ယုံကြည်မှုများ စားပွဲဝိုင်းမှာ ထားခဲ့ပြီလား

ယုံကြည်မှုများ စားပွဲဝိုင်းမှာ ထားခဲ့ပြီလား
November 23, 2016 Asian Fame

4:48 am
ယုံကြည်မှုများ စားပွဲဝိုင်းမှာ ထားခဲ့ပြီလား
In Cover News, Politics, Slider

15181530_10202410502460636_7861047411384640029_n-copy

Popular Choice   ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက် အများပြည် သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခု ကိုဖြစ်ေ စ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။

တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော် လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့် လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရ သောအချိန်နှ င့် ငွေကြေး အကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ယခု တစ်ပတ်Popular Choice  ကဏ္ဍအတွက် ရေးသားစ ရာ အကြောင်းအရာကား များစွာ ရှိနေသည်။ မြန်မာပြည်အနောက် တံခါး ရခိုင်ပြည်နယ်စစ်မီး၊ မြန် မာပြည်မြောက်ဖျား ကချင်ပြည် နယ်စစ်မီး၊ ရက်စက်လှသည့်သက် ငယ်မုဒိမ်းမှုများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း မြို့ပေါ်ဒေသများအ ထိလောင်ကျွမ်းလာသည့် ပြည်တွင်း စစ်မီးစသည့် မီးပေါင်းများစွာဖြင့် ဖြစ်ရပုံအစုံအလင်ကတော့ မင်္ဂလာ ပါဟုပင်   နှုတ်ခွန်းဆက်ချင်စရာ မရှိလောက်အောင်ပင် မင်္ဂလာရှား ပါးလွန်းလှနေသည်။

ထို့ကြောင့် အပူမီးပေါင်းများ စွာ တောက်လောင်လျက်ရှိသည့် မြန်မာပြည်အရေး မျှော်တွေးရင်း  များစွာ ရင်လေးလှစွာဖြင့် ပြည်   တွင်းစစ်မီး ချုပ်ငြိမ်းစေရန်အလို့ငှာ ရှမ်းပြည်နယ် မြောက်ပိုင်းဝယ် တောက်လောင်နေသည့် စစ်မီးနှင့် ပတ်သက်သည့် အကြောင်းအရာ များကိုသာ  အပြုသဘောဖြင့် ရွေး ချယ်ရေးသားလိုက်ရပါတော့သည်။
15134674_10202410503300657_6579013736334328151_n-copy

ဇာတ်လမ်းအစ

နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၂ နာရီလောက်က မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဂိတ်နှင့် ရဲကင်းကို  လက်နက်ကိုင် အဖွဲ့တစ်ခုက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ ပန်ဆိုင်း၊ ကြူ ကုတ်၊ မုံးကိုး  စသည့် နေရာများ တွင် စစ်မျက်နှာများ စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် တစ်ရက်တွင် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ လေးဖွဲ့ဖြစ်သည့် KIA (ကချင် လွတ်မြောက်ရေး တပ်မတော်)၊TNLA  (တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မ တော်/ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး)၊ AA (ရခိုင် တပ်မတော်)၊  MNDAA (ကိုးကန့် တပ်မတော်) တို့က ¤င်းတို့ ပြုလုပ် ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာ ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။ ကြေညာချက်တွင် မြန်မာ တပ်မတော်၏ ထိုးစစ်များအတွက် မြောက်ပိုင်းမဟာမိတ် ညီနောင် များ စစ်ဆင်ရေးကို စတင်လိုက်   ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆို ပါဒေသရှိ ဒေသခံ ပြည်သူများ အနေဖြင့် စစ်ဘေး ရှောင်ရှားကြ ရန် ဖော်ပြထားသည်။

တိုက်ပွဲ စတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၂ဝ ရက်နေ့ အပြီး နောက်တစ်ရက်တွင် မူဆယ်မြို့၏ လူစည်ကားရာ နေရာများအားလုံး တိတ်ဆိတ် ခြောက်ကပ်သွားသည်။ ယင်းအပြင် လုံခြုံဘေးကင်းသည် ဟု အများစုထင်မြင်သည့်  တရုတ် နိုင်ငံဘက်သို့ စစ်ဘေး ရှောင်ပြည် သူများ ထွက်ပြေးကြသည်။

