ဝင်းကိုကိုလတ်နှင့် အပေါင်းအပါ များကို ပြန်လွှတ်ပေးရန် လူဦးရေ ၄၀ ခန့် တရားရုံးရှေ့၌ ဆန္ဒပြ

ဝင်းကိုကိုလတ်နှင့် အပေါင်းအပါ များကို ပြန်လွှတ်ပေးရန် လူဦးရေ ၄၀ ခန့် တရားရုံးရှေ့၌ ဆန္ဒပြ
June 1, 2017 Asian Fame

2:27 pm
ဝင်းကိုကိုလတ်နှင့် အပေါင်းအပါ များကို ပြန်လွှတ်ပေးရန် လူဦးရေ ၄၀ ခန့် တရားရုံးရှေ့၌ ဆန္ဒပြ

S(ရန်ကုန် -ဇွန် ၁)

နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ ကမာရွတ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝင်းကိုကိုလတ် အပါအဝင် ၄ဦး ကို ချက်ချင်းပြန် လွှတ်ပေးဖို့ ဇွန်လ ၁ရက်နေ့ မွန်းလွဲပိုင်းမှာ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ ၄၀ ဦးခန့်က တရားရုံးရှေ့ မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် ၄ ဦးကို ဒီကနေ့မှာ ၃ ကြိမ်မြောက် အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ရာမှာ ၄င်းတို့က ဝန်းရံဆန္ဒဖော်ထုတ် ကြတာပါ။  ဆန္ဒဖော်ထုတ်ခဲ့တဲ့ သူတွေဟာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ သာဖြစ်ပြီး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ယခင်မဘသ) အဖွဲ့နဲ့သက်ဆိုင်ခြင်း မရှိဘူးလို့ ပါဝင် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဆရာတော် ဦးတေဇဝန္တ ကမိန့် ပါတယ်။  ဒါ့အပြင် အမျိုးသားရေး ဦးဆောင် လှုပ်ရှားသူ ဦးစန်းလွင် ၊ဦးမျိုးသိုက် တို့က တရားရုံးရှေ့ မှာ ဟောပြောမှုတွေပြုလုပ် ခဲ့ပါတယ်။

“ဘင်္ဂလီကို ရိုဟင်ဂျာ ဟုသုံးနှုန်းမှု ချက်ချင်းရပ်၊ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများအား ဖိနှိပ်မှုချက်ချင်းရပ်၊ မတရား ဖမ်းဆီးခံ ထားရသော အမျိုးသားရေး သမား ချက်ချင်းလွှတ် ” စတာတွေကို ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ် ခဲ့ကြတာဖြစ်ပါတယ် ။  ပြီးခဲ့တဲ့နှစ်က အမေရိကန် သံရုံးရှေ့မှာ ရိုဟင်ဂျာ မရှိဘူးလို့ ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဆရာတော် ဦးပါမောက္ခ၊ ဦးသုစိတ္တ ၊ဦးဝင်းကိုကိုလတ် တို့ပါ ၇ ဦးကို ပုဒ်မ ၁၉ ၊ ပုဒ်မ ၅၀၅( ခ)တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ် ။

  ဖြိုးထက်အောင်

ဓာတ်ပုံ-ခွန်လတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*