တောရိုင်းဥပဒေ မြို့ပေါ်မရောက်စေ

တောရိုင်းဥပဒေ မြို့ပေါ်မရောက်စေ
January 6, 2017 Asian Fame

11:32 am
တောရိုင်းဥပဒေ မြို့ပေါ်မရောက်စေ

pc-cover-copy

Popular Choice  ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက်  အမျာြး ပည် သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခု ကိုဖြစ်စေ   ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။  

တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော် လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိÓဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့် လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရ သောအချိန်နှင့်   ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

အနန္တောအနန္တ ငါးပါးတွင် မထသ လက်အောက်ခံ ခရီးသည် တင်ယာဉ်တွေကို တစ်ပါးအဖြစ် ထည့်သွင်း ဂါရဝပြုရတော့မည်လား ဟု မေးခွန်းထုတ်ရလောက်သည့် ဗီဒီယိုဖိုင်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကပင်လျှင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင်ပျံ့ နှံ့ခဲ့ပါသည်။

မည်သို့သော အကြောင်း ကြောင့်ဟူသည်ကို တိတိကျကျ မသိရသော်လည်း မထသလက် အောက်ခံ BM  လိုင်းကားတစ်စီးမှ ဒရိုင် ဘာကို လိုက်ထရပ်ကားသမား တစ်ဦးက လူပုံအလယ်ဝယ် ရှိခိုးဦးချ နေရသည့် ပုံရိပ်များက အဆိုပါ ဗီဒီယိုဖိုင်တွင်ပါဝင်ခဲ့သည်။ ထို့ပြင် တုတ်တစ် ချောင်းလက်တွင်ကိုင်၍ ယင်းBM ကားမှ စပါယ်ယာနှင့် ဒရိုင်ဘာနှစ်ယောက် ပေါင်းကာ လိုက်ထရပ်ယာဉ်မောင်းကို လိုက် လံ ရိုက်နှက်နေသည့် ပုံရိပ်များ လည်း ပါဝင်ခဲ့သည်။

တစ်ဖန်လည်း ယင်းဖြစ်စဉ် မဖြစ်မီ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကပင် အ မှတ် -၃ လမ်းမကြီး၊ ထောက်ကြန့်မှ သင်္ဃန်း ကျွန်း စံပြဈေးဘက်သို့ ပြေးဆွဲနေသည့် အမှတ် ၂၃၆ ယာဉ်လိုင်း၊ ယာဉ်အမှတ် ၆G –  ….. ၏ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်အပါအဝင် အပေါင်း အပါတစ်စုက ခရီးသည် အမျိုး သားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ် မှုတစ်ခုကလည်း လူမှုကွန်ရက် များပေါ်တွင် ပျံ့နှံ့ခဲ့ပါသေးသည်။ အခြားပျံ့နှံ့ခဲ့ဖူးသည့် ဖြစ်ရပ်များ ကိုလည်း အားလုံးအသိပင် ဖြစ်ကြ ပေလိမ့်မည်။ မထသ ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ သည် လတ်တလောအခြေအနေ တွင် နာမည်ဆိုးဖြင့် ကျော်ကြား လျက်ရှိသည်ကိုလည်း အားလုံး အသိပင် ဖြစ်ကြပါလိမ့်မည်။

ယင်း အကြောင်းအရာများက မထသ မော်တော်ယာဉ်လောကနှင့် လူမှုကွန်ရက်အတွင်း ထူးခြားဖြစ် စဉ်တစ်ရပ် ဖြစ်ပေါ်လာရန် အား ပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူအများ စုမှာ မနက်မိုးလင်းအိပ်ရာထသည် နှင့် မော်တော်ယာဉ်လိုင်းကားစီး ၍ လိုရာခရီး သွားလာနေကြရလျက် ရှိသည်။ မထသ လက်အောက်ခံ ယာဉ်လိုင်းများမှ နေ့စဉ်ယာဉ်စီး ရေ ခြောက်ထောင်ခန့်မှာ နေ့စဉ် ခရီးသည် သိန်းပေါင်းများစွာကို လိုရာအရပ်သို့ ပို့ဆောင်ခြင်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။

