ပထွေး

ပထွေး
August 6, 2018 AsianFame MediaGroup
ပထွေး

အမေ့ပခုံးကို လက်တစ်ဖက်နဲ့ ဖက်ထားတယ်။ ”ဟေ့ကောင်” လို့ ကျွန်တော့်ကို လှမ်းခေါ်တယ်။ အဲဒီ တုန်းက ကျွန်တော်က ငယ်ရွယ်တဲ့ လူကလေးတစ်ယောက်။ သူတို့ကို ကျောပေးထားပြီး မျက်ရည်လည်လာ တယ်။ အဲဒီတုန်းက မိုးကုပ်စက်ဝိုင်း ရဲ့အဆုံးမှာရှိတဲ့ အိမ်ကလေးတစ်လုံး အကြောင်း ကျွန်တော်မစဉ်းစားမိ သေးဘူး။ တစ်ညမှာ ကျွန်တော်စာ ကျက်နေတော့ ”ဟေ့ကောင် အသံ တိုးတိုးလုပ်စမ်း”တဲ့။ အဲဒီနောက် စာ ကျက်ရမှာ ကျွန်တော်ဝန်လေးလာ တယ်။

အမေနဲ့ အဲဒီလူကြီးစကား ပြောနေရင် ကျွန်တော်ဟာ သူစိမ်း တစ်ယောက်ဖြစ်သွားတယ်။ ကျွန် တော်စည်ပိုင်းထဲကို ရေဖြည့်တော့ အဲဒီလူကြီးက ခါးထောက်ပြီး ကြည့် နေတယ်။ အမေက အဲဒီလူကြီးရဲ့ စကားကို နားထောင်နေရတဲ့အခါ ကျွန်တော်က ဘယ်လိုဖြစ်သွားမလဲ။ ကျွန်တော်စည်ပိုင်းထဲကို မပြည့်မ ချင်းရေးဆွဲပြီး ဖြည့်ပါတယ်။ အမေ အဲဒီလူကြီးနဲ့ စကားပြောနေရင်း ရယ်နေတဲ့အချိန်ဟာ ကျွန်တော်ဝမ်း အနည်းရဆုံးအချိန်တွေပါပဲ။ ကျွန် တော် အဲဒီအိမ်ကနေ ထွက်ပြေးဖို့ အကြိမ်ကြိမ် စဉ်းစားကြည့်ဖူးတယ်။ ကျွန်တော့်ကြောင့် အမေဝမ်းနည်း သွားမလားဆိုပြီး ဒီအိမ်မှာ ဆက်နေ ဖြစ်တာပါ။

သူတို့က ကျွန်တော့်ကို ထမင်းကျွေးတယ်။ သူတို့က ကျွန် တော့်ကို ကျောင်းထားပေးတယ်။ တစ်ခါတုန်းက အဲဒီလူကြီးရဲ့မျက် နှာကို သေသေချာချာကြည့်မိလို့ ”မင်းက ငါ့ကိုဘာကြည့်တာလဲ”တဲ့ မေးတယ်။ အဲဒီတုန်းက ကျွန်တော့် အနားမှာ အမေမရှိဘူး။ နေ့ရက်တွေ ကြာမြင့်လာတာနဲ့အမျှ အမေဟာ ကျွန်တော့်ကို တဖြည်းဖြည်းမေ့သွား တယ်လို့ ထင်လာမိတယ်။ တဖြည်း ဖြည်းနဲ့ အမေဟာ ကျွန်တော့်ကို သူ စိမ်းတစ်ယောက်လို မြင်လာတယ်လို့ လည်း ခံစားမိတယ်။ ”ဟေ့ ဟိုမှာ လှမ်းခေါ်နေတယ် သွားလိုက်ဦး”လို့ ပြောတဲ့အသံဟာ ကျွန်တော့်အမေ မဟုတ်တော့သလိုပါပဲ။

အဲဒီလူကြီး နဲ့ အတူနေရတာကို အမေကျေနပ် ပျော်ရွှင်လာတာနဲ့အမျှ ကျွန်တော် ဟာ တဖြည်းဖြည်းနဲ့ သူစိမ်းတစ် ယောက်အဖြစ်ကို ရောက်လာခဲ့တယ်။ ကျွန်တော့်အိတ်ထောင်ထဲက ငွေ စက္ကူကို ဆွဲထုတ်ပြီး ”ဟေ့ကောင် ဒီပိုက်ဆံတွေ မင်းဘယ်က ခိုးထား တာလဲ”လို့ အဲဒီလူကြီးက မေးတယ်။ ကျွန်တော်ဖတ်ချင်တဲ့စာအုပ်ဝယ်ဖို့ အမေပေးတဲ့ မုန့်ဖိုးတွေ စုထားတာ ပါ။ ”ဒီကောင့်လက်ထဲ ပိုက်ဆံဒီ လောက်မရှိစေနဲ့။ ပျက်စီးလိမ့်မယ်” တဲ့ အဲဒီလူကြီးက ကျွန်တော့်အမေကို လှမ်းပြောလိုက်တယ်။ ကျွန်တော်ရ တဲ့ ကရုဏာဟာ အဲဒါပါပဲ။ ”သူ့ကို အသားဟင်းနဲ့ မကျွေးနဲ့။ ဒီအရွယ်နဲ့ အကောင်းကြိုက်သွားရင် ဒုက္ခ ရောက်လိမ့်မယ်”တဲ့။

နေ့ရက်တစ် ရက်ကုန်ဆုံးသွားဖို့ အချိန်တွေအများ ကြီးကြာအောင် ကျွန်တော်စောင့် ဆိုင်းခဲ့ရတယ်။ ကျွန်တော့်နေရာလေး မှာ အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန် မှာ ဘယ်သူမှမရှိဘူး။ နံနက်မိုး သောက်ချိန် မရောက်သေးပါဘူး။ ကျွန်တော်ထရံပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ အမှောင်ထု ကြီးသာ။ မှောင်နှင့် မည်းမည်း တိတ် ဆိတ်လို့သာ။ အသံဆိုလို့ ကျွန်တော့် ပထွေးရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက် နေရင်း တခူးခူးတခေါခေါ မြည်တဲ့ အသံကိုသာ ကြားနေရတာ။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*