လေကြောင်း၊အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တောင်းဆိုချက်များမှ အများစုကို ပညာရေးဝန်ကြီးခွင့်ပြု

လေကြောင်း၊အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တောင်းဆိုချက်များမှ အများစုကို ပညာရေးဝန်ကြီးခွင့်ပြု
August 11, 2017 Fame Asian

5:30 pm
လေကြောင်း၊အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ တောင်းဆိုချက်များမှ အများစုကို ပညာရေးဝန်ကြီးခွင့်ပြု

20664158_1942315629355341_8013585950133958360_nရန်ကုန် ၊ သြဂုတ် ၁၁

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(MAEUSU )ရဲ့ တောင်းဆိုချက်တွေထဲက စာသင်ဆောင်အသစ် ၊တက္ကသိုလ်စာကြည့်တိုက် ၊ အားကစားပစ္စည်းလိုအပ်ချက် တွေကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကလက်ခံ ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဒေါက်တာမျိုးသိမ်းကြီး နဲ့ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့တွေ့ဆုံပြီး အခုကိစ္စတွေ ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သမဂ္ဂMAEUSU ကနေသိရပါတယ်။

တွေ့ဆုံရာမှာ MAEUSU မှကျောင်းစာကြည့်တိုက်ရှိ ဘာသာရပ်ဆိုင်ရာစာအုပ်စာတမ်းများအား ကျောင်းသားများကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုငှားရမ်းနိုင်ရေး ၊စာသင်ခန်းများ ပြည့်စုံလုံလောက်မှုမရှိခြင်းနဲ့ နောက်ဆက်တွဲ အခက်အခဲတွေ၊ အားကစားကဏ္ဍ လိုအပ်ချက်တွေ ၊ ပိုမိုအားကောင်းတဲ့ Wi-Fi လိုင်း ရရှိရေး၊ တက္ကသိုလ်ကောင်စီမှာ ကျောင်းသား ကိုယ်စားလှယ်/ ဆရာကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရရှိရေး စတဲ့အချက်တွေ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီအပေါ်မှာ ပညာရေးဝန်ကြီးက တက္ကသိုလ်စာကြည့်တိုက်မှာ စာအုပ်စင်တွေနဲ့ ဘာသာရပ်အသီးသီးအတွက် ကျပ်သိန်း ၂၀ တန်ဖိုးရှိ စာအုပ်စာတမ်းတွေ ဖြည့်တင်းပေးဖို့ စီစဉ်ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားများကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးချယ် ဖတ်ရှုနိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၊စာသင်ခန်းလိုအပ်ချက်နဲ့ ပတ်သက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ စာသင်ဆောင်အသစ် (တောင်ပံ) ရရှိရေး အဆိုပြုပေးမှာဖြစ်ကြောင်း ၊အားကစားကဏ္ဍအတွက် Table-tennis ခုံတစ်ခုံ၊ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင် အစရှိတဲ့ Indoor game တွေအတွက် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူဖို့ ဘတ်ဂျက်ငွေကို ယခုပညာသင်နှစ် အတွင်းမှာ ခွင့်ပြုပေးမှာဖြစ်ကြောင်း၊ အဆိုပါ ဘက်ဂျက်ငွေကို ဆရာ/ ကျောင်းသားတွေ ပါဝင်တဲ့ အားကစားကော်မတီတစ်ခုဖွဲ့စည်းပြီး ညှိုနှိုင်း သုံးစွဲကြဖို့ ပြန်လည်ပြောကြားခဲ့တယ်လို့ MAEUSU ကဆိုပါတယ်။

“တက္ကသိုလ်ကောင်စီ ကိစ္စကတော့ ၀န်ကြီးပြန်ပြောတာက ကျောင်းရဲ့ စီမံခန့်ခွဲမှုအစည်းအဝေးတွေမှာ တက်ဖို့ အခက်အခဲရှိရင် ကျွန်တော်တို့နဲ့ ပါချုပ်ကြား ညှိနှိုင်းပေးမယ် လို့ ပြောပါတယ်” လို့ MAEUSU ရဲ့ ဒုဥက္ကဌ ကိုကျော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် Indoor game တွေအတွက် မြေနေရာ (200′ × 100′) အကျယ်ရှိ Steel Structure အမိုး ရရှိရန် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ပျက်စီးယိုယွင်းနေတဲ့ Ground tennis ကွင်းကို ပြန်လည် ပြုပြင် အသုံးပြုနိုင်ဖို့အတွက် အင်ဂျင်နီယာတွေ စေလွှတ်ကာ ညှိုနှိုင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း အင်တာနက်လိုင်းပိုမို ကောင်းမွန်စေဖို့ Myanmar-E Groupနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ၊ E- Library အကောင်အထည် ဖော်နိုင်ဖို့အထိ စီစဉ်ပေးမယ့်အကြောင်း ပညာရေးဝန်ကြီးကပြောကြားခဲ့တယ်လို့ သိရပါတယ်။

Ye lwin
Photo-MAEUSU

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*