ထိုသို့ ခရီးသည်များကို သယ် ယူပို့ဆောင်ပေးနေရသည့် မော် တော်ယာဉ်များတွင် မထသလက် အောက်ခံ မော်တော်ယာဉ်များမှာ အများစုဖြစ်သဖြင့် နေ့စဉ်ဖြစ်ပျက် လျက်ရှိသည့် ပြဿနာ အများစုမှာ လည်း ယင်းတို့ထံမှပင် ထွက်ပေါ် လျက်ရှိသည်။

ခရီးသည်ကို မချေမငံရိုင်းပျ စွာဆက်ဆံခြင်း၊ ယာဉ်စီးခပိုကောက် ခြင်း၊ ခရီးဆုံးမှတ်တိုင်မရောက်ခင် လှည့်ပြန်ခြင်း၊ ပြိုင်မောင်းခြင်း စသ ဖြင့် အကြောင်းအရာစုံလင်လှသည်။

မထသ (ဗဟို) မှ နှစ်ပတ်တစ် ကြိမ်ပြုလုပ်နေကျဖြစ်သည့် သတင်း စာရှင်းလင်းပွဲတိုင်းတွင်လည်း အ ဆိုပါ စည်းကမ်းပျက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အရေးယူ နေကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ထုတ်ပြန် ပြောဆို နေကျဖြစ်သည်။

    နောက်ဆုံး သိရှိရသောစာ   ရင်းများအရ ၂ဝ၁၆ ခုနှစ် နှစ်စမှ စ၍ နိုဝင်ဘာလကုန်အထိ မထသ ယာဉ်လိုင်းအတွင်း ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ၁ဝ၅ ဦးကို စည်းကမ်းဖောက်ဖျက် ရိုင်းစိုင်းမှု ဖြင့် ထုတ်ပယ်ခဲ့ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌဦးလှအောင်ထံမှ သိ ရသည်။

ထိုသို့အမှုများနှင့်ပတ်သက်၍ လည်း မော်တော်ယာဉ်လိုင်းပေါင်း စုံထိန်းသိမ်းရေးဗဟိုဌာနသို့ ပြည် သူများအနေဖြင့် တိုင်ကြားမှု စုစု ပေါင်း ၂၁၈၂ မှုရှိပြီး စိစစ်အရေး ယူထားသော အမှုပေါင်း ၁၁၅ဝ မှုနှင့် စိစစ်စစ်ဆေးနေသော အမှု ၁၃ဝ၂ မှုရှိကြောင်း မထသစာ ရင်း များအရ သိရသည်။

သို့သော် မထသ(ဗဟို)မှ မည် သို့ပင်အရေးယူခဲ့သည်၊ ယူသည်၊ ယူမည်ဖြစ်စေ အောက်ခြေယာဉ် မောင်း၊ ယာဉ်နောက်လိုက်များ က ဖြင့် ရိုင်းမြဲရိုင်းလျက်၊ စည်းကမ်း ဖောက်ဖျက်မြဲ ဖောက်ဖျက်လျက် ရှိနေဆဲဖြစ်သည်။ ”တိုင်ချင်ရာ တိုင် ဘယ်ကောင်မှ ဂရုမစိုက် ဘူး” ဟုကြွေးကြော်သံများကိုလည်း နေ ရာ အနှံ့ကြားနေရချိန်ဟုဆိုရမည်။

ယင်းကဲ့သို့ပင် အဖြစ် အပျက် များက လက်ချိုးရေတွက်၍မရနိုင် အောင်တိုင်ကြားမှုများ၊ ရေးသား မှုများ၊ များစွာဖြစ်ပွားလာ ခဲ့ပြီး   နောက်ဆုံး ပြည်သူလူထုအတွင်း လူမှုကွန်ရက်များ၌ ထူးထူးခြား ခြားအဖွဲ့တစ်ခု ထွက်ပေါ်လာခဲ့ လာတော့သည်။ ယင်းကား ‘မထ န’ ၏ အစပင်ဖြစ်တော့သည်။

