တောင်ကြီးမြို့၊ လုံဝမ်ရွှေဆိုင်မှာ သေနတ်အတုပြုပြီး လုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့

တောင်ကြီးမြို့၊ လုံဝမ်ရွှေဆိုင်မှာ သေနတ်အတုပြုပြီး လုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့
October 26, 2017 Asian Fame

3:30 pm
တောင်ကြီးမြို့၊ လုံဝမ်ရွှေဆိုင်မှာ သေနတ်အတုပြုပြီး လုယက်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့

TG(တောင်ကြီး ၊ အောက်တိုဘာ ၂၆)

တောင်ကြီးမြို့ က လုံဝမ်ရွှေဆိုင် မှာ သေနတ်အတုပြပြီး ရွှေထည်ပစ္စည်းအချို့ လုယက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က Popular News ကို ပြောပါတယ်။

တောင်ကြီးမြို့၊ ရေထွက်ဦးလမ်းမှာရှိတဲ့ လုံဝမ်ရွှေဆိုင်မှာ ဒီကနေ့ နေ့လည် ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား တစ်ဦးဟာ သေနတ်အတုပြပြီး ဆိုင်ထဲမှာရှိတဲ့ ရွှေဆွဲကြိုး ၊ လက်စွပ် လက်ကောက်စတဲ့ရွှေထည်ပစ္စည်းတွေကို လုယူထွက်ပြေးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ တောင်ကြီးမြို့နယ် ရဲစခန်းက နေသိရပါတယ်။

“ပစ္စည်းတွေတော့ မပါသွားဘူး။ တရားခံကို ဖမ်းမိလိုက်ပါပြီ။ တစ်ဦးတည်းပါ။ အခုသူ့ကို စစ်ဆေးနေတယ်။ လောလောဆယ်တော့ ဒီလောက်ပဲပြောလို့ရပါသေးတယ်” လို့ စခန်းရဲ့ တာဝန်ကျ တာဝန်မှူးကပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

အဆိုပါ အမျိုးသားဟာ ရွှေဝယ်မယ်ဆိုပြီး ဆိုင်ထဲကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အခင်းဖြစ်ပွားပြီး ဆိုင်ထဲက ပြန်အထွက်မှာ လုယက်သူကို ဆိုင်ရှင်ဖြစ်သူက လုံးထွေးဖမ်းဆီးခဲ့တာကြောင့် ရွှေထည်ပစ္စည်းတွေ မပါရှိသွားပေမယ့် လူကတော့ လွှတ်မြောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှသာရဲတပ်ဖွဲ့ ကပြန်လည်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*