မောင်တော ကုန်သွယ်ရေးစခန်း ပြန်လည် ဖွင့်လှစ်နေပြီး ဆန်တင်ပို့မှု များစတင်

မောင်တော ကုန်သွယ်ရေးစခန်း ပြန်လည် ဖွင့်လှစ်နေပြီး ဆန်တင်ပို့မှု များစတင်
October 23, 2017 Asian Fame

1:54 pm
မောင်တော ကုန်သွယ်ရေးစခန်း ပြန်လည် ဖွင့်လှစ်နေပြီး ဆန်တင်ပို့မှု များစတင်

MaungTawနေပြည်တော်၊ အောက်တိုဘာ (၂၃)

နယ်မြေ မတည်ငြိမ်မှုများကြောင့် ကုန်သွယ်မှု ရပ်နားထားသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုများ ပြန်လည်ပြုလုပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ခုလဆန်းကစပြီး ဆန်ပြန်တင်ပို့နေပါပြီ ၊မောင်တောက ပို့ကုန်ဘဲအဓိကပါ၊ ဟိုဖက်က ဟုတ်တိပတ်တိ ဘာမှမသွင်းပါဘူး၊ ခုချိန်တော့ မောင်တော ကုန်သွယ်ရေးစခန်းမှာ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကဆိုသည်။

မောင်တော ကုန်သွယ်ရေး စခန်းသည် မြန်မာနှင့်ဘင်္ဂလားဒေရှ့်(၂)နိုင်ငံကုန်သွယ်မှု များဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်။အကြမ်းဖက် အစွန်းရောက်များ၏ တိုက်ခိုက် ဖျက်စီးမှုများကြောင့် မောင်တော ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုများ ယာယီ ရပ်တန့်ခဲ့ပြီးယခုအခါ ပုံမှန်အတိုင်း ပြန်လည်ကုန်သွယ်နေကြောင်း သိရသည်။

မြန်မာနှင့်ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံနယ်စပ်ကုန်သွယါမှုများ ဆောင်ရွက်ရန် စစ်တွေနှင့်မောင်တော ကုန်သွယ်ရေးစခန်းနှစ်ခုကိုဖွင့်လှစ်ထားသည်။မောင်တောကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပြုရာတွင်ပြည်တွင်းမှ ပို့ကုန်များသာ အဓိကတင်ပို့နေပြီးယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၅)သန်းကျော်ဖိုး တင်ပို့ရောင်းချထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*