အွန်လိုင်း အရောင်းအဝယ် ဈေးကွက်တွင် နယ်မှ အသုံးပြုသူ များပြားလာ

အွန်လိုင်း အရောင်းအဝယ် ဈေးကွက်တွင် နယ်မှ အသုံးပြုသူ များပြားလာ
March 15, 2017 Asian Fame

5:04 pm
အွန်လိုင်း အရောင်းအဝယ် ဈေးကွက်တွင် နယ်မှ အသုံးပြုသူ များပြားလာ

(ရန်ကုန်၊ မတ် ၁၄)

အွန်လိုင်းဈေးကွက်ကို အသုံး ပြု၍ ပစ္စည်း အရောင်းအဝယ်ပြုလုပ် သူများတွင် နယ်မှ အသုံးပြုသူအရေ အတွက် ယမန်နှစ်ထက် ၅ဝ ရာခိုင် နှုန်းကျော် မြင့်တက် လာကြောင်း  Ads.com.mm က ထုတ်ပြန်သည်။

အသုံးပြုသူများအနက် အများ စုမှာ ရန်ကုန်၊ မန္တလေး၊ နေပြည် တော် စသည့်မြို့ကြီးများ အပါအ ဝင် တောင်ကြီး၊ မုံရွာ၊ ညောင်ဦး အစ ရှိသောဒေသ များမှဖြစ်ပြီး အွန်လိုင်းတွင် မော်တော်ဆိုင်ကယ်နှင့် အခြား စက်တပ်ယာဉ်များ ရောင်း ဝယ်မှု ပိုမိုပြုလုပ် လာ ကြကြောင်း သိရသည်။

ယခင်နှစ်များတွင်နယ်မှ အင် တာနက် အသုံးပြု၍ အွန်လိုင်းတွင် အရောင်းအဝယ် ပြုလုပ်မှု နည်းခဲ့ သော်လည်း ယမန်နှစ် နှစ်လယ်ပိုင်း မှစ၍ အွန်လိုင်းဈေးကွက် တွင် အ ရောင်းအဝယ် လုပ်သူ တစ်ရက်လျှင် ၆ဝဝဝ ခန့် ရှိလာသည်ဟု သိရသည်။

အွန်လိုင်း အသုံးပြုသူများ အနေဖြင့် မိမိရောင်းချလိုသော ပစ္စည်း များကို  Ads.com.mm  ဝက်ဘ် ဆိုက်တွင်တင်၍ ရောင်းသူနှင့်ဝယ် သူကြား တိုက်ရိုက်တွေ့ဆုံကာ ဈေးနှုန်း ညှိနှိုင်းပြီး အရောင်းအ ဝယ်ပြုလုပ်နိုင်ကြောင်း သိရသည်။

PN042

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*