ရခိုင်ပြည်နယ်ကို ဘင်္ဂလီတွေ ထပ်ပြီး ခိုးမ၀င်နိုင်တော့ဘူးလို့ လ၀က အမြဲတမ်း အတွင်းဝန်ပြော

ရခိုင်ပြည်နယ်ကို ဘင်္ဂလီတွေ ထပ်ပြီး ခိုးမ၀င်နိုင်တော့ဘူးလို့ လ၀က အမြဲတမ်း အတွင်းဝန်ပြော
July 11, 2017 Asian Fame

2:34 pm
ရခိုင်ပြည်နယ်ကို ဘင်္ဂလီတွေ ထပ်ပြီး ခိုးမ၀င်နိုင်တော့ဘူးလို့ လ၀က အမြဲတမ်း အတွင်းဝန်ပြော
Rakhine

ဓါတ်ပုံ – ကျော်ကျော် (AF)

(နေပြည်တော် ၊ ဇူလိုင် ၁၁)

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ် အတွင်းကို ခိုးဝင် ဘင်္ဂလီတွေ လုံးဝ ထပ်မရှိဘူးတော့ဘူးလို့ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့ လဝက ကနေ နယ်စပ်တွေမှာ အပြည့်အဝ လုံခြုံရေးယူ ဆောင်ရွက်နေပါတယ် ၊ တပ်မတော်စစ်ကြောင်းတွေ ကလည်း အပြည့်အဝ လုံခြုံရေးယူထားလို့ လက်ရှိ အချိန်မှာတော့ ခိုးဝင်ဘင်္ဂလီတွေ လုံးဝ မရှိပါဘူး။”လို့ သူက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်မှာပြုလုပ်ကျင်းပတဲ့ ကမ္ဘာ့ လူဦးရေနေ့ အခမ်းအနား အပြီးမှာ ပေါ်ပြူလာ နယူးစ် သတင်းဌာနက မေးမြန်းတာကို အတည်ပြုပြောကြားခဲ့တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နဂိုရှိနေသော ဘင်္ဂလီများရဲ့ ကိုယ်ရေး အချက်အလက်ကိုလည်း ကောက်ခံနိုင်ခဲ့ကြောင်း သူက ထပ်ပြောပါ တယ်။

“သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေ ကောက်ခံနိုင်ခဲ့တယ်။ အဓိက ကတော့ ကျွန်တော် တို့မြန်မာနိုင်ငံကို သူတို့ အနေနဲ့ တရားဝင်ဘယ်ချိန် ကတည်းက ရောက်နေလဲ ဆိုတာ မှတ်တမ်းတင်တဲ့ အနေနဲ့ National verification ကဒ်တွေ ထုတ်ပေးနေတာ လည်းဖြစ်ပါတယ်။”လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*