နေပြည်တော်တွင်ကျင်းပခဲ့သည့် တက္ကသိုလ် ဆရာ/မများ ရာထူးတိုး/ပြောင်း ‘မူ’များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ ကို တက္ကသိုလ် ဆရာ/မများအသင်းကန့်ကွက်

နေပြည်တော်တွင်ကျင်းပခဲ့သည့် တက္ကသိုလ် ဆရာ/မများ ရာထူးတိုး/ပြောင်း ‘မူ’များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ ကို တက္ကသိုလ် ဆရာ/မများအသင်းကန့်ကွက်
November 14, 2017 Asian Fame

12:10 pm
နေပြည်တော်တွင်ကျင်းပခဲ့သည့် တက္ကသိုလ် ဆရာ/မများ ရာထူးတိုး/ပြောင်း ‘မူ’များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ ကို တက္ကသိုလ် ဆရာ/မများအသင်းကန့်ကွက်

uta(ရန်ကုန် ၊နိုဝင်ဘာ၁၄)

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တက္ကသိုလ်/ကောလိပ် ဆရာ/မများ ရာထူးတိုး/ပြောင်း ရာတွင် ထားရှိသွားမည့် ‘မူ’များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ပညာရေးပြည်ထောင်စုဝန်ကြီးအပါအ၀င် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ၊လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများ နှင့် ဆရာ/မ များ တက်ရောက်ခဲ့ကြသည်။

တက္ကသိုလ်ဆရာ/မ အသင်းဝင်အချို့ကိုပါ ယင်းဆွေးနွေးပွဲ၌ တွေ့ခဲ့ရသည်။

နေပြည်တော်၌ ဆွေးနွေးပွဲ ကျင်းပပြီး ၅ရက်အကြာ ယနေ့ နေ့စွဲဖြင့် တက္ကသိုလ်ဆရာ/မများအသင်းက အထက်ပါဆွေးနွေးပွဲကို ကြေညာစာထုတ်ပြီးကန့်ကွက်လိုက်သည်။(အပြည့်အစုံကိုကြေညာစာတွင်ဖတ်ရှုနိုင်ပါသည်)

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*