သမိုင်းသစ်တွင် နွံမနစ် တာဝန်ကျေပါသည်

သမိုင်းသစ်တွင် နွံမနစ် တာဝန်ကျေပါသည်
August 11, 2016 Asian Fame

5:26 pm
သမိုင်းသစ်တွင် နွံမနစ် တာဝန်ကျေပါသည်
In Photo Essay
 ရန်ကုန်မြို့ ဆူးလေဘုရားခြေတော်ရင်းတွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ၂၈ နှစ်ပြည့် အခမ်းအနား

၂ဝ၁၆ ခုနှစ် ၈ လ ၈ ရက်နေ့ ……။
တေးရေးဆရာ နိုင်မြန်မာ၏
‘ကမ္ဘာမကျေဘူး’ သီချင်းနှင့်
တွန်သံကျူးခဲ့သည့်ရက်များသည်
၂၈ နှစ်တိုင်ခဲ့ပြီ။
သမိုင်းတွင် ကတ္တရာလမ်း အနီရောင်လွှမ်းခဲ့သည်။
သမိုင်းတွင် အင်းလျားတံတားဖြူ တံတားနီဖြစ်ခဲ့သည်။
ကြီးငယ်ရွယ်လတ် အစုံအလင်၏သွေးဖြင့်
သမိုင်းသည် လှလှပပ ခြေဆေးခဲ့သည်။
၂၈ နှစ်တိုင်တိုင် အိပ်မက်ဆိုးများထဲဝယ်
ကြွေးကြော်သံများ အဖန်ဖန် ကြားယောင်နေခဲ့ရသည်။
ရန်ကုန်ကောင်းကင်အောက်တွင်
ယခင် …
ယခု  …
နောင် …
ထိုအရာများသည်ပင်လျှင်
မေ့မရသည့် သမိုင်းများဖြစ်တော့သည်။

ရဲလွင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)၊ ခွန်လတ်၊ ကျော်ကျော်

4-1

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး ၂၈ နှစ်ပြည့် အခမ်းအနား

ရန်ကုန်မြို့ ရှစ်လေးလုံး သမိုင်းပြတိုက်တွင် ပြသထားသော ၈၈အရေးအခင်းကာလ၌ အသုံးပြုခဲ့သည့် ပစ္စည်းများ

ကျောင်းသားသမဂ္ဂများ ပါဝင်ခဲ့သည့် ရှစ်လေးလုံး ၂၈ နှစ်ပြည့်အခမ်းအနား

7

8

ရှစ်လေးလုံးသမိုင်းပြတိုက်မှ ၈၈ အရေးအခင်းဓာတ်ပုံများကို စိတ်ဝင်တစားမှတ်တမ်းတင်နေသူတစ်ဦး

မြို့တော်ခန်းမရှေ့ ရှစ်လေးလုံး ၂၈ နှစ်ပြည့်အခမ်းအနားမှ အလံများ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*