ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ အစိုးရ အဖွဲ့တွေမှာ လူငယ်ပါဝင်မှု နည်းနေသေးဟု UPDJCအတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ထောက်ပြ

ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ အစိုးရ အဖွဲ့တွေမှာ လူငယ်ပါဝင်မှု နည်းနေသေးဟု UPDJCအတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ထောက်ပြ
August 11, 2017 Fame Asian

5:21 pm
ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ အစိုးရ အဖွဲ့တွေမှာ လူငယ်ပါဝင်မှု နည်းနေသေးဟု UPDJCအတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ထောက်ပြ

20729341_1942312359355668_4311703112910992854_n

(ရန်ကုန် ၊ သြဂုတ် ၁၁)

ငြိမ်းချမ်းရေး ၊နိုင်ငံရေးဖြစ်စဉ် နဲ့ အစိုးရ အဖွဲ့ အစည်းတွေမှာ လူငယ်တွေရဲ့ ပါဝင်မှု အတော် အားနည်းနေသေးတယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ကပြောပါတယ်။

သြဂုတ် ၁၂ရက်မှာ ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ” ငြိမ်းချမ်းရေးဖြစ်စဉ် မှာ နိုင်ငံရေး ပါတီတွေက လူငယ်များပါဝင်မှုမြှင့်တင်မှု ဆွေးနွေးပွဲ” ဆိုတဲ့ဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့  မှာ ရန်ကုန်မြို့ မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ၎င်း ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

” သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ကပဲ လူငယ်တွေကို တာဝန်မပေးတာလား ။ဒါမှ မဟုတ် ငြိမ်းချမ်းရေးဖြစ်စဉ် မှာ နှစ်ပေါင်းလေး ငါးဆယ်လောက်ကြာတဲ့ ပဋိပက္ခ ကိုဖြေရှင်းဖို့ လူငယ်တွေမှာ လုံလောက်တဲ့အတွေ့ အကြုံမရှိသေးလို့ ပဲလား၊ လူကြီးတွေ ကပဲ နေရာ မပေးတာလား ဆိုတာ စဉ်းစားရမယ်။လက်ရှိအချိန်ထိတော့ လူငယ်တွေရဲ့ ပါဝင်မှုက တော်တော်လေး နည်းနေသေးတာ တွေ့ ရတယ်။ အဓိကအားဖြင့် နိုင်ငံရေး၊ အစိုးရ အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ မှာပေါ့လေ။ CSO တွေ မှာတော့ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေကြတာ တွေ့ ရပါတယ်” လို့ ဦးစိုင်းကျော်ညွှန့် ကပြောပါတယ်။

လူငယ်တွေကို မလုပ်နိုင်သေးဘူး လို့ မြင်ပြီး လူကြီးတွေက နေရာ မပေးတာဟာ မှားယွင်းတဲ့ အယူအဆလို့ မြင်ကြောင်း၊ အဖွဲ့  အစည်းတိုင်း မှာ လူငယ်တွေကို ယုံယုံကြည်ကြည် နေရာ ပေးဖို့ လိုကြောင်း ၎င်းက ဆက်ပြောပါတယ်။

” လူငယ်တွေ ကိုယ်တိုင်ကလည်း ဘယ်လောက်ထိ ကိုယ်ကိုတိုင် စွမ်းဆောင်နိုင်ပြီလဲ ဆိုတာ အရေးကြီးပါတယ်။ လူကြီးတွေက တာဝန်ပေးဖို့  ဆိုတဲ့နေရာမှာ လူငယ်တွေကလည်း ကိုယ်တိုင် လုပ်နိုင်ပါတယ် ဆိုတာပြဖို့ လိုပါတယ်” လို့ ဦးစိုင်းကျော်ညွှ့န့် ကပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲ ကို နိုင်ငံရေး ပါတီ ၅၀ကျော်က လူငယ်တွေ တက်ရောက်ကြပြီး စကားဝိုင်း ဆွေးနွေးပွဲတွေ၊ အုပ်စု ဖွဲ့ဆွေးနွေးမှုတွေ နဲ့ ပြုလုပ် ဆွေးနွေးခဲ့ကြပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*