2:22 pm
ဒီဇင်ဘာလ ၂၈ ရက် က ရုရှား သံတမန် ၃၅ ဦးကို အမေရိကန် နိုင်ငံ အတွင်းက ၇၂ နာရီအတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်။ ရု ရှားသံရုံး ပိုင် ခြံဝင်း ၂ ခုကိုလည်း ပိတ်သိမ်းလိုက်တယ်။ ဒီမိုကရက် သမ္မတလောင်း ဟီလာရီကလင်တန် ရှုံးနိမ့်သွားတဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား အစိုးရက ကွန်ပျူတာ ကွန်ရက် ဖောက်ထွင်း ပြီး ကြားဝင်စွက်ဖက် ခဲ့တာကြောင့် လက်ရှိ ဒီမိုကရက် သမ္မတ အိုဘား မားက တုံ့ပြန်ခဲ့တာလို့ဆိုတယ်။
သမိုင်းမှာ ပြန်ကြည့်ရင်တော့ ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက် ခြင်းဟာ အမေရိကန် အစိုးရ အတွက် ရင်းနှီးပြီးသား လုပ်ရပ်မျိုးဖြစ်နေ တယ်။
ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီဂျာမနီ သိမ်းပိုက်နယ်မြေများ ကို ဆိုဗီယက် ခေါင်းဆောင် စတာ လင်နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီတို့ နှစ်ဦး သဘောတူ ခွဲခြမ်းခဲ့ရာမှာ အီတလီနိုင်ငံက အနောက် အုပ်စုရဲ့ သြဇာရပ်ဝန်း အတွင်းမှာ ရောက် သွားတယ်။ ဒါပေမယ့် ၁၉၄၈ ခု နှစ် ရွေးကောက်ပွဲ လုပ်ချိန်မှာတော့ ဒုတိယကမ္ဘာစစ် အတွင်းက နာဇီ ဂျာမနီ ဆန့်ကျင်မှုမှာ ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့ အီတလီ ကွန်မြူနစ်ပါ တီအနိုင်ရမယ့် အခြေအနေမျိုး ဖြစ် လာတယ်။ အီတလီနိုင်ငံ ဆိုဗီယက် သြဇာခံ ဘဝမျိုးရောက်မယ့် အဖြစ် မျိုးကို ရှောင် လွှဲဖို့ အမေရိကန်သံ အမတ် Dunn ဦးဆောင်ပြီး လျှို့ဝှက် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲဖို့ သမ္မတ ထ ရူးမင်းက ခွင့်ပြုချက်ပေးခဲ့ တယ်။ သံအမတ် Dunn က အမေ ရိကန် စီးပွားရေးလုပ်ငန်းများ၊ အ လုပ်သမား သမဂ္ဂများ၊ CIA သြဇာ ခံအဖွဲ့အစည်းများကို ညှိနှိုင်းပြီး ကူ ညီထောက်ပံ့ခဲ့တာကြောင့် ရွေး ကောက်ပွဲမှာ ကွန်မြူနစ် ဆန့်ကျင် ရေး အင်အားစုဖြစ်တဲ့ ခရစ်ယာန် ဒီမိုကရက် ပါတီနဲ့ ဆိုရှယ်လစ် အ လုပ်သမား ပါတီတို့ သောင်ပြိုကမ်း ပြို အနိုင်ရခဲ့တယ်။
အီတလီ ရွေးကောက်ပွဲ အတွေ့ အကြုံ နောက်ပိုင်း မှာတော့ အမေ ရိကန် အစိုးရဟာ ကမ္ဘာတစ်ဝန်း က ရွေးကောက်ပွဲများမှာ ဆက် လက်ကြား ဝင်စွက်ဖက်ခဲ့တယ်။
ရွေးကောက်ပွဲ ကြားဝင်စွက် ဖက်မှုများကို အထူးပြုလေ့လာသူ Carnegie Mellon University က နိုင်ငံရေး သိပ္ပံပညာရှင် Dov Levin ရဲ့အဆိုအရ ၁၉၄၆ ခုနှစ်နဲ့ ၂ဝဝဝ ပြည့်နှစ် အကြား အခြားနိုင်ငံများရဲ့ ရွေးကောက်ပွဲများမှာ အမေရိကန် အစိုးရက (၈၁)ကြိမ် ဝင်ရောက် စွက် ဖက်ခဲ့တယ်။
