အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်မှုဆန့် ကျင်ရှုံ့ ချရေးနဲ့ ပြည်ပက ၀င်ရောက်စွက်ဖက်မှုရှုံ့ ချရေးဆန္ဒဖော်ထုတ်ပွဲပြုလုပ်

အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်မှုဆန့် ကျင်ရှုံ့ ချရေးနဲ့ ပြည်ပက ၀င်ရောက်စွက်ဖက်မှုရှုံ့ ချရေးဆန္ဒဖော်ထုတ်ပွဲပြုလုပ်
September 18, 2017 Fame Asian

4:01 pm
အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်မှုဆန့် ကျင်ရှုံ့ ချရေးနဲ့ ပြည်ပက ၀င်ရောက်စွက်ဖက်မှုရှုံ့ ချရေးဆန္ဒဖော်ထုတ်ပွဲပြုလုပ်

1

ရန်ကုန် ၊ စက်တင်ဘာ ၁၈

အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်ပြုလုပ်တဲ့ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်မှုဆန့် ကျင်ရှုံ့ ချရေးနဲ့ ပြည်ပက ၀င်ရောက်စွက်ဖက်မှုရှုံ့ ချရေးဆန္ဒဖော်ထုတ်ပွဲကို ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ၊မြို့ တော်ခန်းမရှေ့ မှာ ပြုလုပ်နေပါတယ်။ဆန္ဒဖော်ထုတ်ပွဲကိုလူပုဂ္ဂိုလ်နဲ့ သံဃာ ရာဂဏန်းပမာဏက ပါဝင်ဆန္ဒဖော်ထုတ်ကြပြီး ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး မခံမရပ်နိုင်ဖြစ်လို့ အခုလိုဖော်ထုတ်တာလို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။ရခိုင်ပြည်နယ်မှာ အသတ်ခံလိုက်ရတဲ့ ပြည်သူတွေနဲ့ တပ်မတော်သားတွေရဲ့ ရုပ်ပုံတွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားကြသလို မြန်မာနိုင်ငံတော်အလံကိုလည်း အများအပြားကိုင်ဆောင်ခဲ့ကြပါတယ်။

6

ပြည်တွင်းကို စွက်ဖက်မှုတွေကိုတော့ တို့ က ကာကွယ်တားဆီးသွားမယ်။နိုင်ငံသားတာဝန်ဖြစ်တယ်။လုံးဝ လက်မခံနိုင်ဘူး။ဒါကို အဓိက မက်ဆေ့အနေနဲ့ ပြောချင်တယ်။နောက်တစ်ခါ အရင်ပွဲတွေတုန်းကတော့ ပြောခဲ့ဖူးတယ်။အခုလည်း လိုအပ်သလောက်ထပ်ပြောမယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို နည်းနည်းလေးမှ အထိမခံနိုင်ဘူး။ဒီဥပဒေဟာ တို့ မြန်မာနိုင်ငံကို ကာကွယ်ထားကြတဲ့မဟာ တံတိုင်းကြီးဖြစ်တယ်။ဒီမဟာ တံတိုင်းကြီးကို တို့ ဘာအကြောင်းနဲ့ မှ အဖြိုမခံနိုင်ဘူး” လို့ အမျိုးသားရေးပွဲတော်တော်များများမှာပါဝင်တာတွေ့ ရတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲကို ညနေ ၆ နာရီ အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ဆန္ဒဖော်ထုတ်ပွဲမှာ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုကြောင့်သေဆုံးခဲ့ကြတဲ့ တပ်မတော်သားတွေ၊ပြည်သူတွေအတွက် ၀မ်းနည်းတဲ့အထိမ်းအမှတ် ၂မိနစ် ငြိမ်သက်ခြင်းတို့ ကိုလည်းပြုလုပ်ခဲ့ပါတယ်။

သတင်း၊ဓါတ်ပုံ-ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*