လုပ်သား ဝန်ထမ်းများ သာမက လုပ်ငန်းရှင်များပါ သင်္ကြန် ပိတ်ရက် ၁၀ ရရှိရန် လိုလားနေ

လုပ်သား ဝန်ထမ်းများ သာမက လုပ်ငန်းရှင်များပါ သင်္ကြန် ပိတ်ရက် ၁၀ ရရှိရန် လိုလားနေ
March 13, 2017 Asian Fame

2:52 pm
လုပ်သား ဝန်ထမ်းများ သာမက လုပ်ငန်းရှင်များပါ သင်္ကြန် ပိတ်ရက် ၁၀ ရရှိရန် လိုလားနေ

(ရန်ကုန်၊ မတ် ၁၃)

လုပ်သား ဝန်ထမ်းများ သာမက လုပ်ငန်းရှင် များပါ သင်္ကြန် ပိတ်ရက် ၁၀ ရက် ရရှိရန် လိုလားကြသည် ကို တွေ့ရှိရကြောင်း အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလရုံးပိတ်ရက် ၁၀ ရက်အပြည့် လုပ်သား ဝန်ထမ်းများ ရရှိနိုင်ရေး စီစဉ်ပေးနိုင်ရန် လုပ်ငန်းရှင် များနှင့် အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်တို့ မတ်လ ၁၃ ရက်နေ့ ကုန်သည်စက်မှု အသင်းချုပ် တွင် တွေ့ဆုံဆွေးနွေး စဉ်၎င်း ကပြောဆိုခြင်းဖြစ်သည်။

ပြည်ထောင်စု အစိုးရ၏ အမိန့်ကြော်ငြာစာ အရ သင်္ကြန် ရုံးပိတ်ရက်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၅ ရက်ကြာ တရား ဝင်ပြောင်းလဲ သတ်မှတ် ထားသော်လည်း လုပ်သား ဝန်ထမ်းများ၏ လိုလားချက်နှင့် ရုံးပိတ်ရက် အတွက် ကြိုတင်ပြင်ဆင်နိုင်ရေး အခက်အခဲများ ရှိနေသဖြင့် ရုံးပိတ်ရက် ၁၀ ရက်အပြည့် ရရှိအောင် အခြားနည်းလမ်းများဖြင့် ညှိှုနှိုင်းစီစဉ်ပေးနိုင် ရန် ဆွေးနွေး ခဲ့ကြ သည်။

အပို ပိတ်ရက် ၅ ရက်အား ခွင့်အဖြစ် သတ်မှတ်ပေးခြင်း၊ အခြား ရုံးပိတ်ရက် များတွင် ရက် အစားထိုး လုပ်ဆောင်စေခြင်း၊ ပုံမှန်အလုပ်ချိန် တွင် အချိန် ထည့်ဆောင်းခြင်း စသည့် နည်းလမ်း အမျိုးမျိုး၏ အားသာချက်၊ အားနည်းချက်များကို အကြံပြုဆွေးနွေး ခဲ့ကြပြီး သင်္ကြန်ပိတ်ရက် ၁၀ ရက် အပြည့် ရရှိရန် စီစဉ်ပေးရာတွင် ဝန်ကြီးဌာနမှ သတ်မှတ်ချက် ထုတ်ပြန်ပေးခြင်းထက် လုပ်ငန်း အမျိုး အစားနှင့် လုပ်ငန်းခွင် အခြေအနေ အမျိုးမျိုး ရှိသည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် လုပ်သားဝန်ထမ်း များ အကြား နှစ် ဦးနှစ်ဖက် သဘောတူစီစဉ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*