မထန ဆိုသည်မှာကား ‘မိုက် ရိုင်းမော်တော်ယာဉ် ထုရိုက်နှိမ်နင်း ရေး’ဟူသည်ကို အတိုကောက်ခေါ် ဝေါ်ကြခြင်းပင်ဖြစ်လေ၏။
ပြီးခဲ့သည့် ရက်ပိုင်းကပင်ဖြစ် သည်။ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် Aye Aye Soe  ဟူသော အကောင့်ပိုင်ရှင်က ”မိုက်ရိုင်းရမ်း ကားပြီးခရီးသည်များအပေါ် ကိုယ် ထိလက်ရောက်စော်ကားတဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်များကို စောင့်ကြည့်နှိမ်နင်းဖို့အဖွဲ့ဝင် ၄၄ ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့မှ တစ် ပတ်ကို ၁၁ယောက်ကျစီ မနက် ၇ နာရီမှ ည ၉ နာရီအထိ မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ စာတိုက်မှတ်တိုင်မှာ ဂျူတီချထား မယ်” ဟူ၍ရေးသားရာမှ ‘လူပါးဝBUS  ကားများရပ်’ ဟူသော အမှတ်တံဆိပ်ပါ မထနအဖွဲ့ Page   များ ဆက်တိုက်ထွက်ပေါ်လာပြီး  Memberဝင်များ၊ Like လုပ် Share   လုပ်သူများ ဆက်တိုက် မြင့်တက် လာခဲ့သည်။

ထို့အတူ မထသ ယာဉ်မောင်း များနှင့် စပါယ်ယာများ၏ ရိုင်းပျမှု ကိုခံစားခဲ့ရသည့် ကာယကံရှင်လူ ထုတို့က ဝင်ရောက်တိုင်ကြားခြင်း များကလည်း ဆက်တိုက်ပင်။ ရိုင်း ပျစော်ကားသည့် မော်တော်ယာဉ် မောင်းများနှင့် စပါယ်ယာများကို မထသ (ဗဟို)မှ တိကျ ပြတ်သား စွာ အရေးယူနိုင်ခြင်း မရှိသည့်အ တွက် မိမိတို့ဘာသာ ဆုံးမမည်ဟူ သော ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်ခဲ့ခြင်းပင်ဖြစ်သည်။

   ထိုသို့သော အခြေအနေတွင် ပြီးခဲ့သည့် ၂ ရက်ခန့်က လူမှုကွန် ရက်ပေါ်တွင် မေတ္တာလှိုင်းယာဉ် လိုင်းမှ မော်တော်ယာဉ်တစ်စီးကို မထနအဖွဲ့မှ ပြန်လည်ရိုက်နှက်သည့် ရေးသားမှုတစ်ခု ပထမဦးဆုံးအနေ ဖြင့် စတင်ထွက်ပေါ်ခဲ့သည်။ ယင်း ရေးသားမှုအပြည့်အစုံမှာ   အောက် ပါအတိုင်းပင်ဖြစ်သည်။

