မန္တလေးမှာ ကျင်းပခဲ့တဲ့ “ကလေးလွှတ်တော်”

မန္တလေးမှာ ကျင်းပခဲ့တဲ့ “ကလေးလွှတ်တော်”
November 21, 2017 Asian Fame

2:35 pm
မန္တလေးမှာ ကျင်းပခဲ့တဲ့ “ကလေးလွှတ်တော်”

1မန္တလေး ၊ နိုဝင်ဘာ ၂၁

နိုဝင်ဘာ ၂၀ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အခမ်းအနားအထိန်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ “ကလေးလွှတ်တော်” ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးခရိုင်အတွင်းက အစိုးရကျောင်းတွေ ၊ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသား/သူတွေကိုယ်တိုင် လွှတ်တော်ဥက္ကဌ ၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ပါဝင်သရုပ်ပြပြီး အဆိုတင်တာ ဆွေးနွေးတာတွေကိုပြုလုပ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက “တကယ့် လွှတ်တော်ကြီးလို ပေါ့ဗျာ။ ကလေးတွေအတွက်ပွဲကျင်းပပေးတာ။ ကလေးတွေက အဆိုတင်တာ ပြန်ဆွေးနွေးတာ ပုံစံမျိုးပါ။ လွှတ်တော်ယဉ်ကျေးမှုကို ကလေးတွေ ကျွမ်းဝင်နေစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘေးကနေ၀န်းရံပေးတယ်ပေါ့ဗျာ။ ပြီးတော့ သူတို့ရဲ့ ကျောင်းတွေက ဆရာ/မတွေလည်းတက်ရောက်ပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဝင်းထဲက သဘင်ဆောင်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းအနားကိုမပြုလုပ်ခင် သူတို့ရဲ့သက်ဆိုင်ရာကျောင်းတွေမှာလည်း အစမ်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

YL

2

3

4

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*