ဆန္ဒပြလိုသူများကို စီစစ်ပြီး အမှန်တကယ်ဆန္ဒပြဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကသုံးသပ်ပြီးမှသာ ခွင့်ပြုမယ့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်း ဒီကနေ့အမျိုးသားလွှတ်တော်မှာတင်သွင်း

ဆန္ဒပြလိုသူများကို စီစစ်ပြီး အမှန်တကယ်ဆန္ဒပြဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကသုံးသပ်ပြီးမှသာ ခွင့်ပြုမယ့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်း ဒီကနေ့အမျိုးသားလွှတ်တော်မှာတင်သွင်း
February 19, 2018 Fame Asian

5:44 pm
ဆန္ဒပြလိုသူများကို စီစစ်ပြီး အမှန်တကယ်ဆန္ဒပြဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကသုံးသပ်ပြီးမှသာ ခွင့်ပြုမယ့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်း ဒီကနေ့အမျိုးသားလွှတ်တော်မှာတင်သွင်း

img1

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၉

ဆန္ဒပြလိုသူများကို စီစစ်ပြီး အမှန်တကယ်ဆန္ဒပြဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက သုံးသပ်ပြီးမှသာ ခွင့်ပြုမယ့် ငြိမ်းစုစီဥပဒေပြင်ဆင်ချက်မူကြမ်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာ အမျိုးသားလွှတ်တော်ပုံမှန်အစည်းကို ဥပဒေကြမ်းကော်မတီိက တင်သွင်းလိုက်တယ်လို့ အဲဒီကော်မတီကပြောပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ပြဌာန်းထားပြီိးဖြစ်တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို အပုဒ် ၆ ပုဒ်ဖြည့်စွက်ပြင်ဆင်လိုက်ကာ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ဒီကနေ့  အမျိုးသားလွှတ်တော်ကိုတင်သွင်းခြင်းဖြစ်ပါတယ်။

ယခုပြင်ဆင်လိုက်တဲ့ ဥပဒေပြင်ဆင်ချက်မူကြမ်းမှာ ဆန္ဒထုတ်ဖော်လိုတဲ့ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တို့ ဟာ သက်ဆိုင်ရာမြို့ နယ်ရဲစခန်းကို အနည်းဆုံး ၄၈ နာရီအကြောင်းကြားစာပေးပို့ ရမှာဖြစ်ပြီး အဲဒီအကြောင်းကြားစာမှာ ဆန္ဒထုတ်ဖော်လိုတဲ့ လူပုဂ္ဂိုလ်၊အဖွဲ့ အစည်းရဲ့ အချက်အလက်များဖော်ပြပေးရမှာဖြစ်ကာ သုံးစွဲသွားမယ့်ငွေကြေးပမာဏကိုပါထည့်သွင်းဖော်ပြရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီမှသိရပါတယ်။

အကယ်၍ ဆန္ဒထုတ်ဖော်မှုကို ငွေကြေးထောက်ပံ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းရှိရင်လည်း အလားတူပဲသူတို့ နဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို ဖော်ပြပေးပို့ ရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ပြောပါတယ်။

”တစ်ချို့ က အခွင့်အရေးကို အလွဲအသုံးချပြီး ငွေကြေးအသုံးပြုပြီး ဆောင်ရွက်ကြတာရှိတယ်။ အမှန်တကယ်လိုအပ်လို့ ဆန္ဒထုတ်ဖော်တာမျိုးမဟုတ်ဘဲ အကျိုးစီးပွားအတွက် ဆောင်ရွက်မှုတွေအတွက် ပြန်ပြီးစီစစ်တဲ့ အချက်တွေ ဒီဥပဒေပြင်ဆင်ချက်ထဲမှာ ထည့်ထားပါတယ်။ သက်ဆိုင်ရာ မြို့ နယ်ရဲစခန်းတွေမှာ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုပေးပို့ ထားမယ်။ လိုက်နာရမယ့် အချက်တွေကို ပြည့်ပြည့်စုံစုံလိုက်နာမယ့် အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တွေကိုပဲ သေချာစီစစ်ပြီး ခွင့်ပြုသင့်မှ ခွင့်ပြုသွားမှာဖြစ်ပါတယ် ဒီဥပဒေပြင်ဆင်ချက်က” လို့ သူမကပြောပါတယ်။

ယခုပြင်ဆင်လိုက်တဲ့ ငြိမ်းစုစီဥပဒေမူကြမ်း၊ ပြစ်မှုပြစ်ဒဏ်အခန်းမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူတို့ရဲ့ ကိုယ့်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်နဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်အောင် ငွေကြေးထောက်ပံ့မှု၊ စည်းရုံးဟောပြောမှုတွေလုပ်ရင် အဲဒီသူကို ၃ နှစ်ထက်မပိုတဲ့ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်ဆိုတဲ့အချက်ပါဝင်လာတယ်လို့ သိရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့သူတွေကို ပြစ်မှုထင်ရှားရင် ၁၅ ရက်အတွင်းသက်ဆိုင်ရာ တရားရုံးကို ရဲတပ်ဖွဲ့  ကတရာားစွဲဆိုချက်တင်ရမယ်လို့ လည်းပြင်ဆင်ဖြည့်စွက်ထားတယ်လို့ ဒေါ်နွယ်နွယ်အောင်ကပြောပါတယ်။

”တစ်ချို့ ပြည်သူတွေက ဘာမှမသိဘူး။ ခုနပြောသလိုပေါ့ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် သူတို့ ကိုယ်ကျိုးစီးပွားအတွက် ဆန္ဒထုတ်ဖော်မှုမှာပါဝင်လာအောင် ငွေကြေးအကူအညီပေးတာ၊ စည်းရုံးဟောပြောတာတွေလုပ်ရင် သူတို့ ကို ၁၅ ရက်အတွင်း ရဲစခန်းက တရားရုံးကိုစွဲချက်တင်တရားစွဲရမယ်ဆိုတဲ့အချက်ပါဝင်လာပါတယ်။ ပြီးတော့ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ဥပမာ ပဲခူးကနေ ရန်ကုန်ကို ချီိတက်လမ်းလျှောက်ဆန္ဒပြမယ်ဆိုရင် အဲဒီကြားထဲမှာရှိနေတဲ့ မြို့ နယ်အားလုံးရဲ့ရဲစခန်းတွေကို အနည်းဆုံး ၄၈ နာရီအတွင်းအသိပေးအကြောင်းကြားရမယ်ဆိုပြီးပါဝင်လာပါတယ်” လို့ သူမကဆက်ပြောပါတယ်။

ဒီကနေ့ တင်သွင်းလိုက်တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ ပြဌာန်းထားပြီးဖြစ်တဲ့ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ က ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈ အဖြစ်ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*