1:49 pm
နေပြည်တော် ဇွန် (၂၆)
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ တွင် တစ်နိုင်ငံလုံးရှိ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကိုဖျက်စီးခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း(၅၂၃)လီလီယံကျော်ဖိုးအထိရှိခဲ့သည်။၂၀၁၇ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့သည့်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို ရန်ကုန် မန္တလေးနှင့်တောင်ကြီးမြို့များတွင်ယနေ့မီးရှို့ ဖျက်စီးခဲ့ခြင်းဖြစ်သည်။
“မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍကိုအမျိုးသားအဆင့်ဦးစားပေးစီမံချက်တွေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့သက်ဆိုင်ရာဌာနတွေအပြင် ပြည်သူလူထုတစ်ရပ်လုံးကပါ အားတတ်သရောပါဝင်ပေးကြဖို့မေတ္တာရပ်ခံပါတယ်၊ဆေးစွဲနေတဲ့သူတွေကိုလဲ လူ့ဘောင်အသိုက်အဝန်းရဲ့အပြင်ဖက်မှာခွဲခြားဆက်ဆံတာမျိုးမလုပ်ဘဲနွေးနွေးထွေးထွေးနဲ့ပြုပြင်ပေးနိုင်အောင် ပါဝင်ပေးကြစေလိုပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲမှုးကြီးဇော်လင်းထွန်းကဆိုသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားကိုနှစ်စဉ် ဇွန်လ (၂၆)ရက်နေ့တွင်ကျင်းပခဲ့ကြပြီး တစ်နှစ်တာအတွင်းဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်စီးခြင်း၊မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်းများကိုပြုလုပ်လေ့ရှိကြသည်။ယခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်တိုက်ဖျက်ရေးနေ့အခမ်းအနားကို နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့ပြီးဒုတိယသမ္မတ(၁)ဦးမြင့်ဆွေတတ်ရောက်ခဲ့သည်။ယခုနှစ်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်မှာ”Listen FIRST”ဟုသတ်မှတ်ထားသည်။
အောင်ပြည့်စုံ