ယာဉ်မတော်တဆမှုကြောင့် ကရင် ၀န်ကြီးချုပ် ဘယ်ခြေသလုံးရိုးကျိုး၊ ဆေးကုသမှု ခံယူရန် ရန်ကုန်ကို လာနေ

ယာဉ်မတော်တဆမှုကြောင့် ကရင် ၀န်ကြီးချုပ် ဘယ်ခြေသလုံးရိုးကျိုး၊ ဆေးကုသမှု ခံယူရန် ရန်ကုန်ကို လာနေ
July 14, 2017 Asian Fame

11:39 am
ယာဉ်မတော်တဆမှုကြောင့် ကရင် ၀န်ကြီးချုပ် ဘယ်ခြေသလုံးရိုးကျိုး၊ ဆေးကုသမှု ခံယူရန် ရန်ကုန်ကို လာနေ

DawNangKhinHtweMyint(ဘားအံ၊ ဇူလိုင် ၁၄)

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဟာ ဒီကနေ့ မနက်က ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ဘယ် ဘက်ခြေ သလုံးရိုးကျိုး သွားခဲ့တယ်လို့ ပြည်နယ် အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာ/စည်ပင်သာယာရေး ၀န်ကြီးရဲ့ PSO က ပေါ်ပြူလာ နယူးစ်ကို အတည်ပြု ပြောကြားပါတယ်။

ဒီကနေ့ ကျင်းပမယ့် တောင်ကလေး ဆရာတော် ဒေါက်တာအရှင်ပညာသာမိရဲ့ (၅၇) နှစ်ပြည့်မွေးနေ့ပွဲကို အသွားမှာ ၀န်ကြီးချုပ် စီးနင်း လာတဲ့ မော်တော်ယာဉ်ဟာ တိုက်ရော့ပြုတ်ပြီး အခုလို မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လောလောဆယ် ၀န်ကြီးချုပ်ကို ဘားအံ ဆေးရုံမှာ ကုသနေတယ်လို့ အခင်းဖြစ်ပွားတဲ့ နယ်မြေ အပိုင် ရဲစခန်းဖြစ်တဲ့ တောင်ကလေး စက်မှုဇုန် ရဲစခန်းက ပြောပါတယ်။

“ကျွန်တော်တို့ ဖြစ်စဉ်ကိုတော့ တင်လိုက်ပြီ။ လောလောဆယ်တော့ ဒီကိစ္စ နဲ့ပတ်သတ်ပြီး အမှုဖွင့် ဆောင်ရွက်တာ တစ်စုံတစ်ခု မရှိသေး ပါဘူး” လို့ စခန်းရဲ့ တာဝန်ကျတာဝန်မှူးရဲ ကပြောပါတယ်။
ဝန်ကြီးချုပ်ကို ရန်ကုန်ဆေးရုံကို ပို့ဆောင် ကုသမယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ လတုန်းကလည်း ဧရာဝတီ ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ပုသိမ်ကနေ နေပြည်တော်ကို အစည်းအဝေးတက်ဖို့လာရင်း ယာဉ်မတော်တဆမှုဖြစ်လို့ ရန်ကုန်ဆေးရုံကို တက်ရောက်ကုသမှု ခံယူခဲ့ရပါသေးတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*