ပတ်စ်ပို့စာအုပ်ပြန်တောင်းသည့်မြန်မာလုပ်သား၂ ဦးကို အလုပ်ရှင်က သေနတ်ဖြင့်ခြိမ်းခြောက် မောင်းထုတ်

ပတ်စ်ပို့စာအုပ်ပြန်တောင်းသည့်မြန်မာလုပ်သား၂ ဦးကို အလုပ်ရှင်က သေနတ်ဖြင့်ခြိမ်းခြောက် မောင်းထုတ်
July 26, 2017 Fame Asian

11:55 am
ပတ်စ်ပို့စာအုပ်ပြန်တောင်းသည့်မြန်မာလုပ်သား၂ ဦးကို အလုပ်ရှင်က သေနတ်ဖြင့်ခြိမ်းခြောက် မောင်းထုတ်

ရန်ကုန်၊ ဇူလိုင် ၂၆

ထိုင်းနိုင်ငံ ဆူန်ခလာခရိုင် ဟတ်ယိုင်မြို့ ဘန့်ဖလူး နယ်မြေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂ ဦးဟာ အလုပ်ဆက်မလုပ်နိုင်တာကြောင့် အလုပ်ကနေ ထွက်တော့မယ်လို့ပြောပြီး နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ စာအုပ်ပြန်တောင်းရာမှာ အလုပ်ရှင်က သေနတ်နဲ့ခြိမ်းခြောက်မောင်းထုတ်ခဲ့တယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN က နေသိရပါတယ်။

အဲ့ဒီဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်သမားဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုနဲ့ လုပ်အားခပြသာနာတွေမကြာခဏကြုံ တွေ့နေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို MWRN ကသွားရောက်လေ့လာရာမှာ အခုကိစ္စကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ MWRN ကဆိုပါတယ်။အလုပ်ထွက်တော့မယ်လို့ အလုပ်ရှင်ထံမှာ ခွင့်တောင်းပြီး အလုပ်ရှင်သိမ်းဆည်းထားတဲ့ တရားဝင်စာရွက်စာတမ်း ပတ်စ်ပို့များကို ပြန်လည်တောင်းဆို ရာမှာ အလုပ်ရှင်ကမပေးပဲ သေနတ်နဲ့ ခြိမ်းခြောက် အလုပ်ခွင်ကနေ မောင်းထုတ်ခဲ့တာလို့ ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာဋ္ဌာနတွေကို အဆင့်ဆင့်တိုင်ကြားကူညီဆောင်ရွက်ပေးသွားမယ်လို့ MWRN ကသတင်းထုတ်ပြန်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*