ငှားပြီး လုပ်ငန်းမလုပ်တဲ့ နိုင်ငံပိုင် အဆောက်အဦး ၊မြေယာတွေကို ပြန်သိမ်းဖို့ တိုင်းအစိုးရ ကိုတိုက်တွန်းကြောင်းအဆို ကိုယ်စားလှယ် ၉ယောက်ထောက်ခံခဲ့ပြီး တိုင်းအစိုးရကဖြေပေးရန် နောက်တစ်ပတ်ရွေ့ ဆိုင်း

ငှားပြီး လုပ်ငန်းမလုပ်တဲ့ နိုင်ငံပိုင် အဆောက်အဦး ၊မြေယာတွေကို ပြန်သိမ်းဖို့ တိုင်းအစိုးရ ကိုတိုက်တွန်းကြောင်းအဆို ကိုယ်စားလှယ် ၉ယောက်ထောက်ခံခဲ့ပြီး တိုင်းအစိုးရကဖြေပေးရန် နောက်တစ်ပတ်ရွေ့ ဆိုင်း
October 19, 2017 Asian Fame

5:24 pm
ငှားပြီး လုပ်ငန်းမလုပ်တဲ့ နိုင်ငံပိုင် အဆောက်အဦး ၊မြေယာတွေကို ပြန်သိမ်းဖို့ တိုင်းအစိုးရ ကိုတိုက်တွန်းကြောင်းအဆို ကိုယ်စားလှယ် ၉ယောက်ထောက်ခံခဲ့ပြီး တိုင်းအစိုးရကဖြေပေးရန် နောက်တစ်ပတ်ရွေ့ ဆိုင်း

1(ရန်ကုန် ၊ အောက်တိုဘာ ၁၉)

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် အဆောက်အဦးများနဲ့ မြေကွက်များကို နည်းလမ်း အမျိုးမျိုးနဲ့ ရယူထားပြီး ဒီနေ့ အထိလုပ်ငန်းမလုပ်တဲ့ ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိတဲ့ နိုင်ငံပိုင် အဆောက်အဦး ၊မြေကွက်များကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်းဖို့ ရန်ကုန်တိုင်
းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်မှာ ကိုယ်စားလှယ် ၉ ဦးကထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး အစိုးရဘက်က အဆိုနဲ့ ပတ်သတ်ပြီး တစ်ခါတည်းဖြေကြားခြင်း မပြုခဲ့ဘဲ လာမယ့်အောက်တိုဘာ ၂၆ ရက်နေ့ မှာ ဖြေကြားပေးသွားမယ် လို့ သိရပါတယ်။

ဒီအဆိုဟာ အောက်တိုဘာ ၃ ရက်နေ့ ကတည်းက တိုင်းလွှတ်တော် ကို မင်္ဂလာတောင်ညွှန့် မြို့ နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက တင်သွင်းခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၁ မှာဆွေးနွေးဖို့ ကြေညာခဲ့ပေမယ့် ကြေညာတဲ့နေ့ မှာ ဆွေးနွေးခွင့်မရဘဲ ဒီကနေ့ မှာ ဆွေးနွေးခွင့်ရခဲ့တဲ့ အဆိုလည်းဖြစ်ပါတယ်။ မှတ်တမ်းတင်ခြင်း(သို့ ) အတည်ပြုခြင်းဆောင်ရွက်နိုင်ဖို့ ကို တစ်လနီးပါးကြာမှာပါ။

