လေပြင်းကြောင့် ပဲခူးတွင် စာသင်ဆောင် ၁ခု ပြိုလဲ၊စာသင်ချိန်မဟုတ်၍ ကလေးများ ထိခိုက်မှုမရှိ

လေပြင်းကြောင့် ပဲခူးတွင် စာသင်ဆောင် ၁ခု ပြိုလဲ၊စာသင်ချိန်မဟုတ်၍ ကလေးများ ထိခိုက်မှုမရှိ
June 20, 2017 Asian Fame

3:59 pm
လေပြင်းကြောင့် ပဲခူးတွင် စာသင်ဆောင် ၁ခု ပြိုလဲ၊စာသင်ချိန်မဟုတ်၍ ကလေးများ ထိခိုက်မှုမရှိ

pagu

ပဲခူး၊ဇွန် ၂၀

ဇွန်လ ၁၉ ရက်နေ့ မနက် ၃နာရီအချိန်ခန့်က ပဲခူးမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဥဿာ မြို့သစ် (၄)ရပ်ကွက် အတွင်းရှိ အမက(၄)မူလွန်ကျောင်းက စာသင်ဆောင်တစ်ဆောင်ပြိုလဲခဲ့သည်။ယင်းစာသင်ဆောင်သည် ဟောင်းနွမ်းဆွေးမြေ့ နေသည့် အဆောင်တစ်ဆောင်ဖြစ်သည်ဟု ပြည်ထဲရေးက သတင်းထုတ်ပြန်သည်။ပြိုလဲခဲ့သော အလျား(၆၃)ပေ၊ အနံ(၁၆)ပေ၊ အမြင့်(၉)ပေခန့်ရှိ ပျဉ်ကာ၊ သွပ်မိုး ကျောင်းဆောင် တွင် KG တန်းနှင့် ပထမတန်း ကျောင်းသား/သူများ ပညာသင်ကြားနေကြသည်။လက်ရှိတွင် ကျောင်းသား/သူများအား အဆိုပါကျောင်းဘေးရှိ ဒုတိယတန်းကျောင်းဆောင်တွင် ခေတ္တပြောင်းရွှေ့ သင်ကြားပေးနေသည်ဟု သိရသည်။

၀၅၁

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*