ရန်ကုန်တိုင်း လွှတ်တော်မှ ဗိုလ်မှူးချုပ် သိန်းနိုင် အပါအ၀င် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး အစားထိုးပြောင်းလဲ

ရန်ကုန်တိုင်း လွှတ်တော်မှ ဗိုလ်မှူးချုပ် သိန်းနိုင် အပါအ၀င် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး အစားထိုးပြောင်းလဲ
October 31, 2017 Asian Fame

12:21 pm
ရန်ကုန်တိုင်း လွှတ်တော်မှ ဗိုလ်မှူးချုပ် သိန်းနိုင် အပါအ၀င် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး အစားထိုးပြောင်းလဲ

UKyawZayya(ရန်ကုန် ၊ အောက်တိုဘာ ၃၁)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးကို အစားထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အစားထိုးပြောင်းလဲရာမှာ ပြည်သူ့ လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်က တပ်မတော်သားကိုယ်စားလှယ် (၆) ဦးနဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေ ၁၁ ခုက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၀)ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယခုဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း တပ်မတော်သားကိုယ်စားလှယ်အစားထိုးပြောင်းလဲမှုတွေထဲမှာ ယခုအစားထိုးပြောင်းလဲမှုဟာ ဦးရေအများဆုံးဖြစ်နေတာကိုတွေ့နေရပါတယ်။

့ပြည်နယ်နဲ့ တိုင်း လွှတ်တော် ၁၁ ခုက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၀)ဦး အစားထိုးပြောင်းလဲရာမှာတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်သိန်းနိုင် လည်းပါဝင်နေပါတယ်။

သူ့နေရာမှာ ဗိုလ်မှူးကျော်ကျော်ဝိုင်းကို အစားထိုးခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့ နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ” ကျွန်တော့်စိတ်ထင်တော့ ကိုသိန်းနိုင်ကြီးက အသက် ၆၀လည်းနီးနေပြီဗျ။ ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာလည်း သူကျန်းမာရေးသိပ်မကောင်းဘူး။ အဲဒါကြောင့် တပ်မတော်က ပြန်ခေါ်တာဖြစ်နိုင်ပါတယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သားမက်လေ” လို့  ပြောပါတယ်။

PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*