အွန်လိုင်းမှ အလုပ်ရှာသူများ NGO များတွင် လျှောက်ထားမှုများလာ

အွန်လိုင်းမှ အလုပ်ရှာသူများ NGO များတွင် လျှောက်ထားမှုများလာ
November 17, 2016 Asian Fame

7:16 am
အွန်လိုင်းမှ အလုပ်ရှာသူများ NGO များတွင် လျှောက်ထားမှုများလာ
In Bussiness

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၁၄

အွန်လိုင်းမှ အလုပ်ရှာသူများ သည်  အစိုးရမဟုတ်သောအဖွဲ့ အစည်း(NGO) များသို့ လျှောက် ထားမှုများပြားလာကြောင်း သိရ သည်။

ထိုသို့ လျှောက်ထားရာတွင် အလုပ်ခေါ်ယူမှုအများဆုံး အနေ ဖြင့်Save the Children International  မှ  အလုပ်ခေါ်ယူမှု မှာ အများဆုံးဖြစ်ပြီးMedecins du Monde (Myanmar) ၊ BRAC Myanmar ၊ Proximity Designs ၊ Pact in Myanmar ၊ Child Fund Myanmar  နှင့် The Union Office in Myanmar  အစရှိသည့် အဖွဲ့အစည်းများမှလည်း ခေါ်ယူမှု များကြောင်း အွန်လိုင်းအလုပ်အ ကိုင်ရှာဖွေမှု ဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm  မှသိရသည်။

အွန်လိုင်းတွင်  အလုပ်လျှောက် လွှာ တင်ထားသူစုစုပေါင်း၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းမှာ အစိုးရမ ဟုတ်သော အဖွဲ့အစည်း (NGO) များသို့ လျှောက် ထားကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Save the Children International    အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲရေး မန်နေဂျာ ဒေါ် ခင်ခင်ဝင်းက ”ကျွန်မတို့ အဖွဲ့အ စည်းရဲ့ လုပ်ငန်းလိုအပ်ချက်အရ အလုပ်အကိုင် အခွင့်အလမ်းတွေ ကို ခေါ်ယူပြီဆိုတာနဲ့ တစ်ပြိုင် နက် အဲဒီနေရာနဲ့ပတ်သက်ပြီး တာဝန်ယူ ရမယ့် အပိုင်းတွေကို တစ်ပါတည်း ကြေညာပေးပါတယ်။ အလုပ်လျှောက်ထားသူရဲ့ ပညာ အရည်အချင်း၊ လုပ်ငန်းအတွေ့အ ကြုံ၊ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက် ညီမှု ရှိ မရှိဆိုတဲ့ အချက်တွေနဲ့ အ လုပ်ခန့်အပ်လေ့ရှိပါတယ်။ ကျွန်မ အနေနဲ့ အကြံပြုချင်တာကတော့ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)  တွေမှာ   လျှောက် ထားကြမယ့်သူတွေအနေနဲ့ လုပ်ငန်းမှာ တာဝန်ယူ လုပ်ဆောင်ရမယ့်အ ပိုင်းတွေနဲ့ လိုအပ်ချက်တွေ ဖော်ပြ ထားတာကို သေချာဖတ်ပြီးမှ မိမိ တို့နဲ့ ကိုက်ညီမှု ရှိ မရှိ လေ့လာပြီး လျှောက်ထားပါလို့ ပြောချင်ပါ တယ်” ဟု ဆိုသည်။

သို့သော်NGO အဖွဲ့အစည်း များတွင် လုပ်ကိုင်ခဲ့ဖူးသော အ တွေ့အကြုံရှိသူ အရေအတွက်မှာ နည်းပါးနေသေးပြီး ၁ ရာခိုင်နှုန်း ခန့်သာရှိသေးကြောင်း တွေ့ ရသည် ဟု work.com.mm  မှသိရသည်။

ယင်းကဲ့သို့ NGO အဖွဲ့အ စည်းများသို့ အလုပ်လျှောက်ထား ခြင်းမှာ NGO အဖွဲ့အစည်းများ သည် လစာများများပေးသည့်အ ပြင် လူမှုဆက်ဆံရေးပိုင်းတွင် လည်း ပိုမိုတိုးတက်ပြီး အခွင့်အ လမ်းကောင်းများ ရနိုင်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း NGO တွင် အ လုပ်လျှောက်လွှာတင်ထားသည့် အမျိုးသမီးတစ်ဦး က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*