မန္တလေးအရေးပေါ်ဌာနက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါကြောင်း တာဝန်ရှိသူပြောဆို

မန္တလေးအရေးပေါ်ဌာနက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါကြောင်း တာဝန်ရှိသူပြောဆို
October 9, 2017 Fame Asian

3:26 pm
မန္တလေးအရေးပေါ်ဌာနက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါကြောင်း တာဝန်ရှိသူပြောဆို

1

မန္တလေး၊အောက်တိုဘာ၉

မန္တလေး အထွေထွေဆေးရုံကြီး အရေးပေါ်ဌာနမှာ ယမန်နေ့ညကဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဆေးရုံမှာစီမံခန့်ခွဲမှုအဖွဲ့တော့ရှိတာပေါ့ဗျာ ဖြစ်စဉ်အပေါ်မေးမြန်းစုံစမ်းနေတာလည်းရှိပါတယ်” လို့ မန္တလေးအထွေထွေဆေးရုံကြီးပြောရေး ဆိုခွင့်ရှိသူကပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၈ ရက် ည ၁၀ နာရီကျော်ခန့်ကဖြစ်ပွားခဲ့တယ်လို့ဆိုတဲ့ မန္တလေး အထွေထွေဆေးရုံကြီး အရေးပေါ်ဌာနရှေ့ ပြဿနာဟာ အရေးပေါ်လူနာတစ်ဦး မိသားစုဝင်တွေနဲ့အတူ အရေးပေါ်ဌာနရောက်ရှိလာစဉ် အရေးပေါ်ဌာနမှအမျိုးသမီးဝန်ထမ်းနှစ်ဦးနဲ့ စကား အခြေအတင်ဖြစ်ခဲ့ပြီး အဲဒီအခိုက်အတန့်မှာပဲ လူနာသေဆုံးမှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီြ့ပဿနာဟာ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ချက်ချင်းပဲပြန့်နှံ့သွားခဲ့တဲ့အတွက် ဖြစ်စဉ်မှန် ဖော်ထုတ်ဖို့အတွက် မန္တလေးအခြေစိုက်သတင်း ထောက်တွေက ဒီနေ့မနက် အစောပိုင်းကတည်း ကြိုးပမ်းနေကြပါတယ်။

ဒီဖြစ်စဉ်အပေါ် ဆေးရုံတာဝန်ရှိသူတွေက သတင်းထောက်တွေနဲ့တွေ့ဆုံပြောကြားဖို့အစီအစဉ်ရှိတယ်လို့သိရပြီး ဒီနေ့ညနေ ၅ နာရီမှာ တရားဝင်ပြောဆိုရှင်းပြသွားဖို့ စီစဉ်ထားတယ် လို့လည်းသိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*