ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(OGP)ဖြစ်ရေးဆက်လက်အကောင်အထည်ဖော်ရန်ရှိ မရှိလွှတ်တော်တွင်မေး ယင်းအဖွဲ့သို့ဝင်ရောက်ရန်အစီအစဉ်မရှိပါကြောင်းဒုဝန်ကြီးဖြေကြား

ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(OGP)ဖြစ်ရေးဆက်လက်အကောင်အထည်ဖော်ရန်ရှိ မရှိလွှတ်တော်တွင်မေး ယင်းအဖွဲ့သို့ဝင်ရောက်ရန်အစီအစဉ်မရှိပါကြောင်းဒုဝန်ကြီးဖြေကြား
August 2, 2018 AsianFame MediaGroup

2:16 pm
ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(OGP)ဖြစ်ရေးဆက်လက်အကောင်အထည်ဖော်ရန်ရှိ မရှိလွှတ်တော်တွင်မေး ယင်းအဖွဲ့သို့ဝင်ရောက်ရန်အစီအစဉ်မရှိပါကြောင်းဒုဝန်ကြီးဖြေကြား

38213660_1902335586477064_4394902646582935552_n

နေပြည်တော် သြဂုတ် ၂

ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(Open Government Partnership)ဖြစ်ရေး ဆက်လက်အကောင်အထည်ဖော်ရန်ရှိမရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကိုယနေ့ကျင်းပသောအမျိုးသားလွှတ်တော်တွင်ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှဦးစိုးသိန်းကမေးမြန်းခဲ့ပြီးအဖွဲ့သို့ဝင်ရောက်ရန်အစီအစဉ်မရှိပါကြောင်းနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးခင်မောင်တင်ကပြန်လည်ဖြေကြားခဲ့သည်။

“လက်ရှိအစိုးရကအာဏာလွှဲပြောင်းခြင်းမပြုမီယခင်အစိုးရက(၂၉.၃.၂၀၁၆)ရက်စွဲပါနိုင်ငံတော်သမ္မတရုံးရဲ့အမိန့်ကြော်ငြာစာအမှတ်(၃၆/၂၀၁၆)ဖြင့်ပွင့်လင်းသောအစိုးရအဖွဲ့ဝင်(Open Government Partnership)ကိုဦးဆောင်ကော်မတီနဲ့လုပ်ငန်းကော်မတီတို့ကိုဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ပယ်ဖျက်ခြင်း ဖျက်သိမ်းခြင်း ပျက်ပျယ်ခြင်းမရှိတဲ့ကိစ္စများကိုဆက်လက်ဆောင်ရွက်နိုင်ပါတယ်”ဟု ဦးခင်မောင်တင်ကဆိုသည်။

သို့သော်ပယ်ဖျက်ပြီး ဖျက်သိမ်းပြီး ပျက်ပျယ်ပြီးဖြစ်သောကိစ္စရပ်များကိုဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုသည်မှာမဖြစ်နိုင်ပါသဖြင့်(OGP)အဖွဲ့သို့ဝင်ရောက်ရန်အစီအစဉ်မရှိပါကြောင်းဒုဝန်ကြီးကပြောကြားခဲ့သည်။

ဦးစိုးသိန်းကအစိုးရအနေဖြင့်အဂတိလိုက်စားမှုကိစ္စရပ်များကိုထိရောက်စွာဆောင်ရွက်နေသည်ကိုမြင်တွေ့နေရသောကြောင့်၎င်းအနေဖြင့်ဝမ်းမြောက်မိကြောင်းတင်ပြခဲ့သည်။

ထို့ပြင်အခြေခံကျသောပွင့်လင်းသောအစိုးရအဖွဲ့ဝင်အဖြစ်ကြိုးပမ်းဆောင်ရွက်ပါကယခုထက်ပိုမိုထိရောက်မည်ဟုခံယူကြောင်း၎င်းကအကြံပြုခဲ့သည်။

38274534_1902335616477061_9056889728548208640_n

ဒုတိယဝန်ကြီးဦးခင်မောင်တင်က”လက်ရှိအချိန်မှာမြန်မာနိုင်ငံအနေနဲ့အဖွဲ့ဝင်ဖြစ်ရေးကိုဦးတည်ဆောင်ရွက်နေတာမဟုတ်ပေမယ့်လက်ရှိအစိုးရအနေနဲ့လုပ်ငန်းဆောင်ရွက်မှုတွေဟာ(OGP)စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီလျှက်ရှိတာကိုတွေ့ရှိရပါတယ်”ဟုတင်ပြခဲ့သည်။

ယင်းအဖွဲ့သို့အာဆီယံနိုင်ငံများအနက်အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့ကအစောဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးကမ္ဘာတွင်လည်းနိုင်ငံပေါင်း(၆၀)ခန့်ကဝင်ရောက်ဆဲဖြစ်ကြောင်းသိရသည်။

“ဝန်ကြီးဌာနကမလုပ်တော့ဘူးပြောတယ်။ သူကတော့သူ့ဘက်ကပြည့်စုံနေတယ်။ ဒါတွေမလုပ်တော့ဘူး။ ဒါပေမယ့်ကျွန်တော်အမြင်ကတော့လုပ်စေချင်တယ်။ဘာကြောင့်လဲခင်ဗျားဟာခင်ဗျားပြည့်စုံနေလို့imageမတက်ဘူးလေ။ ကမ္ဘာမှာမြန်မာအစိုးရအတွက် Imageမတက်ဘူး။ ကမ္ဘာနဲ့လက်လှမ်းမီတဲ့အဆင့်ကိုကိုယ်က ကိုယ်လုပ်နေပြီပဲ။ကိုယ်ပြည့်စုံတယ်ဆိုရင်လုပ်လိုက်ရင်လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့Imageကတက်သွားမှာ”ဟု ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှဦးစိုးသိန်းက အစည်းအဝေးအပြီးတွင်မီဒီယာများကိုဖြေကြားခဲ့သည်။

OGPအဖွဲ့ဝင်ဖြစ်ရန်ကိုက်ညီရမည့်အနိမ့်ဆုံးစံသတ်မှတ်ချက်များမှာဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု သတင်းအချက်အလက်များရယူနိုင်မှု ရွေးချယ်ခံ(သို့မဟုတ်)အဆင့်မြင့်အရာထမ်း၏ပိုင်ဆိုင်မှုကြေညာခြင်းနှင့်နိုင်ငံသူနိုင်ငံသားများပါဝင်ဆောင်ရွက်ခြင်းတို့ပင်ဖြစ်သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*