စစ်တောင်းစက္ကူစက်ရုံ ပိတ်သိမ်းကြောင်း ရွှေသံလွင်ဟိုင်းဝေးကြေညာ

စစ်တောင်းစက္ကူစက်ရုံ ပိတ်သိမ်းကြောင်း ရွှေသံလွင်ဟိုင်းဝေးကြေညာ
November 30, 2017 Asian Fame

11:30 am
စစ်တောင်းစက္ကူစက်ရုံ ပိတ်သိမ်းကြောင်း ရွှေသံလွင်ဟိုင်းဝေးကြေညာ

Sittaung(ကျိုက်ထို ၊ နိုဝင်ဘာ ၃၀)

ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ(Shwe Than Lwin Highway Co., Ltd)ကို နှစ်ရှည်စာချု့ပ်နဲ့ငှားရမ်းထားတဲ့ စစ်တောင်းစက္ကူစက်ရုံကို ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက် အမှတ် (၁) မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ရှိ စက္ကူစက်ရုံ(စစ်တောင်း)ရဲ့မြေဧရိယာ ၆၉၈.၄၂ အပေါ်က အဆောက်အဦးတွေ စက်ပစ္စည်းတွေ လျှပ်စစ်ဓါတ်အားခွဲရုံတွေ ၊ ထရမ်စဖော်မာတွေ ၊ ရေပေးဝေရေးစက်ရုံတွေ နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ၀န်ထမ်းအိမ်ယာ အဆောက်အ ဦးတွေ နဲ့ မွန်ပည်နယ်အစိုးရအဖွဲ့ပိုင် စက်မှုကုန်ကြမ်း စိုက်ခင်းမြေ ၉.၆၃၀ ဧကအတွက် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီကနေ အစိုးရအဖွဲ့ကိုယ်စားစိုက်ထုတ်ပေးသွင်းငွေ ကျပ် ၄၆၄.၅၈၁ သန်းကို ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ် လှူဒါန်းဖို့ ပြည်နယ်အစိုးရအဖွဲ့ ရုံးကခွင့်ပြုပြီးဖြစ်တာကြောင့် လုပ်ငန်းဆက်လက်ဆောင်ရွက်ဖို့ မရှိတော့တဲ့အတွက် စစ်တောင်းစက္ကူစက်ရုံကို နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး ပိတ်သိမ်းမယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုပိတ်လိုက်ရတဲ့အတွက် စက်ရုံဝန်ထမ်းတွေကို နိုင်ငံတော်ဥပဒေအတိုင်း အလုပ်ရပ်မှုနစ်နာကြေး ၃ လစာ ၊ နို့တစ်ကြေး ၁ လစာ ၊ လုပ်သက်ခွင့် ၁ လစာ၊ စုစုပေါင်း ၅ လစာ ပေးသွားမယ်လို့လည်း ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ဆိုထားပါတယ်။

လက်ရှိ စစ်တောင်းစက္ကူစက်ရုံမှာ ၀န်ထမ်းအင်အား ၄၀၀ ကျော်လောက်ရှိနေတယ်လို့လည်း ကျိုက်ထိုမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောပါတယ်။

“၀န်ထမ်း ၄၀၀ကျော်လောက်ရှိတယ်။ စက္ကူစက်ကြီးက ရပ်ထားတာတော့တော်တော်ကြာပြီ။ ဟိုတစ်လောကလည်း ပြည်နယ်အစိုးရအဖွဲ့က ပြန်ယူဖို့လုပ်နေသေးတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာလည်း ဒီစက္ကူစက်ရုံကို ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီဆီက နေ ပြန်လည်လွှဲပြောင်းရယူနိုင်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

“ကျွန်တော်တို့အစိုးရအဖွဲ့က ပြန်လွှဲယူဖို့လုပ်နေပါတယ်။ အဲ့ဒီကိစ္စတွေ အားလုံးပြီးတော့မှပဲ စက်ရုံကို ဘာဆက်လုပ်မလဲစဉ်းစားတော့မယ်” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*