မုံရွာ-မန္တလေးလမ်းပိုင်းတွင် ရေကျော်ခြင်း မရှိစေရန် မိုးရာသီအမီ ပြင်ဆင်နေ

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ရေကျော်ခြင်း မရှိစေရန် မိုးရာသီအမီ ပြင်ဆင်နေ
May 25, 2017 Asian Fame

4:46 pm
မုံရွာ-မန္တလေးလမ်းပိုင်းတွင် ရေကျော်ခြင်း မရှိစေရန် မိုးရာသီအမီ ပြင်ဆင်နေ

(ရန်ကုန်၊ မေ ၁၉)

မုံရွာ-မန္တလေး လမ်းပိုင်း၌ နှစ်စဉ် ရေကျော်သည့် နေရာအား ယခုနှစ် မိုးရာသီ အမီ ပြုပြင်သွားမည်ဟု စစ် ကိုင်းတိုင်း အစိုးရ အဖွဲ့က ပြောသည်။

မုံရွာ-မန္တလေး ကားလမ်းရှိ မြင်းမူ မြို့နယ် အလ္လကပ္ပ ကျေးရွာနှင့် မြောင်း လမ်းခွဲကြား နေရာ၌ မိုးကြီးလျှင် အနီးရှိ ချောင်းမှ ရေဝင်သဖြင့် လမ်းမပေါ်သို့ ရေကျော်ကာ ယာဉ်များ သွားလာရ အ ခက်အခဲဖြစ်ကြရသည်။

”အဲဒီနေရာမှာ နှစ်တိုင်း ကားပိတ် တယ်။ လမ်းပန်း ဆက်သွယ်ရေး အခက် အခဲ တော်တော်ဖြစ်တယ်။ အဲဒါကို ဒီနှစ် မိုးရာသီမတိုင်ခင် ပြီးအောင်လုပ် သွားမယ်”ဟု စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။

အဆိုပါ လမ်းပိုင်း၌ ရေကျော်ခြင်း မရှိစေရန် အတွက် ယခုနှစ် မတ်လ အတွင်းက စတင် လုပ်ဆောင်ခဲ့ပြီး မေလကုန်တွင် နှစ်လမ်းသွား အပြီးလုပ် ဆောင်မည်ဖြစ်ကာ မိုးရာသီ မတိုင်ခင် လေးလမ်းသွားအပြီး လုပ်ဆောင်မည် ဟု ၄င်းက ပြောသည်။

လမ်းပိတ်သည့် အတွက် ယင်း လမ်းမတွင် သွားလာ နေကြသည့် ယာဉ် များ အခက်အခဲ ဖြစ်စေပြီး အချိန် ကြန့် ကြာစေကာ ကုန်စည် စီဆင်းမှု လည်း နှောင့်နှေးစေ ကြောင်း ဦးသန်းညွန့်ဝင်း က ပြောသည်။

ယင်းလမ်းပိုင်းတွင် ယခုလ ၁၇ ရက်နေ့ကလည်း မိုးရွာပြီး လမ်းမပေါ် ရေကျော်ခဲ့သည့် အတွက် ကားအစီး တစ်ရာကျော်ခန့် ပိတ်မိ ခဲ့သေးသည်။

လက်ရှိတွင် ယင်းလမ်းပိုင်း၌ ကား ပိတ်မှု ဖြစ်ပွားပါက ဖြေရှင်းနိုင်ရန် ရဲ တပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ စသည်ဖြင့် အင် အား ၇ဝ ဝန်းကျင် ခန့်ကို တာဝန်ပေး ထားကြောင်း ၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ်က အဆိုပါ လမ်းပိုင်း တွင် ရေကျော်ခြင်းကြောင့် ကားပိတ်မှု ၁၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ က ပြောသည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*