၂၉ ကြိမ်မြောက် SEA Games တွင် မြန်မာက ကစားနည်း ၂၉ မျိုးပါဝင်ယှဉ်ပြိုင်မည်

၂၉ ကြိမ်မြောက် SEA Games တွင် မြန်မာက ကစားနည်း ၂၉ မျိုးပါဝင်ယှဉ်ပြိုင်မည်
June 13, 2017 Asian Fame

4:42 pm
၂၉ ကြိမ်မြောက် SEA Games တွင် မြန်မာက ကစားနည်း ၂၉ မျိုးပါဝင်ယှဉ်ပြိုင်မည်

190

ရန်‌ကုန်‌၊ ဇွန်‌ ၁၃

၂၀၁၇ ခုနှစ်‌၊၂၉ ကြိမ်‌‌မြောက်‌ အ‌ရှေ့‌တောင်‌အာရှ SEA Games ပြိုင်‌ပွဲအား မ‌လေးရှားနိုင်‌ငံ ကွာလာလမ်‌ပူမြို့တွင်‌ သြဂုတ်‌လ ၁၉ ရက်‌‌နေ့မှ ၃၀ ရက်‌‌နေ့အထိ ကျင်းပသွားမည်‌ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ၂၉ မျိုးပါဝင်ယှဉ်ပြိုင်မည်ဟု အားကစားနှင့်‌ ကာယဦးစီးဌာန၏‌ကျောင်းအုပ်‌ကြီး ဦးစိုး‌အောင်‌က‌ပြောသည်‌။

၂၉ကြိမ်‌‌မြောက်‌ အ‌ရှေ့‌တောင်‌အာရှSEA Gamesပြိုင်‌ပွဲတွင်‌ အားကစားနည်း ၃၈မျိုးပါဝင်‌ပြီး နိုင်‌ငံ‌ပေါင်း ၁၁နိုင်‌ငံမှ တာဝန်‌ရှိသူများနှင့်‌ အားကစားသမားများ‌ထောင်‌နှင့်‌ချီ ဝင်‌‌ရောက်‌ ယှဉ်‌ပြိုင်‌မည်‌ဖြစ်‌သည်‌။ယင်း SEA Gamesပြိုင်‌ပွဲတွင်‌ မြန်‌မာနိုင်‌ငံမှ အားကစားနည်း၃၈မျိုးတွင်‌ အားကစားနည်း၂၉နည်းပါဝင်‌ယှဉ်‌ပြိုင်‌မည်‌ဖြစ်‌သည်‌။လက်‌ရှိအ‌နေဖြင့်‌ ‌နေပြည်‌‌တော်‌တွင်‌ အားကစားနည်း ၁၅နည်းအတွက်‌ အားကစားသမား ၃၈၅ဦး၊ရန်‌ကုန်‌တွင်‌ အားကစားနည်း ၁၆နည်းအတွက်‌ အားကစားကမား၅၃၂ဦး ‌လေ့ကျင့်‌‌နေ‌ကြောင်း အားကစားနှင့်‌ ကာယဦးစီးဌာန၏‌ကျောင်းအုပ်‌ကြီး ဦးစိုး‌အောင်‌က‌ပြောသည်‌။

“ကျွန်‌‌တော်‌တာဝန်‌ခံတဲ့လှေ‌လှော်‌အားကစားနည်းကကွာလာလမ်‌ပူမှာ မပါ‌တော့မြန်‌မာနိုင်‌ငံက ဆုတံဆိပ်‌တခုရဖို့ အားနည်းချက်‌ဖြစ်‌သွားတာ‌ပေါ့။အားကစားသမားစုစု‌ပေါင်း ၄၀၀‌ကျော်‌‌ဝင်‌ပြိုင်‌မှာပါ။”ဟု ဦးစိုး‌အောင်‌က‌ပြောသည်‌။

ယင်းSEAပြိုင်‌ပွဲတွင်‌ ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်‌မည့်‌ မြန်‌မာအသင်းကို 100PLUS ‌ရေဓာတ်‌ဖြည့်‌အချိုရည်‌မှ Go Fo Gold အစီအစဉ်‌ဖြင့်‌ ကျပ် သိန်း ၁၃၀၀ ကူညီပံ့ပိုသွားမည်‌ဟု F&Nမြန်‌မာမှ မြန်‌မာနိုင်‌ငံ မန်‌‌နေဂျာဖြစ်‌သူ Mr.Freddy Oh က‌ပြောသည်‌။ယင်းအစီအစဉ်‌သည်‌ ၂၉ကြိမ်‌‌မြောက်‌အားကစားပြိုင်‌ပွဲမှ အားကစားနည်းများကို ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်‌မည့်‌ မြန်‌မာအားကစားသမားများကို ‌ရွှေတံဆိပ်‌ရရှိပါက ‌ငွေ ၅သိန်း၊‌ငွေတံဆိပ်‌ရပါက ‌ငွေ၂သိန်း၊‌ကြေးတံဆိပ်‌ရပါက ‌ငွေ ၁သိန်းကျပ်‌ ချီးမြှင့်‌‌ပေးမည်‌ဖြစ်‌သည်‌။

“ကျွန်‌‌တော်‌တို့ဒီအစီအစဉ်‌ကျင်းပတာ သုံးကြိမ်‌‌ရှိပါပြီ။အခုက‌တော့ အားကစားသမား‌တွေ‌လေ့ကျင့်‌‌နေတာ‌တွေ ပြည်‌သူ‌တွေသိ‌အောင်‌ အပိုင်း ၁၃ ပိုင်းပါတဲ့ အစီအစဉ်‌‌လေးနဲ့ MRTVမှာ အပတ်‌စဉ်‌ စ‌နေ‌နေ့ည‌နေခင်းသတင်းအပြီး ထုတ်‌လွှင့်‌သွားမှာပါ။”ဟု Mr.Freddy Oh က‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*