ဖိနှိပ်ခံတောင်သူများအရေးအတွက် ရာနှင့်ချီတောင်သူများ မန္တလေးတိုင်းအစိုးရကိုဆန္ဒပြ

ဖိနှိပ်ခံတောင်သူများအရေးအတွက် ရာနှင့်ချီတောင်သူများ မန္တလေးတိုင်းအစိုးရကိုဆန္ဒပြ
June 29, 2017 Asian Fame

12:58 pm
ဖိနှိပ်ခံတောင်သူများအရေးအတွက် ရာနှင့်ချီတောင်သူများ မန္တလေးတိုင်းအစိုးရကိုဆန္ဒပြ

1

မန္တလေး၊ဇွန်၂၉

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး ဒေသအသီးသီးကရာနဲ့ချီတဲ့တောင်သူတွေဟာ ဒီနေ့(ဇွန် ၂၉ ရက်)မနက်ပိုင်းက မန္တလေးမြို့ မန္တ လေးတောင်ခြေအနီး စန္ဒာမုနိဘုရားပရ၀ုဏ်မှာစုရပ်လုပ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရကို လာရောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“တောင်သူတွေဖိနှိပ်ခံနေရတဲ့ပြဿနာတွေအပေါ် အကြိမ်ကြိမ်တင်ပြပေမယ့်လည်း လစ်လျူရှုတာကများတယ်၊ အခုအထိထွက်ပြေးတိမ်းရှောင်နေရတဲ့ တောင်သူတွေရှိတယ်၊ ဖမ်းဆီးခံတရားစွဲခံထားရတဲ့တောင်သူတွေ တောင်သူအရေးကူညီသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါ၊ တရားစွဲဆိုထားတာတွေ ကိုလည်းပြန်ရုတ်သိမ်းပါ၊ သိမ်းဆည်းထားတဲ့လယ်ယာမြေနဲ့ပတ်သက်ပြီး သေချာပြန်စစ်ပေးပါ၊ ဒါကိုပဲကျွန်တော်တို့က အကြိမ်ကြိမ်တောင်းဆိုနေကြ တာပါ၊ မရမချင်းတောင်းဆိုသွားမှာလည်းဖြစ်ပါတယ်” လို့ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူကိုအောင်သူကပြောပါတယ်။

လယ်သိမ်းခံတောင်သူတွေအပေါ် မတရားတဲ့ပုဒ်မတွေနဲ့တရားစွဲဆိုနေတာတွေ၊ ဖမ်းဆီးချုပ်နှောင်နေတာတွေအတွက် ကျေနပ်မှုမရှိကြလို့ အခုလိုစု ပေါင်းဆန္ဒဖော်ထုတ်ကြတာလို့သိရပြီး ဒေသအတွင်းရှိလယ်ယာမြေသိမ်းဆည်းခံ တရားစွဲဆိုခံ အဖိနှိပ်ခံတောင်သူလယ်သမား ၃၀၀၀ ကျော်ရဲ့ ပြည်ထောင်စုအစိုးရနဲ့နိုင်ငံတော်သိစေဖို့ ဆန္ဒဖော်ထုတ်ကြတာဖြစ်တယ်လို့ ၄င်းတို့ရဲ့တရားဝင်အသိပေးအကြောင်းကြားစာအရသိရပါတယ်။

အဖိနှိပ်ခံ မတရားဖမ်းဆီးချုပ်နှောင်ခံနေကြရတဲ့ လယ်ယာမြေသိမ်းဆည်းခံနေရမှုပြဿနာအ၀၀ကို မတရားဖမ်းဆီးချုပ်နှောင်နေတာဟာ နိုင်ငံရေးနည်း နဲ့ဖြေရှင်းနေတာမဟုတ်ဘဲ အဓမ္မနည်းတွေနဲ့ဖြေရှင်းနေတာသာဖြစ်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။
“ဒီနေ့ဆန္ဒပြပွဲကနေသပိတ်စခန်းဖွင့်ပြီးတော့လည်းတောင်းဆိုသွားကြမှာပါ၊ ရက်အကန့်အသတ်မရှိပါ၊ မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေ သိမ်းဆည်းခံ မတရားတရားစွဲဆိုခံ အဖိနှိပ်ခံတောင်သူ ၃၀၀၀ ကျော်ရဲ့ပြဿနာတွေကို ပြည်ထောင်စုအစိုးရကိုယ်တိုင်ဖြေရှင်းပေးဖို့တောင်းဆိုသွားမှာ ပါ” လို့လည်း ၄င်းကဆိုပါတယ်။

ဒီနေ့ဆန္ဒဖော်ထုတ်မှုမှာ ပြင်းထန်တဲ့တောင်းဆိုမှုတွေလည်းပါဝင်ပြီး တိုင်းဒေသကြီးအစိုးရရုံးအနီးအထိ ချီတက်ဆန္ဒဖော်ထုတ်ကြတဲ့တောင်သူတွေဟာ သပိတ်စခန်းတစ်ခုနဲ့ဆက်လက်ဆန္ဒဖော်ထုတ်ဖို့လည်းစီစဉ်နေကြတယ်လို့သိရပြီး သုဓမ္ဓာဇရပ်တန်းအနီးသပိတ်စခန်းဖွင့်သွားမှာလို့လည်း ဦးဆောင်သူ တစ်ချို့ကဆိုပါတယ်။

လယ်ယာမြေကို မူလတောင်သူတွေဆီကိုသာ ပြန်လည်ပေးအပ်ဖို့လည်း ဆန္ဒပြတောင်သူတွေကတောင်းဆိုခဲ့ကြပြီး ဒီပြဿနာကို နိုင်ငံတော်သမ္မတ နဲ့ ပြည်ထောင်စုအဆင့်သိစေဖို့ ဆန္ဒဖော်ထုတ်ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*