ပြည်ပက By Name နဲ့ တပ်ခေါ်တဲ့ နိုင်ငံခြားခရီးစဉ်တွေကို ဆရာ/မများ မသွားရန် ပညာရေးဝန်ကြီးဌာနကန့်သတ်

ပြည်ပက By Name နဲ့ တပ်ခေါ်တဲ့ နိုင်ငံခြားခရီးစဉ်တွေကို ဆရာ/မများ မသွားရန် ပညာရေးဝန်ကြီးဌာနကန့်သတ်
December 22, 2017 Fame Asian

2:46 pm
ပြည်ပက By Name နဲ့ တပ်ခေါ်တဲ့ နိုင်ငံခြားခရီးစဉ်တွေကို ဆရာ/မများ မသွားရန် ပညာရေးဝန်ကြီးဌာနကန့်သတ်

notice

နေပြည်တော်၊ဒီဇင်ဘာ၂၂

၂၀၁၈ နှစ်စကနေစပြီး ပြည်ပကနေ By Name နဲ့ တပ်ခေါ်လာတဲ့ အခြေခံ နဲ့ အဆင့်မြင့်က ဆရာ/မ တွေရဲ့ ပညာရေးခရီးစဉ်များအားလုံး ကို အရင်ကလို ခွင့်ပြုစေလွှတ်တော့မှာ မဟုတ်ဘူး လို့ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့စွဲနဲ့ အသိပေးကြေညာလိုက်ပါတယ်။

By Name နဲ့ တပ်ခေါ်တဲ့ ပြည်ပခရီးစဉ်ဆိုသည်က သင်တန်း၊ပညာတော်သင်၊ဆွေးနွေးပွဲ၊အစည်းအဝေး၊စာတမ်းဖတ်ပွဲ၊ညီလာခံ၊ဖိုရမ်၊ချစ်ကြည်ရေးနဲ့ လေ့လာရေးခရီးစဉ် စတာတွေ အားလုံးပါတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ဘာကြောင့် ခွင့်မပြုတော့တာလဲ ဆိုတာကိုတော့ ပညာရေးဝန်ကြီးဌာနက ကြေညာစာထဲ မပြောထားပါဘူး။

ကြေညာစာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ”ဘာ့ကြောင့် ခွင့်မပြုတာလဲ ဆိုတာကို ထုတ်ပြန်ကြေညာစာရဲ့ ဒုတိယအပိုဒ်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာန၊၀န်ကြီးရုံးကနေ ရည်ညွှန်းချက်ပါစာ နဲ့ခွင့်မပြုကြောင်း အကြောင်းကြားလာတဲ့အတွက် ပညာရေးဝန်ထမ်းတွေ သိရှိစေဖို့ ထုတ်ပြန်ကြေညာလိုက်တာပါ”လို့ Popular News ကိုပြောပါတယ်။

ဝန်ကြီးရုံးဘက်က ဘာကြောင့် ခွင့်မပြုတော့တာလဲ ဆိုတဲ့ ကိစ္စရပ်အပေါ် ညွှန်ကြားရေးမှူးချူပ်က ပညာရေးဝန်ကြီးဌာန၊၀န်ကြီးရုံးကသာ မူဝါဒချမှတ်ကြောင်း၊ချမှတ်သည့် မူဝါဒကို ၎င်းတို့က အကောင်အထည်ဖော်ပေးရကြောင်းသာ ပြောပြီး၊အခြား အကြောင်းပြချက်မပေးခဲ့ပါဘူး။

ပညာရေးဝန်ကြီးဌာန ရဲ့ ယခုထုတ်ပြန်ချက်ကို ဆရာ/မ အသိုင်းကတော့ သိပ်ပြီးမကြိုက်ကြဘူးလို့မြန်မာနိုင်ငံဆရာ/မများ အဖွဲ့ချုပ် အတွင်းရေးမှူး(အဆင့်မြင့်ပညာရေးကဏ္ဍ) တက္ကသိုလ်ဆရာ ဦးဇော်မျိုးလှိုင်က ပြောပါတယ်။

”ကိုယ့်စာတမ်းကြောင့် ပြည်ပက By Name နဲ့ ဖိတ်တဲ့အခါမျိုး၊ဆရာ/မ အသင်းတွေကို ဖိတ်တဲ့အခါမျိုးဆို ဘယ်လိုလုပ်မလဲ၊လုံးဝ မသွားရတော့ဘူးလား၊ကြေညာစာက လုံးဝမသွားခိုင်းဘူး ဖြစ်နေတယ်၊ခွင့်ပြုပေးနိုင်တဲ့ ဌာနဆီကို တင်ပြခြင်းမပြုရေးအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် ဆိုတဲ့စကားလုံးကတော့ အာဏာရှင်ဆန်လွန်းတယ်”လို့ သူက ပညာရေးဝန်ကြီးဌာနကို ဝေဖန်ပါတယ်။

နိုင်ငံက ဆရာ/မ တွေအနေနဲ့ ပြည်ပကိုထွက်ပြီး လေ့လာဖို့ရာ၊သင်ယူဖို့ရာ၊ဆွေးနွေးနိုင်ဖို့ရာ၊မျှဝေနိုင်ဖို့ရာ၊စာတမ်းဖတ်နိုင်ဖို့ရာ ငွေကြေးအားဖြင့် မပြည့်စုံကြကြောင်း၊ အကုန်အကျခံပြီး ၍လည်း မသွားနိုင်ကြကြောင်း၊ ပြည်ပက အကုန်အကျခံပြီး ဖိတ်ခေါ်မှသာ သွားနိုင်ကြသည့် အနေအထားသာ ရှိပါတယ်လို့ ဦးဇော်မျိုးလှိုင်ကဆက်ပြောပါတယ်။

‘ဟိုခေတ်တွေကလို နိုင်ငံခြားထွက်ပြီး ပြန်မလာတော့တဲ့ အလုပ်မျိုးကို ခုခေတ်ဘယ်ဆရာ/မ ကမှ မလုပ်ကြပါဘူး။လုပ်လည်းမလုပ်နိုင်ကြပါဘူး။လုပ်မှာလဲ မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*