ဦးတင်ဦးဧ။် ကျန်းမာရေး အခြေအနေမကြာမီ သတင်းထုတ်ပြန်မည်

ဦးတင်ဦးဧ။် ကျန်းမာရေး အခြေအနေမကြာမီ သတင်းထုတ်ပြန်မည်
May 19, 2017 Asian Fame

2:27 pm
ဦးတင်ဦးဧ။် ကျန်းမာရေး အခြေအနေမကြာမီ သတင်းထုတ်ပြန်မည်

ut(ရန်ကုန် မေ ၁၉)

ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတဲ့ ဒီချုပ် နာယက ဦးတင်ဦးရဲ့ကျန်းမာရေး အခြေအနေကို
မကြာခင် သတင်း ထုတ်ပြန်ပေးသွားမယ်လို့ ကျန်းမာရေး နဲ့ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ် ။

ဒီကနေ့ မေလ ၁၉ ရက်နေ့ နေ့ လယ်ပိုင်းမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ဇနီး ဒေါက်တာရွှေလွမ်း၊ ၀န်ကြီးဒေါက်တာမြင့်ထွေး ၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းတို့နဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းတို့ ဦးတင်ဦးကို လာရောက် ကြည့်ရှုခဲ့ကြပါတယ် ။

“ဆေးရုံကြီးကပဲ မကြာခင် သတင်းထုတ်ပြန်ပေးသွားမှာပါ ။ မဟုတ်ရင် သို့ လောသို့ လော နဲ့ ဟိုပြော ဒီပြောနဲ့ လေ။ ကျွန်တော်လည်း ၀မ်းသာပါတယ် ။ အခြေအနေက မဆိုးဘူး။ ကောင်းပါတယ်’’ လို့ ဒေါက်တာမြင့်ထွေးကပြောပါတယ် ။

ဦးတင်ဦးဟာ (မေလ ၁၇) ရ က်နေ့ ည ၁၁ နာရီကျော်ကျော်မှာ နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကုသနေရတာ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြော ပိတ်တာဖြစ်ပြီး သူ့ မှာ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါ အခံရှိနေ တယ် လို့  ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုကပြောကြားထားပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ -အောင်နိုင်စိုး (ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*