ကြယ်တွေပွင့်ဖို့ ပျံသာပျံပါ ထက်အာကာ

ကြယ်တွေပွင့်ဖို့ ပျံသာပျံပါ ထက်အာကာ
October 27, 2016 Asian Fame

4:36 am
ကြယ်တွေပွင့်ဖို့ ပျံသာပျံပါ ထက်အာကာ
In Photo Essay

ကြယ်တွေ ပွင့်ဖို့ ပျံသာပျံပါ ထက်အာကာ

လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် တောင်ကြီး တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံ ပွဲတော်ကို စတင် ကျင်းပတော့မည် ဖြစ်သည်။ ပွဲကျင်းပမည့်နေ့ ကတော့ ၆ ရက်နေ့မှ စတင်ပြီး ဆယ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ပွဲတော်ည အတွက် ကြိုတင် ပြင်ဆင်နေကြသည့် မီးပုံးပျံ များကတော့ များစွာပင် ရှိနေသည်။ ပြိုင်ပွဲတွင် ဆုရရှိရေးထက် မိမိတို့၏ ရိုးရာ အထိမ်းအမှတ် ပွဲတော် တစ်ခုအဖြစ် ပါဝင် ဆင်နွဲကြခြင်း ဖြစ်ကြောင်း ပြိုင်ပွဲဝင်မည့် အဖွဲ့များက ဆိုကြသည်။

အဆိုပါပွဲတော် အတွက် ကြိုတင်ပြင်ဆင်နေမှု မြင်ကွင်း အချို့ကို ပေါ်ပြူလာနယူးစ်ဂျာနယ်က သွားရောက် မှတ်တမ်း တင်ရင်း စာဖတ် ပရိသတ်များထံ တင်ပြ လိုက်ရပါသည်။

ဓာတ်ပုံ – ရဲလွင်

ဓာတ်ပုံ – Asian Fame Media Group

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*