ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွါးရေး ၀န်ကြီး ဦးကျော်အေးသိန်းကို သင်္ကြန်အပြီးမှ စုံစမ်းစစ်ဆေးမှုလုပ်မယ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွါးရေး ၀န်ကြီး ဦးကျော်အေးသိန်းကို သင်္ကြန်အပြီးမှ စုံစမ်းစစ်ဆေးမှုလုပ်မယ်
April 10, 2018 Fame Asian

11:49 am
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွါးရေး ၀န်ကြီး ဦးကျော်အေးသိန်းကို သင်္ကြန်အပြီးမှ စုံစမ်းစစ်ဆေးမှုလုပ်မယ်

30530415_1752924058084885_7903427161141280768_n

ရန်ကုန် ၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွါးရေး ၀န်ကြီး ဦးကျော်အေးသိန်းကို သင်္ကြန်အပြီးမှာ ရခိုင်ပြည်နယ်လွှတ်တော်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်၊ ရသေ့တောင်မဲဆန္ဒနယ်အမှတ်(၁) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်(၁၂) ဦးဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွါးရေး ၀န်ကြီး ဦးကျော်အေးသိန်းကို ဥပဒေအရပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာမထမ်းဆောာင်နိုင်လို့ တာဝန်မှ ရပ်စဲနိုင်ရေးဆောင်ရွက်ပေးဖို့ ပြည်နယ်လွှတ်တော်ကို တင်ပြလာတဲ့အတွက် ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို မနေ့ က (ဧပြီလ ၉ရက်နေ့  )က ဖွဲ့ စည်းပေးလိုက်တယ်လို့ သူကပြောပါတယ်။ ပြည်နယ်ဝန်ကြီးကို ပါတီ(၃)ခုမှ လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”စုံစမ်းစစ်ဆေးဖို့ မနေ့ က အဖွဲ့ ဖွဲ့ ပေးလိုက်ပါတယ်။ ကျွန်တော်လည်းအဖွဲ့  ၀င်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကိုတော့ သင်္ကြန်ပြီးတော့မှပဲ စတင်ဆောင်ရွက်နိုင်တယ်။ ကျွန်တော်တို့ စုံစမ်းတွေ့ ရှိချက်တွေကို မေလကုန်နောက်ဆုံးထားပြီး လွှတ်တော်ကိုအစီိရင်ခံစာပြန်လည်တင်သွင်းရမယ်လို့ ပြောပါတယ်” လို့ ဦးဦးသန်းနိုင်ကပြောပါတယ်။

မနေ့ ကဖွဲ့ စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ မှာ လွှတ်တော်ကိုယ်စားလှယ်ငါးဦးပါဝင်ပြီး သံတွဲမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဥက္ကဌဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာမထမ်းဆောာင်နိုင်ခြင်းနဲ့ ဘဏ္ဍာရေးနှစ်အလိုက်ပြည်နယ်ရဲ့ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်နိုင်မှုမရှိခြင်းတို့ ကြောင့် မြို့ နယ်အလိုက်ဆောင်ရွက်ရမယ့်ဖွံ့ ဖြိုးရေးလုပ်ငန်းများမှာ များစွာဆုံးရှုံးနစ်နာနေတဲ့အတွက် ရာထူးမှ ရပ်စဲနိုင်ရေး ဥပဒေနနဲ့ အညီဆောင်ရွက်ပေးပါရန် ၂၀၀၈ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ)အရ တင်ပြတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ၂၀၀၈ ခုနှစ် ဖွဲ့  စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ဂ)အရဖွဲ့ စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြတဲ့အခါ ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမှာဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မင်းကိုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးက ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလက လက်မှတ်ထိုးတိုင်ကြားခဲ့ပြီိးနောက် ယခုလို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းကာ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ဇန်န၀ါရီလ ၁၉ ရက်နေ့စွဲနဲ့ စည်ပင်ဝန်ကြီးဦးအောင်မင်းကို နိုင်ငံတော်သမ္မတက တာဝန်မှရပ်စဲခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*