ရန်ကုန်ုမြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ သုံးမြို့ နယ်ဆက်သွားထားတဲ့လမ်းကို နောက်နှစ်ပြင်မယ်

ရန်ကုန်ုမြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ သုံးမြို့ နယ်ဆက်သွားထားတဲ့လမ်းကို နောက်နှစ်ပြင်မယ်
February 23, 2018 Fame Asian

2:52 pm
ရန်ကုန်ုမြို့ သစ်စီမံကိန်းဧရိယာထဲပါတဲ့ သုံးမြို့ နယ်ဆက်သွားထားတဲ့လမ်းကို နောက်နှစ်ပြင်မယ်

28056135_1702454319798526_3541616408251711676_n

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့ သစ်စီမံကိန်းဖော်ဆောင်မယ့် ဧရိယာထဲမှာ ပါဝင်တဲ့ တွံတေး-ကြည့်မြင်တိုင်-ဆိပ်ကြီးခနောင်တိုမြို့ နယ်တို့ ကို ဆက်သွယ်ထားတဲ့လမ်းကို လာမယ့် နှစ်မှာ ၄ ပုံတစ်ပုံ ကွန်ကရစ်ခင်းပြီး အဆင့်မြှင့်တင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  က မနေ့ က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောပါတယ်။

မနေ့ က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၇) ရက်မြောက်နေ့  မှာ တွံတေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး က “ရန်ကုန်မြို့သစ်စီမံကိန်း ဧရိယာတွင် ပါဝင်သော တွံတေး-ကြည့်မြင်တိုင်- ဆိပ်ကြီးခနောင်တို သုံးမြို့နယ်ဆက်သွယ်ထားသော နှစ်ဘီးသွားလမ်းသည် မည်သည့်ဦးစီးဌာန အောက်တွင် ရှိပါသနည်း၊ ၄င်းလမ်းအား ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းကိုမေးမြန်းခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ် ၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒေါ်နီလာကျော်က အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

”အဲဒီလမ်းကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီိက ခင်းပေးခဲ့တာဖြစ်ပါတယ်။ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ကိုလုပ်ငန်းမအပ်ခဲ့တဲ့အတွက် တွံတေး-ကြည့်မြင်တိုင်- ဆိပ်ကြီးခနောင်တို သုံးမြို့နယ်ဆက်သွယ်ထားတဲ့ နှစ်ဘီးသွားလမ်းဟာ မြို့ တော်စည်ပင်သာယာရေးအဖွဲ့  ကပဲပိုင်ဆိုင်တဲ့လမ်းပါ။ အဲဒီလမ်းကို ကျေးလက်ဒေသဖွံ့ ဖြိုးရေးဦးစီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးရန်ပုံငွေအဖြစ် တွံတေး-ကြည့်မြင်တိုင်လမ်းနာမည်နဲ့ ၂ မိုင် ၂ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ပေးဖို့ ထည့်သွင်းတောင်းခံထားပါတယ်” လို့ သူမက ပြောပါတယ်။

တွံတေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး က ”အခု အဲဒီ ၃ မြို့ နယ်ဆက်လမ်းဟာ ကုန်တင်ယာဉ်ကြီးတွေ တန်ပိုယာဉ်တွေ သွားလာမှုအရမ်းများပြားတဲ့အတွက် အလွန်ဆိုးရွားစွာပျက်စီးလျှက်ရှိနေပါတယ်။ အဲဒီလို ပျက်စီးနေတဲ့အတွက် ပုံမှန်သွားလာနေကြတဲ့ ဒေသခံခရီးသွားပြည်သူများ၊ ကျောင်းသားကျောင်းသူများ က နေ့ စဉ်ဒုက္ခရောက်နေကြရပါတယ်။ လာမယ့်မိုးရာသီမှာလည်း သွားလာလို့ မရလောက်အောင် ဆိုးရွားမယ့်အခြေအနေရှိတယ်” လို့ ဆိုပါတယ်။

တွံတေး-ကြည့်မြင်တိုင်-ဆိပ်ကြီးခနောင်တို သုံးမြို့နယ် ဆက်သွယ် ထားတဲ့ နှစ်ဘီးသွားလမ်းဟာ ၈ မိုင်၊ ၅ ဖာလုံခန့်ရှိပြီး တွံတေးမြို့နယ်အတွင်း ဂျောင်းဝိုင်းကြီး ကျေးရွာမှာ ပေ (၂၀၀၀)ခန့်၊ မငေးအလယ်၊ ထိန်ကုန်းကျေးရွာမှာ ၂ မိုင်၊ ၂ ဖာလုံခန့်ရှိကာ ကျန်လမ်းပိုင်းမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များကို ဖြတ်သန်းသွားတယ်လို့ တိုင်းအစိုးရရဲ့ လွှတ်တော်မှာတင်ပြချက်အရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*