”တစ်နေ့က…… မနက် ၇ နာရီခွဲလောက်က စလိုက်တယ် ..မိုက်ရိုင်း မော်တော်ယာဉ်တစ် စီးနောက်ကို.. မွန်းလွဲ ၁ နာရီ ခွဲလောက်ထိ သတင်းမထူး.. ၂ နာရီဝန်းကျင်မှာတော့ တွေ့ပါပြီ ..အချိန်ကုန် လူပန်း ကားဆီကုန် အလုပ်ပျက်ခံ … ထမင်းတစ်ပွဲနဲ့ ရေနွေးတစ်ခွက်ကို ကပျာကရာ ၃ မိနစ်နဲ့ ဗိုက်ထဲထည့်ပြီးချိန်။ ဒီ ကောင်တွေ ဘယ်ပြေးမလဲ၊ ငါမင်း တို့နဲ့ ထပ်ချက်မကွာပါလာပြီ၊၊ ငါ့ ကို မင်းတို့မရှာနဲ့၊၊ ငါက ပြည်သူ ထဲက တာဝန်သိပြည်သူတစ်ဦးပဲ၊၊Bus  ကားစီး ခရီးသည်တစ်ဦးပဲ.. ငါဆိုတာကတော့. ### မထန###  လို့လူသိများနေတဲ့ အဖွဲ့သားတစ် ယောက်. ငါ့လို လူတွေလည်း အ များကြီးလမ်းပေါ်မှာ…..မင်း တို့မိုက်ရိုင်းမော်တော်ယာဉ် တွေကို စောင့်ကြည့်နေကြ တာ လေ၊ စိတ်ချ ငါတို့လုပ်တဲ့ကိစ္စ မလွဲ စေရဘူး။ မင်းတို့သာ များများရိုင်း ပေး။ ငါတို့ များများ လိုက်ရိုက်ပြ မယ်၊၊ မင်းတို့အကုန် ခရီးသည်တွေ ကို ရိုသေလေးစားသမှုထားပြီး ဆက်ဆံမယ်ဆိုရင် ငါတို့… မင်း တို့ကို ပြန်ရိုသေပြမယ်၊၊ ###  စောင့်ကြည့် ###  ထားပါတော့.. မနက်တည်းက မင်းတို့နား ကိုယ် ရောင်ဖျောက်လိုက်ရင်း ဘုရင့် နောင်လမ်းဆုံ လှိုင်သာယာဘက် ကားမှတ်တိုင်နားက   စေတီလေး နားမှာပဲ ငါတို့ လုပ်ငန်းစလိုက် တယ်၊၊ ညနေ ၃နာရီ ၄၅ မိနစ် .. အချိန်က ၂ မိနစ်လောက်ပဲ ကြာ လိုက်တယ်.. မင်းတို့ ဝသီအတိုင်း မဟုတ်ဘူး တန်းငြင်းတယ်. ##  မရဘူး၊ ကားပေါ်မှာ ခရီးသည်တွေ ပါနေလို့ အောက်ဆွဲချပြီး ထိုးတယ် ကွာ ##  မင်းတို့ခံရေ တာ့ မောင်း ပြေးတာ တန်းနေတာပဲနော်… သွားပါ… ဂိတ်ဆုံးအောင်### ရန်ကုန် တစ်မြို့လုံးနီးပါး ငါတို့ (မထန)တွေ မင်းတို့အတွက် သီး သန့်အချိန်ပေးထားတယ်…ငါ တို့ပုံတော့ မတင်တော့ဘူး.. ငါ ခြေရာခံလိုက်တဲ့ ပုံတွေပဲ တင်ပေး လိုက်တယ် ###  …. video  တွေ တီးနေတဲ့ ပုံတွေတော့ မတင် တော့ဘူး.. အဓိကက ငါတို့ အ မှန်တရားဘက်မှာ ရပ်တည်နေ မယ့်သူတွေဆိုတာပဲ…သိထား ကြပါ. .ကားနံပါတ်(7D ….) မေတ္တာလှိုင်း”ဟူ၍ ပင်ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင်အ ဖွဲ့/အုပ်ချုပ်ရေးအဖွဲ့အစည်းတစ် ခုရှိပါလျက် ပြည်သူလူထုက မိမိ သဘောဆန္ဒအလျောက် သဘော ဆန္ဒချင်းတူရာလူများ စုဖွဲ့၏ ယခု ကဲ့သို့ ဆောင်ရွက်မှု၊ ဆောင်ရွက် ရန် ကြံစည်မှု၊ ပြည်သူလူထုက မိမိ သဘောဆန္ဒအလျောက် တရားစီ ရင်သောပုံစံ တောရိုင်းဥပဒေဟူ သည်ကား နိုင်ငံအတွက် လွန်စွာ အန္တရာယ်များလှသည်။ ထိုသို့အ ခြေအနေများ ကြုံတွေ့ခဲ့ပါလျှင် မထသ မော်တော်ယာဉ်များဖြင့် သာ ခရီးသွားနေရသည့် ရန်ကုန် မြို့သည် နေ့စဉ်ရိုက်ပွဲများ ဗရပွ ဖြင့် ကြုံတွေ့နေရမည်မှာ အမှန် ပင် ဖြစ်သည်။

မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှ အောင်ကမူ ယင်းဖြစ်စဉ်များအ ပေါ်တွင် ပြည်သူလုထူအနေဖြင့် တရား ဥပဒေကြောင်း အရသာ မထသ (ဗဟို)ကို တိုင်ကြားခြင်းပြု ရန်ဆိုသည်။

ဥက္ကဋ္ဌ ဦးလှအောင်က ”ကျွန် တော် ဒီမှာနေတာ ၅ နှစ်ရှိပြီ။ ကျွန်တော့်အနေနဲ့ မထသကို လွှဲ ပြောင်းပေးချင်နေပြီ”ဟု ဆိုသည်။

ယခင်က မော်တော်ယာဉ်    များနှင့်ပတ်သက်၍ တိုင်ကြားမှု များကို အရေးယူခဲ့သည်ဟုဆိုသော် လည်း ယင်းအခြေအနေများသည် လုံလောက်မှု မရှိခဲ့ရာမှ မခံမရပ် နိုင်ဖြစ်လာသည့်အဆုံး ယခုကဲ့သို့ မထန ကဲ့သို့ အသွင်သဏ္ဌာန်ဖြင့် ဆောင်ရွက်လာကြခြင်း ဖြစ်တန် ရာ၏။

ထို့ကြောင့် မထသ အနေဖြင့် မိမိတို့၏ ဆောင်ရွက်မှု၊ အရေး ယူမှု၊ လက်အောက်ခံယာဉ်လိုင်း များအပေါ် ထိန်းသိမ်းကြပ်မတ်မှု မည်မျှ ထိရောက်လျက်ရှိသည်၊ မည်သည့်အပိုင်းများ လိုအပ်ချက် ရှိနေသည်ကို ပြန်လည်သုံးသပ် ရမည့် အချိန်ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ လူမှုကွန်ရက်များပေါ် တွင်လည်း ရုန့်ရင်းကြမ်းတမ်းသော မထသ ယာဉ်မောင်းများနှင့် ယာဉ် နောက်လိုက်များကို ပြန်လည်တုံ့  ပြန် ဆောင်ရွက်ရန် စည်းရုံးမှုများ ထောက်ခံမှုများ ဆက်တိုက်မြင့် တက်နေလျက်ရှိရာ အခြေအနေမှာ စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

ထို့အပြင် ခရီးသည်များကို ရိုက်နှက်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် မထ သ လက်အောက်ရှိ ယာဉ်လိုင်းများ တွင် မောင်းနှင်နေကြသော်လည်း မထသတွင် မှတ်ပုံတင်ထားခြင်း မရှိသော လုပ်သားများဖြစ်သည်ဟု မထသမှ ပြောဆိုထားရာ ယင်း အပေါ်တွင်လည်း လူထုက ဝေဖန် ပြစ်တင်လျက် ရှိနေသည်။

ယင်းအခြေအနေများ အား လုံးကို ပြန်လည် ခြုံငုံသုံးသပ်၍ သက်ဆိုင်ရာတို့အနေဖြင့် ထိန်း သိမ်း ကိုင်တွယ်မှု တစ်စုံတရာကို အချိန် မီ ဆောင်ရွက်ခြင်း မရှိပါက ယာဉ်မောင်း၊ စပါယ်ယာများကို ပြည်သူလူထုက ပြန်လှန်စုဖွဲ့ ရိုက် နှက်မှု ၊ ယာဉ်မောင်းစပယ်ယာ များက တစ်ဖန်ပြန်လည် ရိုက်နှက် မှုဖြင့် ရန်ကုန်မြို့အတွင်း တောရိုင်း ဥပဒေဆီသို့ ဦးတည်နေသည့် ရိုက် ပွဲများဖြင့် စည်ကားလာမည်မှာ အ မှန်ပင်ဖြစ်သည်။ ခရီးသည်များ အတွက် လုံခြုံစိတ်ချရသော သယ် ယူပို့ဆောင်ရေး ဟူသည်မှာလည်း စိုးရိမ်ဖွယ်အတိဖြင့် ရှိနေဦးမည်   ဖြစ်ကြောင်းယခုတစ်ပတ် Popular News ကဏ္ဍမှ ထုတ်နုတ်တင်ပြ လိုက်ရပါတော့သည်။

Pnewsသတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*