တောမှ မြို့သို့

ယခင်က တောတွင်းမှာပင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ယခု မူ မြို့ပေါ်ထိ တက်လာခဲ့ခြင်း ဖြစ် သည်။ နိုဝင်ဘာ ၂၁ရက်နေ့ ညဦး ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက် ခြင်းကို အခွင့်ကောင်းယူကာ မူဆယ်မြို့ပေါ်ရှိ ရဲစခန်းကို လက် နက်ကြီးဖြင့် လာရောက်ပစ်ခတ် မှု ဖြစ်ပွားပြီး တိုက်ပွဲငယ် ဖြစ်ပွားခဲ့ သည်။ တိုက်ပွဲနှင့်ပတ်သက်၍   တိုင်းရင်သား လက်နက်ကိုင် တပ် ပေါင်းစုဘက်မှ အကျအဆုံး ထုတ် ပြန်ခြင်း မရှိသေးသော်လည်း အစိုးရဘက်မှ ထုတ်ပြန်သည့် စာရင်းအရမူ စတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၂ဝ ရက်နေ့ တစ်ရက် တည်းတွင် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၁ ဦး၊ အရပ်သား ၃ ဦး  သေဆုံး ကြောင်း သိရသည်။

ယင်းနောက် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြည် သူတစ်ဦး သေဆုံးကြောင်း ထပ်မံ ထုတ်ပြန်သည်။ နိုဝင်ဘာ၂၁ ရက် နေ့ထိ ဒုက္ခသည်   ပြည်သူ ၂၆ဝဝ ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းထက် အသေးစိတ် အခြေအ နေများကိုမူ မသိရှိရသေးပေ။

   အခင်းဖြစ်နေရာသို့ ရောက်ရှိ နေသူများ၏ ပြောကြားချက်အရ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မူ ဆယ်မြို့မဈေးမှ ဈေးရောင်းချသူ များအားလုံးသိမ်းဆည်း၍ အများ စုမှာတရုတ်ပြည်ဘက်သို့ စစ်ဘေး ရှောင်မှု ပြုလုပ်နေကြကြောင်း သိ ရသည်။ ဆက်လက်၍လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး  ‘မန် လွယ်’ ကားလမ်းမပေါ်၊ ရှုခင်းသာ အပေါ်ကြော (နမ့်ဖလွန်)၊ ရှုခင်း သာပတ်ဝန်းကျင်၊ ရထိုက်ကုမ္ပဏီ ပတ်ဝန်းကျင်၊ နမ့်ပေါ်တံတား ယူ ကလစ်တော၊ နမ့်အွမ်နှင့် မန် ဟောင်ကြား၊ မုံးကိုး စသည့်နေရာ များတွင် မြန်မာတပ်မတော်နှင့် မြောက် ပိုင်း မဟာမိတ်ညီနောင် လေးဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက် ရှိကြောင်းAA  ၏  သတင်းပြန် ကြားရေး ကော်မတီမှသိရသည်။ တိုက်ပွဲ ပိုမို ပြင်းထန်လာဖွယ် ရှိ ကြောင်းလည်း ဒေသခံများက နယ်မြေအခြေအနေအပေါ် သုံး သပ်နေကြသည်။

နောက်ခံကားချပ်

လက်ရှိ ပြင်းထန်လာသည့် တိုက်ပွဲများ ဖြစ်လာစေရန် အ ကြောင်းဖန်လာသည့် နောက်ခံ အကြောင်းအရင်း အချက်အလက် တချို့ကို သုံးသပ်ကြည့်ကြပါစို့။