ဒီစာရင်းမှာ စစ်အာဏာသိမ်း ခြင်း နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာ တဲ့ အမေရိကန် မလိုလားတဲ့အစိုးရ ကို ပြန်ဖြုတ်ချခြင်းတို့ မပါဝင် ဘူး။ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ ခြင်းလည်း မပါဝင်ဘူး။ ရွေးကောက် ပွဲ ကြားဝင် စွက်ဖက်ခြင်းမှာ ရွေး ကောက်ပွဲ မဲဆွယ်ဖို့ အတွက် သတ် မှတ်ထားတဲ့ ပါတီကို ရန်ပုံငွေထောက် ပံ့ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊ ဝါဒဖြန့်ချိခြင်း၊ သတ်မှတ်ထားတဲ့ အင်အားစု အတွက် သာ ဒေသခံ များကို မဲဆွယ်ခြင်းနဲ့ ဝါဒဖြန့်ချိခြင်း နည်းစနစ်များ လေ့ကျင့်ပေးခြင်း၊ ကိုယ်စားလှယ်လောင်း တစ်ယောက် ကိုထောက်ခံဖို့ သို့မဟုတ် ဆန့်ကျင် ဖို့ခြိမ်းခြောက်ခြင်း၊ နိုင်ငံခြား ကူညီ ထောက်ပံ့မှုများ ရပ်စဲခြင်း သို့မ ဟုတ် ပေးအပ်ခြင်းတို့ အကျုံးဝင် တယ်လို့ Levin က သတ်မှတ်တယ်။
ဒီလိုကြားဝင်စွက်ဖက်မှုရဲ့ ၅၉ ရာခိုင်နှုန်းမှာ အမေရိကန်အ စိုးရ လိုလားတဲ့ရလဒ်မျိုး ပေါ်ထွက်လာ တာ တွေ့ရတယ်။
ကြားဝင်စွက်ဖက်တဲ့ လုပ်ရပ် မျိုးကို အမေရိကန် အစိုးရကသာ ကျင့်သုံးခဲ့တာ မဟုတ်ဘူး။ ၁၉၄၆- ၂ဝဝဝ ကာလ အတွင်း ရုရှား(ယခင် ဆိုဗီယက်) အစိုး ကလည်း အခြား နိုင်ငံများရဲ့ ရွေးကောက်ပွဲများမှာ (၃၆) ကြိမ် ကြားဝင်စွက်ဖက်ခဲ့ တယ်။
၂ဝ ရာစုအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲ ၉ ခုမှာ တစ်ခုဟာ ကြားဝင်စွက်ဖက်ခြင်း ခံခဲ့ရတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှာလည်း ကြားဝင် စွက်ဖက်ခြင်းကို ဆက် လက်ကျင့်သုံးခဲ့တာ တွေ့ရတယ်။
၁၉၉ဝ ပြည့်နှစ် နီကာရာဂွါ ရွေးကောက်ပွဲမှာ မာက်စ်ဝါဒီ ဆန် ဒီနစ္စတာ အဖွဲ့ရဲ့ အကျင့်ပျက် ခြ စားတယ်ဆိုတဲ့ စွပ်စွဲချက်များကို CIA က ဂျာမန်သတင်းစာများမှာ ပေါက်ကြားစေခဲ့တဲ့ အကျိုးဆက်အ ဖြစ် ဆန်ဒီနစ္စတာ သမ္မတလောင်း အော်တေဂါ ရှုံးနိမ့်ခဲ့ရတယ်။
၁၉၉ဝ ပြည့်နှစ် ချက်ကိုဆလို ဗက်ကီးယား ရွေးကောက်ပွဲမှာ တော့ အမေရိကန် အစိုးရက ဟာ ဗယ်ဦးဆောင်တဲ့ ပါတီကို မဲဆွယ် ပွဲရန်ပုံငွေ နဲ့ လေ့ကျင့်ရေး အထောက် အပံ့များပေးခဲ့တယ်။ ကွန်မြူနစ်တို့ တစ်ဖန်ပြန်လည် အာဏာ မရနိုင်ရန် အတွက်လို့ အကြောင်းပြခဲ့ တယ်။
