ပြည်သူများပါ ပါဝင်မှသာ အမျိုးသမီးငယ်များ အတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟု တိုင်းအစိုးရအဖွဲ့ပြော

ပြည်သူများပါ ပါဝင်မှသာ အမျိုးသမီးငယ်များ အတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟု တိုင်းအစိုးရအဖွဲ့ပြော
June 5, 2018 Fame Asian

2:13 pm
ပြည်သူများပါ ပါဝင်မှသာ အမျိုးသမီးငယ်များ အတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟု တိုင်းအစိုးရအဖွဲ့ပြော

34605339_1813843375326286_7232452415084036096_n

 

ရန်ကုန်၊ဇွန် ၆

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ရွာနေပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့်သာ အမျိုးသမီးငယ်များ အတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောသည်။

အမျိုးသမီးငယ်များအား အကြမ်းဖက်မှု ပြဿနာနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၁(ဂ)တွင် ပြဋ္ဌာန်းထားသည်ဟု တိုင်းအစိုးရအဖွဲ့က ဆိုသည်။

အမျိုးသမီးငယ်များ အတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်အဖြစ် ဖော်ဆောင်နိုင်ရေးမှာ တရားဥပဒေစိုးမိုးရေး တာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ရွာနေပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုကြောင်း၊ရဲတပ်ဖွဲ့မှလည်း ဆောင်ရွက်နေသည့်အပြင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းတိုင်းအစိုးရအဖွဲ့ ကိုယ်စား လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လွှတ်တော်တွင် ပြောသည်။

လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ယနေ့ ကျင်းပသော တိုင်းလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်တိုင်းအတွင်းနေထိုင်သော အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုများအတွက် လုံခြုံစိတ်ချရသော မြို့ပြတစ်ခု အဖြစ် ကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည် နှင့် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်”ကို သိရှိလိုပါကြောင်း မေးခွန်းကို မေးခဲ့ရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက အထက်ပါစကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေးထူထပ်သည့် ဒေသတစ်ခုဖြစ်သည့်အတွက် မှုခင်းဖြစ်ပွားမှုနှုန်းမှာ များပြားပါကြောင်း၊ မှုခင်းဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရန်နှင့် ဖော်ထုတ်အရေးယူနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း နှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများသည် လူမှုရေး ဖောက်ပြန်ကျူးလွန်သော ပြစ်မှုဖြစ်သဖြင့် အဆိုပါပြစ်မှုကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်ရရှိရေးအတွက် တရားစွဲအဖွဲ့အစည်းများဖြစ်သည့် ရဲတပ်ဖွဲ့၊ ဥပဒေနှင့် တရားစီရင်သော တရားရုံးများမှ အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးက ထည့်သွင်း ဖြေကြားခဲ့သည်။

နိုင်ငံတွင် အမျိုးသမီးငယ်များအား အကြမ်းဖက်မှုနှင့် ကာယိနြေ္ဒထိခိုက်စော်ကားမှုများမပြုလုပ်နိုင်ရန် ရာဇသတ်ကြီး ဥပဒေပုဒ်မ များနှင့် ကာကွယ်ပြဌာန်းပေးထားသည်။

မည်သူမဆို မိန်းကလေးတစ်ဦး၏ ကာအိနြေ္ဒကို ပျက်စီးစေရန် အကြံဖြင့်သော်လည်းကောင်း၊ ကာယိနြေ္ဒကို ပျက်စီးတန်ရာသည်ကိုသိလျက်နှင့်သော်လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်ကျူးလွန်လျှင် သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုလျှင် ထိုသူအား (၂)နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသော ဥပဒေပုဒ်မဖြင့် ရန်ကုန်တွင် ၂၀၁၅ ခုနှစ်က (၄၇၇)မှု၊ ၂၀၁၆ ခုနှစ်က (၄၆၄)မှု၊ ၂၀၁၇ ခုနှစ်က (၅၃၃)မှု ဟသည်ဖြင့် ဖမ်းဆီးအရေးယူခဲ့မှုများရှိခဲ့ကြောင်း နှင့် ၂၀၁၇ ခုနှစ်အတွင်း မုဒိန်းမှု တိုင်တန်းမှု (၂၇၀)မှုအနက် ရိုးရိုးမုဒိမ်းမှု (၇၈)မှု ပြစ်မှုကျူးလွန်သူ (၇၈)ဦးအားလည်းကောင်း၊ သက်ငယ်မုဒိန်းမှု (၁၉၂)မှုမှ ပြစ်မှုကျူးလွန်သူ (၁၉၄)ဦးအားလည်းကောင်း၊ ဖမ်းဆီးတရားစွဲတင်ပို့ခဲ့ပြီး ကျူးလွန်သူများအား အမြင့်ဆုံးပြစ်ဒဏ်အထိ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း စသည်ဖြင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*