လေပြင်းကြောင့် ပျက်စီးခဲ့သောကျောင်းများ အချိန်မီ ပြန်ဖွင့်နိုင်ရေး လုပ်ဆောင်

လေပြင်းကြောင့် ပျက်စီးခဲ့သောကျောင်းများ အချိန်မီ ပြန်ဖွင့်နိုင်ရေး လုပ်ဆောင်
June 1, 2017 Asian Fame

1:54 pm
လေပြင်းကြောင့် ပျက်စီးခဲ့သောကျောင်းများ အချိန်မီ ပြန်ဖွင့်နိုင်ရေး လုပ်ဆောင်

school(ရန်ကုန် ၊ ဇွန် ၁)

မိုရာမုန်တိုင်း အဖျားခတ် တိုက်ခတ်မှုကြောင့် ပျက်စီး သွားသော စာသင်ကျောင်းများအချိန်မီ စာသင်ကြားနိုင်ရေး အတွက် သွပ်နှင့် အခြား အထောက်အပံ့ လိုအပ်ချက်များကို ဆောင်ရွက် ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန မှသိရသည် ။

မြို့နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များဖြင့် လုပ်ဆောင်ပေးနေခြင်း ဖြစ်ပြီး  ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ များဖြင့် ဆောင်ရွက်နေကြောင်း သိရသည် ။

မေလ ၂၉ ရက်နေ့က မိုရာမုန်တိုင်း အဖျားခတ် တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် အိမ် ၁၈၆ လုံး လုံးဝ ပျက်စီးခဲ့ပြီး တစ်စိတ် တစ်ပိုင်း ပျက်စီးမှုမှာ အိမ်ခြေ ၈၄၂ လုံး ရှိခဲ့ကြောင်း သိရသည် ။

မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး ၊ မင်းပြား နှင့် မြေပုံမြို့ နယ် တို့တွင် စာသင်ကျောင်း ၃ ကျောင်းစီ ပျက်စီးခဲ့ပြီး မြေပုံမြို တွင် စက်လှေ ၂၁ စီး ပျက်စီးသွားကြောင်း ၊ ယင်းဒေသများအပြင် စစ်တွေ ၊ ကျောက်တော် ၊ရမ်းဗြဲ ၊မာန်အောင် ၊ ပေါက်တော နှင့် မောင်တောမြို့ များတွင် လည်း အိမ်များအမိုးလန်ခြင်း ၊ ဓာတ်တိုင်လဲခြင်း နှင့် ဆိုင်းဘုတ်လဲခြင်းများပါဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အိမ်ခြေ ၁၆၃ လုံး လုံးဝပျက်စီးသွားခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးမှုမှာ အိမ်ခြေ ၇၇၆ လုံးရှိခဲ့ကာ ပျက်စီးဆုံးရူံးမှု အများ ဆုံးဖြစ်သည် ။ အလားတူ ဘာသာရေး အဆောက်ဦး ၃ လုံး လုံးဝ ပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးမှုမှာ ၂၀ လုံး နှင့် အစိုးရ ရုံးများ ၊အခြေခံပညာ ကျောင်းပျက်စီးမှု များလည်း ရှိခဲ့ကြောင်း အထက်ပါ ဌာနမှ သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းတွင် အိမ်၂၂လုံး လုံးဝ ပျက်စီးပြီး အိမ်ခြေ ၁၄ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း ၊ ချင်းပြည်နယ်တွင် အိမ်ခြေ တစ်စိတ် တစ်ပိုင်း ၅၂ လုံးပျက်စီးခဲ့သည် ဟုသိရသည် ။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*