Re-Export သကြားတင်သွင်းခွင့်ကိုယခုလကုန်တွင် ပြန်လည်သုံးသပ်မည်

Re-Export သကြားတင်သွင်းခွင့်ကိုယခုလကုန်တွင် ပြန်လည်သုံးသပ်မည်
January 9, 2018 Fame Asian

1:58 pm
Re-Export သကြားတင်သွင်းခွင့်ကိုယခုလကုန်တွင် ပြန်လည်သုံးသပ်မည်

26731216_1658233714220587_6483119099699666141_n

နေပြည်တော် ဇန်နဝါရီ ၉

Re Exportလိုင်စင်ဖြင့်သကြားတင်သွင်းခွင့်များကို ဈေးကွက်လိုအပ်ချက်နှင့်ပြည်တွင်းသကြားထုတ်လုပ် နိုင်မှုအခြေအနေများအပေါ်မူတည်ပြီးယခုလကုန်တွင် ပြန်လည်သုံးသပ်ဆွေးနွေးသွားမည်ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

“လက်ရှိမှာတော့တရုတ်ဖက်ကသကြားဝယ်လိုအားက မြင့်နေပါတယ်။ဈေးကလည်းကောင်းနေပါတယ်။ဒီအ ချိန်မှာပြည်တွင်းကနေတင်ပို့နိုင်တဲ့ပမာဏကမနှစ်ကဘဏ္ဍာနှစ်ထက်အများကြီးလျော့နေပါတယ်။ဒါကြောင့်အဖက်ဖက်ကပြန်ပြီးသုံးသပ်တင်ပြဖို့လုပ်နေပါတယ်။ဒီလကုန်လောက်မှာRe-Exportသကြားတင်သွင်းခွင့်ကိုပြန်သုံးသပ်သွားဖို့ရှိနေပါတယ်။ခုလတ်တလောတော့ Re-Exportသကြားလိုင်စင်ကပိတ်ထားပါတယ်”ဟုစီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလက် ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။

Re-Exportလိုင်စင်ဖြင့်သကြားတင်သွင်းခွင့်ကို ပြည်တွင်းဈေးကွက်နှင့်ပြည်ပလိုအပ်ချက်များအပေါ်မူတည်ပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှအခါအားလျော်စွာအဖွင့်အပိတ်ပြုလုပ်လေ့ရှိသည်။

လက်ရှိတွင်ယခင်ကRe-Exportလိုင်စင်ဖြင့်သကြား တင်သွင်းခွင့်လျှောက်ထားခဲ့သည့်ကုမ္မဏီများကိုပြည်ပသို့အမှန်တကယ်ပြန်လည်တင်ပို့ခြင်းရှိမရှိစိစစ်မှုများ ပြုလုပ်နေပြီးပျက်ကွက်သည့်ကုမ္မဏီများကိုအရေးယူ မှုများဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်းသကြားတင်ပို့မှုပမာဏမှာ ကာလတူထက် တန်ချိန်(၈၀၀၀၀)ခန့်လျော့နည်းနေပြီး ပြည်တွင်းထုတ်လုပ်နိုင်မှုနှင့်ပြည်ပဝယ်လိုအားအပေါ်မူတည်၍ ဆုံးဖြတ်သွားရန်ရှိနေသည်ဟုသိရသည်။

အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*