မန္တလေးမြို့မှာ အစိုးရဆန့်ကျင်တဲ့ သပိတ်စခန်း ဖွင့်တဲ့ သံဃာတော် ၆ ပါး ကို ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လချ

မန္တလေးမြို့မှာ အစိုးရဆန့်ကျင်တဲ့ သပိတ်စခန်း ဖွင့်တဲ့ သံဃာတော် ၆ ပါး ကို ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လချ
December 27, 2017 Asian Fame

12:40 pm
မန္တလေးမြို့မှာ အစိုးရဆန့်ကျင်တဲ့ သပိတ်စခန်း ဖွင့်တဲ့ သံဃာတော် ၆ ပါး ကို ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လချ

1(မန္တလေး၊ဒီဇင်ဘာ ၂၇)

မန္တလေးမြို့မှာ အစိုးရဆန့်ကျင်တဲ့သပိတ်စခန်း ဖွင့်လို့ ဖမ်းဆီးတရားစွဲခံရတဲ့ သံဃာတော် ၆ ပါး ကို မန္တလေး ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် နဲ့ ၆ လချမှတ်လိုက်ပါတယ်။

၎င်းတို့အနေနဲ့ ချုပ်ရက်ခံစားခွင့်ရမှာဖြစ်ပြီး ၄င်းတို့ရဲ့ရှေ့နေကတော့ အယူခံဝင်မှာဖြစ်တယ် လို့ ပြောပါတယ်။

3

အဲဒီ့ဆရာတော် ၆ပါးဟာ တိုင်းအစိုးရကနေပြီး သပိတ်စခန်းကနေ ဖယ်ရှားပေးဖို့၊သပိတ်စခန်းသိမ်းဖို့ အစရှိတဲ့ညွှန်ကြားချက်တွေကို မလိုက်နာဘဲဖောက်ဖျက်ခဲ့လို့ ဆိုပြီး အာမခံမရဘဲ အမှုရင်ဆိုင်နေတာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းကပါ။

ရန်ကုန်မြို့ က ရွှေတိဂုံစေတီတော်ကြီး အနီး ကြေးသွန်းဘုရားကြီး ရှေ့မှာ ဖွင့်ခဲ့တဲ့ အစိုးရဆန့်ကျင်တဲ့သပိတ်စခန်းကတော့ ခပ်မြန်မြန်ဖယ်ရှား ရုတ်သိမ်းလိုက်တာကြောင့် သပိတ်စခန်းဦးဆောင်ဖွင့်ခဲ့ကြတဲ့ ရဟန်းတွေ အမှုဖွင့်တရားစွဲဆိုတာမခံခဲ့ရပါဘူး။

သတင်း+ဓါတ်ပုံ-စောထွေး

2

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*