ယခင်က ပြည်ခိုင်ဖြိုးအသင်း ရန်ပုံငွေ ပုဂ္ဂလိက ရေယာဉ်လိုင်းကို တိုင်းအစိုးရ အမြန်ုဆုံး စိစစ်မည်ဟုဆို

ယခင်က ပြည်ခိုင်ဖြိုးအသင်း ရန်ပုံငွေ ပုဂ္ဂလိက ရေယာဉ်လိုင်းကို တိုင်းအစိုးရ အမြန်ုဆုံး စိစစ်မည်ဟုဆို
November 21, 2017 Asian Fame

2:35 pm
ယခင်က ပြည်ခိုင်ဖြိုးအသင်း ရန်ပုံငွေ ပုဂ္ဂလိက ရေယာဉ်လိုင်းကို တိုင်းအစိုးရ အမြန်ုဆုံး စိစစ်မည်ဟုဆို

Pရန်ကုန် ၊ နိုဝင်ဘာ ၂၁)

တစ်လသိန်း ၉၀ ခန့် ဝင်ငွေရနေတဲ့ ယခင်က ပြည်ခိုင်ဖြိုး အသင်းရန်ပုံငွေ ဖြစ်ခဲ့တဲ့ ပုဂ္ဂလိက စက်တပ်ရေယာဉ်လိုင်းတစ်ခုကို ဘေးကင်းလုံခြုံမှုမရှိလို့ စစ်ဆေးပေးဖို့ ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုတိုင်းလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမေးမြန်းခဲ့ပါတယ်။

အဲဒီပုဂ္ဂလိကစက်တပ်ရေယာဉ်လိုင်းဟာ ဆိပ်ကြီးခနောင်တိုမြို့ နယ်ကို ရေယာဉ် ၁၇၀ ကျော်နဲ့ ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကတော့ အမြန်ဆုံး စိစစ်ပြီး ထိထိရောက်ရောက်ဆောင်ရွက်ပေးမယ်လို့ မနေ့က ပြောပါတယ်။

မနေ့ ကပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဆိပ်ကြီးခနောင်တိုမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ”ဆိပ်ကြီးခနောင်တိုမြို့ နယ်ရှိ စက်တပ်ရေယာဉ်လိုင်းတစ်ခုတွင် နေ့ စဉ်သွားလာနေသည့် ခရီးသွားပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် မည်သို့ စီမံဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း၊ ယင်းရေယာဉ်လိုင်းတွင်တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများသည် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေနှင့်အညီ ဖွဲ့ စည်းထားခြင်းရှိမရှိ” သိလိုကြောင်းမေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြန်လည်ဖြေကြားခဲ့တာပါ။

P1”ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်ကိုလည်း ဒုတိယ အဆင့်အနေနဲ့ water bus ဆွဲဖို့ စီစဉ်နေပါတယ် ဒါကလည်း ဆိပ်ကမ်းအာဏာပိုင်တို့ လို ရေကြောင်းဌာနတွေနဲ့ အမြဲတမ်းညှိနှိုင်းပြီးဆောင်ရွက်ရတဲ့ကိစ္စတွေဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အခြေအနေကိုအမြန်ဆုံးစီစစ်ပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်ပေးပါ့မယ်လို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။မေးခွန်းမေးမြန်းတဲ့ ဦးသန်းဆွေက အောက်ခြေက တင်ပြတာလောက် နဲ့ နှစ်သိမ့်မနေဘဲ ကိုယ်တိုင် နယ်မြေကိုဆင်းကြည့်ဖို့ ဝန်ကြီးဒေါ်နီလာကျော်ကိုမနေ့ ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာပြောခဲ့ပါတယ်။

အဲဒီ စက်တပ်ရေယာဉ်လိုင်းဟာ နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် မြင်းကောင်ရေ ၂၀ အောက်စက်တပ်ရေယာဉ် များနဲ့ သက်ဆိုင်ရာ မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ ရေယာဉ်လိုင်စင် သက်တမ်းတိုးဆောင်ရွက်စဉ် ဦးစီးဌာနက ကွင်းဆင်း စစ်ဆေးကာ ရေယာဉ်လိုင်စင်ထုတ်ပေးလျက်ရှိပြီးတော့ ခရီးသည်တင်ရေယာဉ် လုံလောက်မှုရှိတယ်လို့ ရေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တိုင်းအစိုးရကိုဖြေကြားထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌ ဦးခင်မောင်စိုးကတော့ ပါတီကမပိုင်ဘဲ ရေယာဉ်ပိုင်ရှင်တွေသာ ပိုင်တယ်လို့ ဖြေကြားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*