တပ်မတော် နဲ့AA တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရှောင် ဒုက္ခသည် ၃၅၀ လောက်ရှိလာ

တပ်မတော် နဲ့AA တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရှောင် ဒုက္ခသည် ၃၅၀ လောက်ရှိလာ
November 14, 2017 Asian Fame

1:31 pm
တပ်မတော် နဲ့AA တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရှောင် ဒုက္ခသည် ၃၅၀ လောက်ရှိလာ

Palatwa(ပလက်ဝ ၊ နိုဝင်ဘာ ၁၄)

နိုဝင်ဘာ ၂ ရက်နေ့ စတင်ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက တပ်မတော်နဲ့ AAလက်နက်ကိုင်အဖွဲ့ တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒီကနေ့ ထိ စစ်ရှောင်ဒုက္ခသည် ၃၅၀ လောက်ထွက်ပြေးတိမ်းရှောင်နေရပြီး ကျောင်းသားတစ်ဦးသေဆုံးခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန ကနေသိရပါတယ်။

ရှင်းလက်ဝ ကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၅၉ စု (လူဦးရေ-၃၀၆ ဦး) ၊ အောက်ဘလိုင်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂ စု (လူဦးရေ ၈ ဦး) ၊ ဘဲဒင်ဝကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ-၈ ဦး) ၊ ကာရာမိတ်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ ၁၀ ဦး) ၊ ဒိုးချောင်းဝကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၂စု (လူဦးရေ – ၂ဦး) တို့ ဟာ နေထိုင်ရာကျေးရွာတွေကနေထွက်ပြေးတိမ်းရှောင်ပြီး ဘဲဒင်ဝ ကျေးရွာထဲက ဘေးလွတ်ရာနေရာမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေအထိ ရရှိထားတဲ့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့စာရင်းအရသိရပါတယ်။

“ဆန် ၊ ဆီ ၊ ဆား ၊ ပဲ ကို စစ်ရှောင်တွေ အတွက်တစ်လစာထောက်ပံ့ပေးထားပါတယ်။ တစ်ခြားလိုအပ်တာတွေကိုလည်း တာဝန်ရှိသူတွေကွင်းဆင်းပြီး စစ်ဆေးဖြည့်တင်းပေးသွားဖို့လုပ်နေပါတယ်” လို့ လူကယ်ပြန်ဝန်ကြီးဌာနက ဦးစီးအရာရှိ ကပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့တွင်၊ နူုံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားတွေ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းကို AA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ဗံ ကျောင်းသားတစ်ဦး နဲ့ ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားအမျိုးသမီး ၃ ဦး ကိုတော့ လိုအပ်တာတွေ ထောက်ပံ့ထားပြီးဖြစ်တယ်လို့ အဆိုပါ ဦးစီးအရာရှိက ဆိုပါတယ်။

လက်ရှိမှာလည်း ပလက်ဝမြို့နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ချင်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေအိုးထီးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၈) ရက်နေ့မှာ ကုလားတန်မြစ်ကြောင်းနံဘေးရှိ “နှုန်းဘူး”ကျေးရွာ ၊ “င/ချက်အောက်” အကြား၊ နိုဝင်ဘာ ၁၀/၁၁/၁၂ နေ့တွေမှာ ဒိုးချောင်းဝ ၊ ရီချမ်းသာ ၊ ဒိုးရီ တောင် ၊ ရႊီလိုင္ပြီ ၊ ပြီးလိုင္ဝ စတဲ့ကျေးရွာအနီးအနား ၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ယခင်နေရာများမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်ဒုက္ခသည်တွေ ထပ်တိုးလာနိုင်တယ်လို့လည်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေက ဆိုကြပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*