ ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကပ်ထား၍ ကြေညာ ပေးသွား မည်ဟု ဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*