အမေစု အသက်ရာချီကျန်းမာစေဖို့ သစ်ပင်ရာချီ စိုက်ပျိုးသွားမယ်

အမေစု အသက်ရာချီကျန်းမာစေဖို့ သစ်ပင်ရာချီ စိုက်ပျိုးသွားမယ်
June 7, 2017 Asian Fame

4:39 pm
အမေစု အသက်ရာချီကျန်းမာစေဖို့ သစ်ပင်ရာချီ စိုက်ပျိုးသွားမယ်

subirthday

ရန်ကုန် ဇွန် ၇

မကြာမီကျရောက်တော့မယ့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၇၂ ပြည့်မွေးနေ့ မှာ အမေစု အသက်ရာချီကျန်းမာစေဖို့ ရည်ရွယ်ပြီး သစ်ပင်ရာနဲ့ ချီ စိုက်ပျိုးသွားမယ်လို့ ဒဂုံမြို့ သစ် (တောင်ပိုင်း)မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

ယခုလ ၁၉ ရက်နေ့ မှာ ကျရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဒဂုံမြို့ သစ်တောင်ပိုင်းမှာရှိတဲ့ နွမ်းပါးကလေးငယ် အနည်းဆုံးတစ်ရာခန့် ကိုအာဟာရဒါနပြုလုပ်သွားဖို့ ရှိပြီး သပြေပင်၊ပိတောက်ပင်စတဲ့ အရိပ်ရအပင်များကို ရာနဲ့ ချီစိုက်ပျိုးသွားမယ်လို့ သူကပြောပါတယ်။

” အမေရဲ့ မွေးနေ့ မှာ အမေ အသက်ရာနဲ့ ချီပြီး နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရာလည်းရောက်အောင်ပြည်သူတွေလည်း နောင်အရိပ်ရအောင်ဆိုပြီး သစ်ပင်တွေ ရာနဲ့ ချီပြီး စိုက်ပျိုးသွားမှာပါ”လို့ ဦးညီညီကပြောပါတယ်။ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့ နယ်အပြင် အခြားသော မြို့ နယ်များမှာလည်း သစ်ပင်တွေစိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ကျောက်တံတားမြို့ နယ်မှာတော့ထုံးစံမပြတ် စတုဒိသာကျွေးမယ်လို့ ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို လွှတ်တော်ဝန်းထဲက I-12 အဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*