အခြေခံကျောင်း ၅၀၀၀ ကျော်တွင် လိုအပ်နေသာ ဆရာ/မ ဦးရေအတွက် နေ့စားလပေးများခန့်မည်

အခြေခံကျောင်း ၅၀၀၀ ကျော်တွင် လိုအပ်နေသာ ဆရာ/မ ဦးရေအတွက် နေ့စားလပေးများခန့်မည်
July 24, 2017 Fame Asian

4:01 pm
အခြေခံကျောင်း ၅၀၀၀ ကျော်တွင် လိုအပ်နေသာ ဆရာ/မ ဦးရေအတွက် နေ့စားလပေးများခန့်မည်

df

နေပြည်တော် ၊ ဇူလိုင် ၂၄

တစ်နိုင်ငံလုံးရှိ အခြေခံကျောင်းပေါင်း ၅၀၀၀ကျော်တွင် လိုအပ်နေသော ဆရာ/မ များအတွက်နေ့စားလပေးဆရာ/မ များ ဖြည့်ဆည်းခန့်ထားရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ဒေသခံတွေကို ဦးစားပေးခန့်ထားမည်ဖြစ်ပြီး လိုအပ်သည့်သင်တန်းများလည်း ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။


ဇူလိုင်လ ၂၄ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး၏ “၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ထက်/လယ်/မူ ကျောင်းပေါင်း ၅၀၀၀ ကျော်ကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ရာ အဆိုပါကျောင်းများအတွက် လိုအပ်သောဆရာ ၊ ဆရာမ ၊ ဝန်ထမ်း ပြည့်စုံစွာ တိုးမြှင့်ခန့်ထားနိုင်ရန် အစီအမံများဆောင်ရွက်ထားခြင်း ရှိမရှိနှင့် မခန့်ထားနိုင်ပါသေးလျှင် ခန့်ထားနိုင်အောင် ပညာရေးဝန်ကြီးဌာနမှ မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်နေသည်ကို သိလိုခြင်း”မေးခွန်းကို ဒုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။


ယင်းအပြင် ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာနအနေ နှင့် အခြေခံပညာကျောင်းများမှာ ဆရာ ၊ ဆရာမခန့်ထားရာတွင် ဆရာနဲ့ကျောင်းသားအချိုးမျှတစေရေး ၊ ဘာသာရပ်ကိုက်ညီမှု့ ရှိစေရေးစသည့် အချက်များကို အဓိကထားထည့်သွင်းစဉ်းစားပြီး ဘဏ္ဍငွေရရှိမှုအပေါ် မူတည်ဖြည့်ဆည်းခန့်ထားပေးသွားမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*