ပဲခူးပြည်သူ့ဆေးရုံ အတွင်းရှိ ဂိတ်တဲပေါက်တွင် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး

ပဲခူးပြည်သူ့ဆေးရုံ အတွင်းရှိ ဂိတ်တဲပေါက်တွင် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး
July 28, 2017 Asian Fame

12:13 pm
ပဲခူးပြည်သူ့ဆေးရုံ အတွင်းရှိ ဂိတ်တဲပေါက်တွင် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံး

(ပဲခူး ၊ ဇူလိုင် ၂၈)

ပဲခူးမြို့ ၊ပြည်သူ့ဆေးရုံကြီး အတွင်းမှာရှိတဲ့ ဂိတ်တဲတစ်ခု ရဲ့ဝင်ပေါက်မှာ အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဒီကနေ့ မနက် အစောပိုင်း ကဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့မ ရဲစခန်းရဲ့တာဝန်ကျ တာဝန်မှူး ကပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

သေဆုံးသူရဲ့ နာမည်ကို မသိရှိရသေးကြောင်းနဲ့ လက်ရှိ အလောင်းကို ဆေးရုံ ရင်ခွဲရုံမှာ သွားရောက် စစ်ဆေးမှု ပြုလုပ်နေတယ်လို့ တာဝန်မှူး ရဲအရာရှိက ပြောပါတယ်။

အလျား /အနံ ၆ ပေလောက်ရှိ တဲ့ဂိတ်တဲ အတွင်းမှာ အနီရောင် လွယ်အိတ် တစ်လုံးရဲ့ကြိုးနဲ့ ကြိုးဆွဲ ချသေဆုံးနေတာဖြစ်တယ် လို့ သိရပါတယ်။

သေဆုံးမှုနဲ့ပတ်သတ်ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*