ယခုဆိုလျှင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA စာချုပ်ကို တိုင်း ရင်းသားလက်နက်ကိုင် ၈ဖွဲ့ လက် မှတ်ရေးထိုးခဲ့သည်မှာ တစ်နှစ်နှင့် တစ်လကျော် ကြာခဲ့ပြီဖြစ်သည်။ NCA  စာချုပ်ပါ နောက်ဆက်တွဲ အကြောင်းအရာ ဖြစ်သည့် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကိုလည်း မကြာတော့မည့် ကာလတွင် စတင် ကျင်းပတော့ မည်ဖြစ်သည်။ လာမည့် ဖေဖော် ဝါရီလတွင်လည်း ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံကြီးကို ထပ်မံ ကျင်းပသွားဦးမည် ဖြစ် သည်။

သို့သော်လက်ရှိတွင်  NCA စာချုပ်မှာ ပြဿနာအနည်းငယ် ပေါ်လျက်ရှိသည်။  NCA  စာချုပ် ကို လက်မှတ်ထိုးသော တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့များသာ လျှင် မကြာမီ ပြုလုပ်တော့မည့် အမျိုးသားအဆင့်  နိုင်ငံရေးဆွေး နွေးပွဲများတွင် ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း နိုင် ငံတော်အစိုးရ ဘက်က ဆိုထားပြန်လေ၏။

ထို့အတွက် စာချုပ် လက် မှတ်ရေးထိုးရန်အစိုးရက တိုက် တွန်းလျက်ရှိသည်။  ယင်းအပေါ် တွင် စာချုပ်လက်မှတ်မထိုးထား သော တိုင်းရင်းသားလက်နက် ကိုင်များဘက်မှNCA  စာချုပ်ပေါ် တွင် သံသယဖြစ်ပေါ်နေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ NCA  စာချုပ်ကို လက်မှတ်ရေးထိုး တော့မည့်ကာလတွင် အဆောတ လျင်NCA  စာချုပ်ကိုလက်မှတ် မရေးထိုးစေချင်ကြောင်း ပြော ကြားခဲ့ဖူးသော်လည်း လက်ရှိတွင် NCA  စာချုပ်ကို လက်မှတ်အလျင် အမြန်ထိုးကြရန် တိုက်တွန်းမှုပြု လုပ်ခဲ့သည့်အပေါ်တွင် သံသယ ဝင်နေကြခြင်းဖြစ်သည်။ ထို့ ကြောင့် NCA  လက်မှတ်ရေးထိုး ထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ တစ်ခုဖြစ်သည့် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ညှိနှိုင်းရေး အဖွဲ့ DPN အဖွဲ့နှင့်အစိုးရငြိမ်း ချမ်းရေးကော်မရှင်ကြား ညှိနှိုင်း ဆွေးနွေးပွဲများကို စတင်၍   UNFC   ဘက်မှ NCA  အတွက် အကြိုသဘောတူညီချက် ၈ချက်ကို တောင်း ဆိုထားပြီး ယင်း ၈ ချက် ကို အစိုးရမှ လိုက်လျောနိုင်လျှင်UNFC တပ်ပေါင်းစုအနေဖြင့် လက်မှတ်ရေးထိုးနိုင်မည် ဖြစ် ကြောင်း တရားဝင် ထုတ်ပြန်ပြော ဆိုထားသည်။

သို့သော် ယင်း ၈ ချက်တွင် လေးချက်ခန့်သာ အစိုးရနှင့် UNFC ကြား ညှိနှိုင်းနိုင်သေးပြီး ကျန် နိုင်ငံတကာ အသိသက်သေ များကိစ္စ အပါအဝင် ကျန်အချက် များမှာ ယနေ့တိုင် ညှိနှိုင်း၍ မရ ရှိသေးသည့်အခြေအနေတွင် ရှိနေ သည်။

