ငြိမ်းစုစီ ဥပဒေ ပြဌာန်းပြီး ၅ နှစ်ကျော် ကာလ အတွင်း ဆန္ဒထုတ်ဖော်မှု ၃၀၀၀ ကျော်ရှိခဲ့

ငြိမ်းစုစီ ဥပဒေ ပြဌာန်းပြီး ၅ နှစ်ကျော် ကာလ အတွင်း ဆန္ဒထုတ်ဖော်မှု ၃၀၀၀ ကျော်ရှိခဲ့
August 4, 2017 Asian Fame

12:23 pm
ငြိမ်းစုစီ ဥပဒေ ပြဌာန်းပြီး ၅ နှစ်ကျော် ကာလ အတွင်း ဆန္ဒထုတ်ဖော်မှု ၃၀၀၀ ကျော်ရှိခဲ့

strike(နေပြည်တော် ၊ ဇူလိုင် ၄)

လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ငြိမ်း/စုစည်း ဥပဒေ ပြဌာန်းပြီးနောက် ပိုင်း ဆန္ဒထုတ်ဖော်မှု ၃၀၇၄ ရှိတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ မြေပုံ မဲဆန္ဒနယ် မှ ဦးဖေသန်း မေးမြန်းခဲ့တဲ့ ” (ငြိမ်း/စု/စီ) ဥပဒေ ပြဋ္ဌာန်း ပြီးနောက် ယခုအချိန်ထိ တစ်နိုင်ငံလုံး တရားဝင် ဆန္ဒထုတ်ဖော်မှုပေါင်း မည်မျှ ရှိပါသနည်း၊” မေးခွန်းကို ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

ဆန္ဒ ထုတ်ဖော်မှုတွေ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ ၁၃၁ မှု ၊ ၂၀၁၃ ခုနှစ်မှာ ၄၄၃ မှု ၊ ၂၀၁၄ ခုနှစ်မှာ ၈၄၈ မှု ၊ ၂၀၁၅ ခုနှစ်မှာ ၇၀၇ မှု ၊ ၂၀၁၆ ခုနှစ်မှာ ၅၇၃ ၊ ၂၀၁၇ခုနှစ် ဇူလိုင်လကုန်ထိ ၃၇၂ မှု ရှိတယ်လို့ ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ငြိမ်းစုစီဥပဒေ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်ပြဌာန်းပြီး ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ နည်းဥပဒေပြဌာန်း ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ငြိမ်းစုစီ ဥပဒေကို အသစ်ပြန်လည် ပြဌာန်းခဲ့ပြီး လက်ရှိမှာတော့ နည်းဥပဒေ အသစ်ရေးဆွဲနေတယ် လို့သိရပါတယ်။

SLM ၊ YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*