ဆင်ဆာ အဖွဲ့ဝင် တစ်ဦးပြောပြတဲ့ လက်ရှိ ဆင်ဆာ အခြေအနေ

ဆင်ဆာ အဖွဲ့ဝင် တစ်ဦးပြောပြတဲ့ လက်ရှိ ဆင်ဆာ အခြေအနေ
December 26, 2016 Asian Fame
ဆင်ဆာ အဖွဲ့ဝင် တစ်ဦးပြောပြတဲ့ လက်ရှိ ဆင်ဆာ အခြေအနေ

ပြန်ကြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး နဲ့အတူ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူ မင်း၊ ဆင်ဆာ အဖွဲ့ဝင်များ၊ ရုပ်ရှင် အမှုဆောင် အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က တွေ့ဆုံခဲ့ ကြပြီး ဆင်ဆာ မရှိသင့်၊ ရှိသင့် အကြောင်းတွေကို တင်ပြ ပြီး အပြန် အလှန် ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံစဉ် မှာတော့ ဝန်ကြီးက ဆင်ဆာဆိုတာကို ဖြုတ်ပစ်မယ် ဆိုတဲ့ ကိစ္စဟာဆင်ဆာ ဆိုတာဟာ ဒီအ  တိုင်းဖွဲ့ခဲ့တဲ့ ကိစ္စရပ် မဟုတ်ပါဘဲ စည်းကမ်းချက်တွေ မူဘောင်တွေနဲ့ ရုပ်ရှင်ဥပဒေ အဖြစ် ဖွဲ့စည်းထားခဲ့ တာမို့ ဒါကို အဆောတလျင် ဖြုတ် ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်သေး ကြောင်းဆိုခဲ့တယ်လို့ ဆင်ဆာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ တက္ကသိုလ် ယဉ်ယဉ်လဲ့ ကပြောပြပေးခဲ့ပါတယ်။

“အဲ့ဒီတော့ ဆင်ဆာကို မလိုချင်တော့ ရင်တော့ ရုပ်ရှင်ဥပဒေ အသစ် ထွက်လာမှ ပြန်ဆွေးနွေး လို့ရမယ်။ ဆင်ဆာ ကိုဖြုတ်မယ် ဆိုခဲ့ရင် ရုပ်မြင် သံကြား ဥပဒေကိုပါ သွားသက် ဆိုင်နေတော့ အဲ့ဒါတွေကို ပါ ပြင်ဆင်ရမယ်။ ပြီးတော့ ရုပ်ရှင် ဆိုတာ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့သွားနေတာ ဖြစ်တဲ့ အတွက် တခြား အရာတွေနဲ့ မတူတဲ့သဘော သဏ္ဌာန် ရှိတဲ့ အခါကျတော့ ရုပ်ရှင်မှာ ဆင်ဆာ မရှိခဲ့လို့ရှိရင် စည်းလွတ်ဝါး လွတ်ဖြစ်လာနိုင်ခြေ ရှိတယ်။ အဲ့ဒီ အခြေအနေကြောင့် ဆင်ဆာ ဆိုတာ လောလောဆယ် ကာလမှာ ရှိသင့် နေပါတယ်။ Rating စနစ်ကို အခုအချိန် ထူထောင်ဖို့ ဆိုတာက ကိုယ်တွေမှာက ရုပ်ရှင်ရုံ အရေ အတွက် အင်အားက အင်မတန် နည်း နေသေးတဲ့ အချိန်ဖြစ်တယ်။ အခုတောင်မှ တန်းစီနေတဲ့ ရုပ်ရှင် ဇာတ်ကား တစ်ရာလောက် ကို ပြသဖို့ အခက်အခဲ ရှိနေတယ်လေ။ အဲ့ဒီ တော့ Rating ကတော့ မဖြစ်မနေ သွားရမှာ မှန်တယ်။ အဲဒီတော့ လောလောဆယ် အခြေအနေမှာ ရုပ်ရှင်လောက သားတွေကို ဆင်ဆာ အဖွဲ့တွေ ကနေပြီး ပိုပြီး သက်ညှာပေးရမယ်။ ကျွန်မတို့ ကတော့ ရုပ်ရှင်လောက သားတွေ ဘက် ကနေ ရပ်တည်ပေး နေတဲ့ ဆင်ဆာ အဖွဲ့ဝင်ဖြစ်တယ်။ ကျွန်မတို့က ရုပ်ရှင် လောကသားတွေ ဘက်ကပါပဲ။ သို့သော် ဆင်ဆာမှာက သူ့စည်းမျဉ်း အတိအကျ ဖြစ်တဲ့အတွက် ဥပဒေ အပိုင်းတွေမှာ ဆိုရင် သူတို့ဘက်က အလျှော့ မပေးပါဘူး။ ဥပမာ- ရဲ ဇာတ်ဝင် ခန်းတွေပေါ့။ ဘာသာရေးတွေ နဲ့ပတ်သက် ရင်လည်း ဆင်ဆာက မလျှော့နိုင် ကြပါဘူး။ ကျန်တဲ့ အပိုင်းတွေ ကိုတော့ ခွင့်ပြုပေးခဲ့ တာတွေ များပါတယ်။ တစ်ခုတော့ ရှိတယ်၊ အခုဟာက ဇာတ်ကားတွေ များပြားလာတော့ ထောက်ညွှန် တာတွေ များတယ်လို့ ထင်လာ ရတာဖြစ်မယ်။ လောက သား တွေ တောင်း ဆိုခဲ့ တဲ့ အချက် ၅ ချက် ကလည်း ချက်ချင်း ဖြစ်နိုင်တဲ့ အရာ မဟုတ်ပေမယ့် လည်း နောက် ပိုင်း မှာ လုပ်လာရမယ့် အရာတွေ ဖြစ်တဲ့ အ တွက် ကျွန်မတို့ ရုပ်ရှင်လောက သားတွေဟာ အခုကတည်း ကစပြီး တော့ တညီ တညွတ် တည်း နဲ့ ရုပ်ရှင်ဥပဒေကို လွှတ်တော် တင်နိုင် အောင် စုစု စည်းစည်း နဲ့ ဥပဒေကို ခိုင်မာစွာ တည်ဆောက် ရမှာ ဖြစ်ပါ တယ်။ ရုပ်ရှင် ဥပဒေ အသစ် ဖြစ်လာ မှပဲ ဒီကိစ္စကို ပြန်လည် ဖြေရှင်းလို့ ရမှာဖြစ်ပါတယ်” လို့ ဆင်ဆာ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ တက္ကသိုလ် ယဉ်ယဉ်လဲ့ ကပြောပြပေးခဲ့ပါတယ်။

P061

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*