NCA စာချုပ်အတွက် နှစ် ဖက် ကြိုးပမ်းနေချိန်တွင် မြေပြင် အခြေအနေ၌လည်း ကချင်ပြည် နယ် အတွင်း မြန်မာအစိုးရတပ် မတော်နှင့် KIAအကြား တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။ ထို့အတူ  ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ် ခိုင်ဒေသတစ်ဝိုက်တွင် တအာင်း တပ်မတော် TNLA   နှင့် မြန်မာ တပ်မတော်ကြား တိုက်ပွဲ ကြို ကြား ကြိုကြား ဖြစ်ပေါ်လျက်ရှိ သည်။ သို့သော် ယင်းတိုက်ပွဲများ သည် တောတွင်းမှာ သာဖြစ်ပွားခဲ့ ပြီး မြို့ပေါ်ထိ တက်လာခဲ့ခြင်းမရှိ။ ယင်းအခြေအနေတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အချို့နှင့် တပ်မတော်ကြား တစ်စတစ်စ များ ပြားလာသည့် ဖြစ်ပေါ်လာသည့်  တိုက်ပွဲ အခြေအနေများကNCA   သို့ချဉ်းကပ်နေသည့် နှစ်ဖက်အဖွဲ့ အစည်းများ   ဆွေးနွေးပွဲအတွက် ယုံကြည်မှု အားနည်းလာစေသည့် အကြောင်းကိစ္စများ ဖြစ်နေသည်။ တိုက်ပွဲများနှင့် ပတ်သက်၍ တိုင်း ရင်းသား လက်နက်ကိုင်များဘက် က NCA လက်မှတ်ရေးထိုးရန် အတွက် ဖိအားပေးသည်ဟု ထင် မှတ်လျက်ရှိသည်။

အဆိုပါ အခြေအနေများပေါ် တွင် အစိုးရဘက်ကမူ တစ်စုံတစ် ရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိ ပေ။ ထိုသို့ အခြေအနေများ၏   နောက်ဆုံး  နိုဝင်ဘာ ၂၁ ရက် နေ့ တွင် UNFC  အဖွဲ့ဝင်KIA ပါဝင် သော တိုင်းရင်းသားလက်နက် ကိုင်လေးဖွဲ့က  မြောက်ပိုင်း
မဟာ မိတ်ညီနောင်များ စစ်ဆင်ရေးဟူ သော ခေါင်းစဉ်ဖြင့် စစ်ကြေညာ ခဲ့ပြီး မူဆယ်မြို့ပေါ်ထိ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းပင်တည်း။

ပထဝီနိုင်ငံရေး

လက်ရှိ ဖြစ်ပေါ်လာသည့် အ ခြေအနေများနှင့် ပတ်သက်၍  မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထား အပါအဝင် လတ် တလော   နိုင်ငံရေးအကြောင်းအရာ များပတ်သက်ကြောင်း၊  ပြည်ပ နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှု ရှိ ကြောင်း ထင်မြင်သုံးသပ်ကြမှုများ လည်း ရှိသည်။ လက်တလော လူမှုကွန်ရက် စာမျက်နှာများပေါ် တွင်လည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရသည့် တပ်သားများကို တရုတ်ပြည်ဘက် သို့ပို့၍ ဒဏ်ရာ ကုသနေသည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ခြင်း မှစတင်၍ ဖြစ်သည်။

 သို့ရာတွင် ထိုအချက်နှင့်ပတ် သက်၍ KIA ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးဒေါင်ခါးကို ပေါ်ပြူလာ နယူးစ်က ဆက်သွယ်မေးမြန်းရာ တွင်မူ ”တရုတ်ပါဝင်စရာ အကြောင်း မရှိပါဘူး” ဟု ပြန်လည်ဖြေဆိုခဲ့ သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာ န ပြောခွင့်ရGeng Shuang  က နိုဝင်ဘာ ၂၁ ရက်နေ့ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ် ရပ်တွင် ရှမ်းမြောက်တိုက်ပွဲများ   နှင့်ပတ်သက်၍ နှစ်ဖက်တပ်များ စစ်ရေး ဆောင်ရွက်နေမှု ရပ်တံ့ ရေး၊ ဒေသ ပြန်လည်တည်ငြိမ်ရေး အတွက် တိုက်တွန်းပြောကြားသွား   ကြောင်း သိရပါသည်။