” အခုလိုရွှေ့ နေတာကတော့ ပြောရရင်တော့ လွှတ်တော်တွေမှာ ကျွန်တော်တို့ လည်းမကြုံဖူးခဲ့ဘူး အခုမှ ဒီဖြစ်စဉ်မျိုးကြုံဖူးတာရှိတယ် ရည်ရွယ်ချက်တော့ ဆောင်ရွက်နေတဲ့သူတွေပဲသိပါလိမ့်မယ် ကျွန်တော်တို့ ကလည်း ဒီနေ့ ပြတ်လိ့မယ်လို့ ထင်တာ ဒီအဆိုကို။မပြတ်
ဘဲနဲ့ နောက်တစ်ရက်ကိုရွေ့ လိုက်တယ် ” လို့ ဦးလှဌေးက အဆိုကို ဖြေကြားဖို့ ရွေ့ ဆိုင်းတဲ့တိုင်းအစိုးရအပေါ် အမြင်ကိုပြောပါတယ်။

ဒဂုံမြို့ နယ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက အဆိုကိုထောက်ခံဆွေးနွေးရာမှာ ” ကျွန်တော့်ဒဂုံမြို့ နယ်မှာတော့ ဌာနဆိုင်ရာမြေတွေ အများကြီးရှိပါတယ် သို့ သော်လည်း စီမံကိန်းမလုပ်သေးတဲ့မြေတွေ အများကြီးကျန်ပါသေးတယ် ဒီမြေတွေဟာနိုင်
ငံတော်အတွက်အကျိုးရှိအောင်လုပ်ရမှာပါ ဥပဒေကရှိပြီးသားပါ အဆိုဟာ မှတ်တမ်းတင်သည်ဖြစ်စေ အတည်ပြုသည်ဖြစ်စေ အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာတော့ လွှတ်တော်မှာလည်းဝန်ကြီးတစ်ဦးကဖြေသွားပါ
တယ် တစ်ခါတစ်လေကျတော့လည်း ဥပဒေအတိုင်းကြည့်မရဘဲနဲ့ လူမှုရေးအရလည်းကြည့်ရတယ်ဗျဆိုတာ အဲဒါမျိုးတော့မဖြစ်စေချင်ပါဘူး ဥပဒေက ဥပဒေအတိုင်းပဲဖြစ်သင့်ပါတယ်” လို့ ဆွေးနွေးပါတယ်။

၂၀၁၂ ခုနှစ် မြေလွတ် ၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့် ခွဲရေးဥပဒေ ပုဒ်မ ၂၁ မှာ ဗဟိုကော်မတီဟာ မြေလွတ်၊မြေလပ်နဲ့ မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက ဥပဒေပါစည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းတွေ့ ရှိရင် မူလပေးသွင်းထားတဲ့ အာမံကြေး
ငွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ်သိမ်းဆည်းမယ့် အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုလည်း ပြန်လည် ရုပ်သိမ်းခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။

” အဓိက ရည်ရွယ်တာက ဒီနေရာတွေမှာ အကောင်အထည်ဖော်ရင် အလုပ်အကိုင် အခွင့်အလမ်းရမယ် ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ အလုပ် အကိုင်တွေရမယ် မြေတွေ ဧရိယာတွေတွေပေါ်မှာ တကယ်နိုင်ငံတကာ အဆင့်ရှိတဲ့လုပ်ငန်းတွေပေါ်လာရင် ပြည်ပနိုင်ငံမှာသွားပြီးအလုပ်လုပ်နေတဲ့ နိုင်ငံသားတွေပြန်လာပြီး အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးရမယ် ကျွန်တော်တို့ ကတော့ အစိုးရက လုပ်ဆောင်နိုင်တဲ့အခြေအနေမျိုးရှိတယ် ဆောင်ရွက်နိုင်တယ်ဆိုရင်တော့ အမြန်ဆုံးအကောင်အထည်ဖော်လုပ်ဆောင်တာကတော့ အကောင်းဆုံးအခြေအနေပါပဲ ” လို့ အဆိုတင်သွင်းတဲ့ ဦးလှဌေးက သတင်းထောက်တွေကိုပြောပါတယ်။

နိုင်ငံတော်ပိုင်မြေယာတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေ
းဝန်ကြီးဌာနတို့ က စီမံခန့် ခွဲနိုင်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*