စစ်အေးတိုက်ပွဲ ကာလလွန် ရုရှားနိုင်ငံ ရွေးကောက်ပွဲများမှာ လည်း အမေရိကန် အစိုးရ အနေနဲ့ ကြားဝင်စွက်ဖက်မှု များ ရှိခဲ့တယ်။ ၁၉၉၆ ခုနှစ်က ရုရှား စီးပွားရေး နဲ့ ရုရှား သမ္မတယဲ့လ်ဆင်ရဲ့ လူကြိုက် များမှု ကျဆင်းလာချိန်မှာ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိက ပိုင်ပြုလုပ် ရေး အပါအဝင် ရုရှားမှာ အရင်းရှင် စီးပွားရေးစနစ် ပိုမို ခိုင်မြဲသွားစေ မယ့် စီမံချက်မျိုးနဲ့ ချိတ်ဆက်ထား တဲ့ IMF ချေးငွေ ၁ဝ ဒသမ ၂ ဘီလျံ ဒေါ်လာရအောင် အမေရိ ကန်သမ္မတ ကလင်တန်က ထောက် ခံပေးခဲ့တယ်။ ယဲ့လ်ဆင် ကလည်း သူ တစ်ဦးတည်းသာ ဒီလိုချေးငွေ မျိုးရနိုင်ဖို့ ပြုပြင်ပြောင်းလဲရေး အ ရည်အချင်း ရှိသူဖြစ်ကြောင်း အ ကြောင်းပြပြီး လူထု ထောက်ခံမှုပြန် လည်မြင့်တက်ရေး အတွက် စည်း ရုံးခဲ့တယ်။ ချေးငွေရဲ့ အစိတ်အ ပိုင်း အချို့ကိုလည်း ယခင်က မပေး နိုင်ခဲ့တဲ့ ဝန်ထမ်း လစာနဲ့ အငြိမ်း စားလစာ များ ပေးရာမှာ အသုံး ချခဲ့တယ်လို့ Nina Agrawal က Los Angeles Times မှာရေးတယ်။
၂ဝ၁၆ ခုနှစ် အမေရိကန် အစ္စရေး ရွေးကောက်ပွဲမှာ သမ္မတ ကလင်တန်က Shimon Peres ဘက်မှာ ဗြောင်ရပ်တည် ခဲ့တယ်။ လူထုထောက်ခံမှု ရယူဖို့ အီဂျစ်မှာ ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲ ကျင်းပပေးတယ်။ ရွေးကောက်ပွဲ မလုပ်မီ တစ်လအလိုမှာ အိမ်ဖြူ တော် ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ တယ်။ ၁၉၉၉ ခုနှစ် ရွေးကောက် ပွဲ ကာလမှာလည်း သမ္မတ ကလင် တန်ရဲ့ ထိပ်တန်း မဟာဗျူဟာရေး ဆွဲသူများကို လေဘာပါတီက Ehud Barak ကို အကြံပေးဖို့ စေ လွှတ်ခဲ့တယ်။
ယူဂိုဆလားဗီးယားနိုင်ငံမှာ ဆားဗီးယား အမျိုးသားရေး ဝါဒီ ယူ ဂိုဆလပ်ဗ် ခေါင်းဆောင် မီလို ဆီ ဗစ်ကို ဖယ်ရှားဖို့ အမေရိကန်နဲ့ NATO အဖွဲ့ တို့က နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တယ်။ ၂ဝဝဝ ပြည့်နှစ် မှာ အမေရိကန် အစိုးရက မီလိုဆီ ဗစ်ဆန့်ကျင်တဲ့ နိုင်ငံရေး ပါတီများ နဲ့ လွတ်လပ်တဲ့ မီဒီယာများကို ဒေါ် လာသန်းပေါင်း များစွာ ထောက်ပံ့ခဲ့ တယ်။ အကျိုးဆက် အဖြစ် အတိုက် အခံခေါင်းဆောင် Kostunica က ယူဂိုဆလ်ဗ်သမ္မတ အဖြစ် ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ ကြား ဝင်စွက်ဖက်မှုသာ မရှိရင် မီလိုဆီဗစ် အနိုင်ရဖို့ များတယ် လို့ Levin က ထောက်ပြထားတယ်။
ရီပတ်ဗလစ်ကန် သမ္မတဘုရှ် လက်ထက် အာဖဂန်နစ္စတန်၊ အီ ရတ်နဲ့ ကုလသမဂ္ဂမှာ အမေရိကန် သံအမတ် တာဝန် ထမ်းဆောင်ခဲ့သူ Zalmay Khalilzad ရဲ့ ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ The Envoy မှာ ၂၁ ရာစု စနစ် ကူးပြောင်းရေး ကာ လ နိုင်ငံများ ရဲ့ ရွေးကောက် ပွဲများ မှာ အမေရိကန် လိုလားတဲ့ အင်အား စုများ အနိုင်ရရေးအတွက် အမေရိ ကန်အစိုးရက ထောက်ပံ့ ကူညီဖို့လို တဲ့အကြောင်း ရေး ထားတာကိုလည်း သတိပြု သင့်စရာ တွေ့ရတယ်။
နိုင်ဦးဆွေ