သို့သော် ယခင်ကာလများ ကတည်းက ယနေ့တိုင်  တရုတ်-မြန်မာ နယ်စပ်စည်းရိုးတစ်လျှောက် လှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့ များကို တရုတ်မှ ထောက်ပံ့မှုရှိ သည်ဟု စွပ်စွဲမှုများက ရှိနေသည်။ ယင်းနှင့်ပတ်သက်၍ ယခင်ဦးသိန်း စိန် အစိုးရလက်ထက် သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် တွင် ” တရုတ်နယ်စပ် ကုန်သွယ် ရေးဟာ မြန်မာ့ကုန်သွယ်ရေးမှာ အဓိကကျတယ်။ ဒီလမ်းကြောင်း ပိတ်သွားရင် လက်ရှိ စီးပွားရေး အကျပ်အတည်းက ပိုကြီးလာနိုင် တယ်။ ဒါဟာ အစိုးရအပေါ် ဖိ အား ပိုဖြစ်လာနိုင်ပါတယ်။ မြစ်ဆုံ ကော်မရှင် အစီရင်ခံစာက မကြာ ခင် တင်ရတော့မယ်။ ကော်မရှင်က ဘာကို ထောက်ခံမလဲ၊ အစိုးရက ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ် ရတော့မယ်။ ထရမ့်အစိုးရ တက် လာရင် အမေရိကန်ဟာ မြန်မာ အပါအဝင် အာရှဒေသအပေါ် အို ဘားမား လက်ထက်ကလောက် အာရုံစိုက်ချင်မှ စိုက်တော့မယ်။ အဲဒါဆိုရင် ပထဝီနိုင်ငံရေးအရ တရုတ်က ပိုအားကောင်းလာမယ် ။ တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်းရေးရာတွေမှာ တရုတ် က ပိုပြီး တင်းမာစွာရပ်တည်လာ မယ်။ ဆွေးနွေးတာထက် ဖိအား ပေးတဲ့နည်းကို ပိုသုံးလာနိုင်တယ်”ဟု သုံးသပ်ရေးသားထားသည်။

နောက်ကွယ်မှ အကြောင်းအရာများ

ယင်းကား လက်ရှိနိုင်ငံရေး အခြေအနေများ အားလုံးကို ခြုံငုံ သုံးသပ်ကြသည့် သုံးသပ်မှုများ ဖြစ်သည်။ ယင်းထက်နက်နဲသော နောက် ကွယ်မှ အကြောင်းအရာ များကလည်း ရှိနေနိုင်သေးသည်။

မူဆယ်သည် မြန်မာပြည်၏ ကုန်သွယ်မှုအတွက် အဓိက စီး ဆင်းရာ နယ်စပ်ဂိတ်ပေါက်တစ်ခု ဖြစ်သည်နှင့်အညီ လက်ရှိ ရှမ်း ပြည်ြေ မာက်ပိုင်း၊ တရုတ်ပြည်၊ မြန် မာနိုင်ငံအလယ်ပိုင်း တစ်လျှောက် ကုန်သွယ်စီးဆင်းမှု ပြတ်တောက် သွားပြီဖြစ်သည်။ ယင်းမှာလည်း ပြည် သူလူထုပင် အများဆုံးခံစား လိုက်ရသည့် အဆင်မပြေမှုပေါင်း များစွာထဲမှ တစ်ခုဖြစ်သည်။ ထို့ အတူ ကုန်စည်စီးဆင်းမှု ပြတ်  တောက် သွားသည့်အတွက် အစိုးရ အတွက်လည်း အကျပ်အတည်း ပေါ်ပေါက်လာမည် ဟူသည်မှာ လုံးဝ ငြင်းမရသည့် အကြောင်း တရားများဖြစ် သည်။

မြောက်ပိုင်း မဟာမိတ် ညီ  နောင်များ စစ်ဆင်ရေးထုတ်ပြန် ချက်တွင် တပ်မတော်မှ NCA စာ ချုပ်လက်မှတ်ထိုးရန် စစ်ရေးဖြင့် ဖိအားပေးနေမှုအပေါ် တုံ့ပြန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြော ကြားထားသော်လည်း ယင်းနည်း လမ်းသည် ဖြေရှင်းသည့် နည်း လမ်းမဟုတ်၊ ထို့ပြင် TNLA ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးတစ်ဦး က တောထဲတွင်တိုက်နေရုံဖြင့် မဖြစ်တော့သဖြင့် မြို့ပေါ်တက် လာခြင်း ဖြစ်သည်ဟု မီဒီယာတစ် ခုသို့ ဖြေကြားထားသည်။ ယင်း သည် အဖြေမှန် ဖြစ်နိုင်မည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေပြန်၏။

