ယခုနှစ်မူဝါဒဖြင့် လျှောက်ထားသည့် မော်တော်ယာဉ်ပါမစ် သက်တမ်းများနှင့်လျှောက်ထားရမည့်နောက်ဆုံးရက်ကိုမကြာမီကြေညာပေးမည်

ယခုနှစ်မူဝါဒဖြင့် လျှောက်ထားသည့် မော်တော်ယာဉ်ပါမစ် သက်တမ်းများနှင့်လျှောက်ထားရမည့်နောက်ဆုံးရက်ကိုမကြာမီကြေညာပေးမည်
October 23, 2017 Fame Asian

1:11 pm
ယခုနှစ်မူဝါဒဖြင့် လျှောက်ထားသည့် မော်တော်ယာဉ်ပါမစ် သက်တမ်းများနှင့်လျှောက်ထားရမည့်နောက်ဆုံးရက်ကိုမကြာမီကြေညာပေးမည်

1

နေပြည်တော် ၊အောက်တိုဘာ (၂၃)

လာမည့်နှစ်တွင် ဘယ်မောင်းတစ်မျိုးထဲသာ တင်သွင်းရတော့မည်ဖြစ်ပြီးယခုနှစ်မူဝါဒဖြင့် ကားပါမစ်လျှောက်ထားနိုင်သည့် နောက်ဆုံးရက်နှင့်ပါမစ်သက်တမ်းများကို မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(နေပြည်တော်)မှသိရသည်။

“ဘယ်နေ့နောက်ဆုံးလျှောက်ရမယ်၊နောက်ပြီးပါမစ်သက်တမ်းတွေကိုလည်း ဘယ်အချိန်ထိ ပေးမယ်ဆိုတာ အတိအကျကို ဝန်ကြီးဌာနက တရားဝင်ကြေညာပေးပါမယ်၊မကြာမီရက်ပိုင်းအတွင်း ကြေညာမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် ကဆိုသည်။

ယခုနှစ်မူဝါဒဖြင့်ကားတင်သွင်းသည့် ပါမစ်သက်တမ်းများကို သက်တမ်းတိုးခွင့် မည်မျှပေးမည်ဆိုသည့် အချက်ကို ကားတင်သွင်းသူများက စိတ်ဝင်စားလျှက်ရှိနေသည်။

ပုံမှန်အားဖြင့် ကားပါမစ်များကို သုံးလပေးပြီးပထမအကြိမ်သက်တမ်းတိုးပါကနှစ်လနှင့်ဒုတိယအငြိမ်သက်တမ်းတိုးပါကတစ်လစုစုပေါင်း(၆)လအထိ ခွင့်ပြုပေးထားသည်။

ယခုအခါ ရှေ့နှစ်တွင်မူဝါဒအပြောင်းအလည်းကြောင့် ကားပါမစ်သက်တမ်းကိုလည်း ပုံမှန်အတိုင်းခွင့်ပြုမပြုကို စိတ်ဝင်စားလျှက်ရှိနေသည်။

ယခင်ပုံမှန်အတိုင်းသာ ခွင့်ပြုပေးပါက ဒီဇင်ဘာလတွင်လျှောက်ထားသည့် ကားပါမစ်များသည် ရှေ့နှစ်(၆)လပိုင်းအထိသက်တမ်းတိုးပြီး တင်သွင်းခွင့်ရမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*