ယခင်အစိုးရထက် NLD အစိုးရ အခွန် ပိုကောက်နိုင်၊ ငွေကျပ် ဘီလျံ ၇ဝဝ ကျော် ယခင်နှစ် ကထက် ပိုရခဲ့ဟုဆို

ယခင်အစိုးရထက် NLD အစိုးရ အခွန် ပိုကောက်နိုင်၊ ငွေကျပ် ဘီလျံ ၇ဝဝ ကျော် ယခင်နှစ် ကထက် ပိုရခဲ့ဟုဆို
April 27, 2017 Asian Fame

10:35 am
ယခင်အစိုးရထက် NLD အစိုးရ အခွန် ပိုကောက်နိုင်၊ ငွေကျပ် ဘီလျံ ၇ဝဝ ကျော် ယခင်နှစ် ကထက် ပိုရခဲ့ဟုဆို

(နေပြည်တော်၊ ဧပြီ၂၄)

NLD အစိုးရသစ် လက်ထက် တစ်နှစ်တာ အတွင်း ပြည်တွင်းအ ခွန်ဦးစီးဌာန တစ်ခုတည်းက  ရရှိ သည့် အခွန်ငွေသည် ဦးသိန်းစိန် အစိုးရ အုပ်ချုပ်စဉ် ရရှိသည့် တစ် နှစ်အခွန်ငွေထက်  ငွေကျပ် ဘီလျံ ရာနှင့်ချီပြီး ပိုမိုရရှိခဲ့သည်။

ပြည်တွင်းအခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် ရရှိသည့် အခွန်ငွေသည် ငွေကျပ် ဘီလီယံ ၅၃၇၁ ဘီလျံ ဖြစ်သည်ဟု ပြောသည်။

ယခင်နှစ်က ရရှိသည့် အခွန် ငွေသည် ဘီလျံ ၄၆ဝဝ ကျော်သာ ရှိခဲ့သည်။

ထို့ကြောင့် NLD အစိုးရသစ် သည် တစ်နှစ်အတွင်း ယခင်နှစ်က ထက် ငွေကျပ် ဘီလျံ ၇ဝဝ ကျော် ရအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ယခင်ကထက် ရာနှင့်ချီ သည့် ငွေကျပ်ဘီလျံများ ပိုမိုရရှိ ခဲ့မှုသည် ဖုန်းဘေလ်မှ ကောက်ခံ ရရှိသည့် အခွန်ငွေကြောင့် နှင့် ဥပဒေပြုပြီး အထူး ကုန်စည်ခွန်ကို ကောက်ခံ လိုက်သည့် အတွက်ကြောင့် ဖြစ် သည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

”အခွန်ထမ်း ပြည်သူတွေရဲ့ ပြောင်းလဲလာတဲ့ စိတ်ဓာတ်ကြောင့် လည်း အခွန်တွေ တိုးလာတယ်လို့ ပြောနိုင်ပါသေးတယ်” ဟု ၄င်းက ဆိုသည်။

ပြည်သူအချို့က ယခုအစိုးရ လက်ထက်တွင် အခွန်ကို မျိုးစုံ အောင် ဆောင်နေရသည်ဟု ဝေ ဖန်နေကြသည်။

အချို့ကလည်း တာဝန်ရှိသူ များ အနေဖြင့် အခွန်ကို သေသေ ချာချာကိုင်တွယ် ကောက်ခံသင့် သည်ဟုဆိုပြီး အားပေး ထောက်ခံ မှုများ ပြုလုပ်နေကြသည်။

ပြည်တွင်းအခွန် ဦးစီးဌာန ကမူ အခွန်ရှောင်သူများ၊ အခွန် အပြည့် အဝ မဆောင် သူများကို ယခင်က တင်းတင်းကျပ်ကျပ် မကိုင်တွယ်ခဲ့ ဖူးသည့် သတိပေးခြင်း၊ တရားစွဲဆို ခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက် သွားမည်ဟု အခွန်ရှောင် သူများနှင့် အခွန် အပြည့်အဝ မဆောင်သူများ ကို သတိပေးထားသည်ကို တွေ့ရ သည်။

စီမံဘဏ္ဍာ ပြည်ထောင်စု ဝန် ကြီး ဦးကျော်ဝင်းက အခွန်တိုးမြှင့် ကောက်ခံခြင်း မျိုးထက် နိုင်ငံသား တိုင်း ပေါ့ပေါ့ပါးပါးနှင့် အခွန် ထမ်း ဆောင်စေသည့်စနစ်ကို  အကောင် အထည်ဖော်နေကြောင်း ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*