စားပွဲဝိုင်းမှ ယုံကြည်မှုများ

အထူးသဖြင့် အဓိကတာဝန်ရှိ သည့် အစိုးရအနေဖြင့် အသေအ ချာခြုံငုံစဉ်းစား၍ တိကျစွာ အဖြေ ထုတ်ကာ လက်ရှိပြဿနာကို ဖြေ ရှင်းရတော့မည် ဖြစ်သည်။ မည် သည့်နည်းလမ်းဖြင့် ဖြေရှင်းမည် နည်း။ ရည်ရွယ်ချက်အသီးသီးဖြင့် စတင်ခဲ့သည့် စစ်မီးဖြစ်သည့်အ တွက် လွယ်ကူစွာဖြေရှင်းနိုင်လိမ့် မည်တော့မဟုတ်။ လက်ရှိပဋိပက္ခ ဖြစ်ပွားနေသည့် အခြေအနေများ က မကြာမီလာမည့် အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ဒုတိယ ညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မည်မျှအဓိပ္ပာယ်လေးနက် စေပါ့မည်နည်း။ မည်သို့သော သက် ရောက်မှုများ ရှိလာဦးမည်နည်း။

KIA  ပြောခွင့်ရဦးဒေါင်ခါးက ”ဒီအချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ တစ်နိုင်ငံလုံးတပ်မ တော်ဘက်ရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ရော အ ပစ်အခတ်ရပ်စဲဖို့ ကြေညာလိုက် ရင်ကောင်းမယ်။ အစိုးရဘက်က ရပ်ပြီဆိုရင် UNFC

ဘက်ကလည်း ရပ်သွားမှာပါ။ တကယ်တော့ တစ် နိုင်ငံလုံး အပစ်အခတ် ရပ်စဲဖို့ လမ်းကြောင်းကနေ နောက်ပြန် ဆုတ်သွားစေတဲ့ ကိစ္စတွေ မဖြစ် တာအကောင်းဆုံးပါပဲ”ဟု ဆိုသည်။

အစိုးရဘက်မှလည်း တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့်NCA ကိုလက်မှတ်ရေး ထိုးလိုက်ပါက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်သည် ဖြောင့်တန်းသွားလိမ့် မည်ဟူသော ပြောဆိုမှုများဖြင့် တိုက်တွန်းထားသည်။ ယင်းသို့ တစ်ဖက်နှင့် တစ်ဖက်မတူညီ၊
ညှိ နှိုင်းမရသည့် ယူဆချက်အသီးသီး က နောက်ဆုံးတွင် ယခုအခြေအ နေများသို့ တွန်းပို့ခဲ့သည်။ တစ် ဖက်နှင့်တစ်ဖက် တည်ဆောက်ခဲ့ ကြသည့် ယုံကြည်မှုများက စားပွဲ ဝိုင်းမှာပင် ကျန်ရစ်ခဲ့ပြီလားဟု မေးခွန်းထုတ်ရပေမည်။

မြို့ကြီးပြကြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်မှတ်ရေးထိုးပွဲများ အကျုံးဝင် အကျိုးသက်ရောက်မှုရှိ ခဲ့ပါသလားဟုမေးလျှင် တာဝန်ရှိ သူတို့ မည်သို့ဖြေကြားမည်နည်း ….။ လွန်စွာစည်ကားသိုက် မြိုက်ခဲ့သည့် ကုန်စည်စီးဆင်းရာ နယ်စပ်ဂိတ်ပေါက် မူဆယ်မြို့က တော့ ယခုအခါတွင် အချိန်မရွေး တောက်လောင်နိုင်သော စစ်ရိပ် စစ်ငွေ့များဖြင့် တိတ်ဆိတ်နေပြီ ဖြစ်သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*